Zawgyi Font Version

နောက်ဆုံးထွက်ထားတဲ့ iPhone XS နဲ့ Pixel 2 XL တို့ရဲ့ Camera တွေကိုယှဉ်ပြထားတဲ့ Article တွေ Video Comparison တွေကြည့်ပြီး အံ့သြနေကြမယ်ထင်ပါတယ်။ ထွက်ထားတာကြာပြီဖြစ်ပြီး နောက်ဆက်တွဲ Series ထပ်ထုတ်တော့မယ့် Pixel 2 ရဲ့ Camera ဟာ iPhone အသစ်တွေထက်ပိုသာနေတာက စဉ်းစားစရာပါ။ ကျွန်တော်တို့တွေ iPhone XS ရဲ့ Camera Quality ကို အများကြီးမျှော်မှန်းခဲ့ကြပေမယ့်လည်း Google ရဲ့ Flagship ဖုန်းအဟောင်း ဖြစ်တဲ့ Pixel 2 ကိုတောင်မယှဉ်နိုင်တဲ့အချက်က အားမရစရာပါ။ အမှန်တရားကခါးတယ်ဆိုသလို တစ်ချို့ Apple Fan တစ်ချို့ကတော့ အမှန်တရားကို လက်မခံနိုင်ကြသေးပါဘူး။ နောက်ပြီး iPhone အသစ်တွေမှာသုံးထားတဲ့ AI အခြေခံ Smart HDR ဟာ Google ရဲ့ HDR+ နည်းပညာနဲ့အခြေခံသွားတူနေပါတယ်။ တိုက်ဆိုင်တာပဲဖြစ်မှာပါ။

Pixel 2 Camera ဘာလို့ အဲ့လောက်ကောင်းနေရလဲ? အဖြေကတော့ ထင်သလောက်မရိုးရှင်းပါဘူး။ အခြေခံအားဖြင့် Software နဲ့ Hardware နှစ်ခုစလုံးကို အချိတ်အဆက်မိမိ အသုံးပြုနိုင်တဲ့အတွက် Camera Quality အရမ်းကောင်းနေတယ်လို့ဆိုနိုင်ပါတယ်။ ဖုန်းတစ်လုံးရဲ့ Camera Quality ကောင်းမွန်ဖို့အဓိက အချက်က Hardware နဲ့ Software အချိတ်အဆက်မိဖို့ပါ။ Pixel 2 မှာတစ်ခြား Flagship တွေမှာသုံးတဲ့ Sony ကထုတ်တဲ့ Camera Sensor တွေသုံးထားပေမယ့် Camera Module ကိုအသုံးချနိုင်စွမ်းကတော့ တစ်ခြားဖုန်းတွေထက်သာလွန်ခဲ့ပါတယ်။

Pixel 2 Camera ဟာ အခုခေတ်စားနေတဲ့ AI Camera System ကိုအသုံးပြုထားပြီး တစ်ခြား Smartphone အများစုလိုတော့ AI နာမည်တပ်ခြင်းမရှိပါဘူး။ လူ့ဦးနှောက်ပုံစံအတိုင်း Camera ကချိန်လိုက်တဲ့ မြင်ကွင်းတိုင်းကို Snapdragon 835 SoC မှာပါတဲ့ AI Engine ကသိရှိနားလည်ပြီး အပြင်လောက ကရုပ်ထွက်အတိုင်းရရှိအောင် Enhance ပြုလုပ်ပေးပါတယ်။ အဆိုပါ AI Engine ဟာ Snapdragon ရဲ့ Hexagon DSP ပေါ်မှာအခြေခံပါတယ်။

အဲ့တော့ အတိုချုံးပြောရရင် Pixel 2 ရဲ့ Camera Quality ကောင်းမွန်တဲ့အချက်က Snapdragon SoC တွေရဲ့ Hexagon DSP ကို အပြည့်အဝ အသုံးချနိုင်စွမ်းကြောင့်ပါ။ Hexagon DSP ဆိုတာ Program ရေးဆွဲနိုင်တဲ့ Digital Signaling Processor ဖြစ်ပြီး Camera Function တွေရော သီချင်းနားထောင်တဲ့အခါ အသံထွက်ကောင်းမွန်ဖို့ကိုပါ သူကကိုင်တွယ်ပေးပါတယ်။ Xiaomi တွေရဲ့ နာမည်ကြီး Dirac HD နဲ့ Zenfone 5 ရဲ့ DTS: Headphone X လို Sound System တွေဟာ Hexagon DSP ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Google ဟာ Qualcomm ရဲ့ Hexagon DSP ရဲ့ Structure ကိုအသေးစိတ်ကျကျနားလည်ထားပြီး Hexagon DSP ရဲ့ Potential ကို 100% အသုံးချနိုင်တဲ့အတွက် Camera Quality အရမ်းကောင်းတာပါ။

Pixel ဖုန်းတွေမှာ HDR+ နဲ့ HDR+ Enhanced ဆိုတဲ့ အလန်းစား Camera Feature တွေဟာ Hexagon DSP ကိုအသုံးပြုထားတာဖြစ်ပြီး ကိုယ်ရိုက်တဲ့ Scene ပေါ်လိုက်ပြီး အလင်းအမှောင်၊ အသေးစိတ်ကျမကျ၊ ရိုက်မယ့် အရာဝတ္ထု စတဲ့ အချက်တွေကို AI ကသိရှိနားလည်ပြီး အကောင်းဆုံး အနေအထားရရှိအောင် ဆယ်ပုံနဲ့အထက် ပုံပေါင်းများစွာရိုက်ကူးပေးပါတယ်။ အဆိုပါပုံတွေကိုပြန်လည်ပေါင်းစည်းပေးပြီး လိုအပ်တဲ့ချိန်ညှိမှုတွေတစ်ခါတည်းပြုလုပ်ပေးလို့ ရလဒ်အနေနဲ့ အံ့မခန်းရုပ်ပုံ အရည်အသွေးမျိုးရရှိစေတာပါ။ Google ဟာအဆိုပါ Feature ကိုစမ်းသပ်အသုံးပြုလာတာကြာပြီဖြစ်ပြီး Pixel ဖုန်းတွေရဲ့ Camera ပိုင်းအတွက် Research ပြုလုပ်ဖို့ကို ငွေကြေးအမြောက်အများအသုံးပြုထားပါတယ်။ ဖုန်းတစ်လုံးမှာ Camera အရည်အသွေးဟာ အရမ်းအရေးပါလာတော့မယ်ဆိုတာကို Google ဟာအစောကြီးကတည်းကကြိုတင်သိမြင်ခဲ့ပါတယ်။

Pixel Phone တွေနာမည်ကြီးရတဲ့ အချက်ကတော့ Pixel ဖုန်းတွေကို Pixel Theme နဲ့ လှလှပပအသုံးပြုနိုင်ပေမယ့် Original Stock Android ရဲ့ အသွင်အပြင်မကွယ်ပျောက်သွားစေလို့ပါ။ Android ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Google ကထုတ်တာမို့ Software Update တွေ မြန်မြန်ဆန်ဆန်ရရှိပါတယ်။ iPhone တွေလို Plus Version မှ Camera နှစ်လုံးပါတာမဟုတ်ပဲ Size သေးပဲဝယ်ဝယ် Size ကြီးပဲဝယ်ဝယ် တူညီတဲ့ Camera Quality မျိုးရရှိပါတယ်။ ဒုတိယမြောက် Camera Lens အဖြစ် Telephoto Lens ပါမှ Portrait ရိုက်လို့ရတယ်ဆိုတဲ့အစဉ်အလာကို Pixel Phone တွေက ချိုးဖောက်ခဲ့ပြီး AI အကူအညီနဲ့အတူ ပထမဦးဆုံး Single Lens Camera နဲ့ Portrait တွေ၊ Bokeh တွေရိုက်လို့ရတဲ့ဖုန်းတစ်လုံးဖြစ်လာပြီး Portrait Photo တွေရိုက်တဲ့အခါ Telephoto Lens ပါဝင်တဲ့ Dual Camera ဖုန်းတွေထက်တောင် သပ်ရပ်ကောင်းမွန်နေတာတွေ့ရပါတယ်။ Pixel 2 တောင်အဲ့လောက်ကောင်းမွန်နေရင် နောက်ထပ်ထွက်မယ့် Pixel 3 Camera ကတော့ စွမ်းသည်ထက်စွမ်းလာမယ့်အနေအထားမှာရှိပါတယ်။ အဲ့တော့ နောက်လမှဟကျင်းပမယ့် Google Event ကို စောင့်မျှော်လိုက်ရအောင်။

Unicode Version