တရုတ်နိုင်ငံ အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ပြီးခဲ့တဲ့ မေလ ၃၁ရက် နေ့က Mi 8, Mi 8 SE, Mi 8 Explorer Edition စတဲ့ စမတ်ဖုန်းတွေနဲ့ အတူ Mi Band Series ရဲ့ မော်ဒယ်သစ် Mi Band 3 ကို ပါ မိတ်ဆက် ပေးခဲ့ပါတယ်။

Mi Band 3 ကို စတင် ရောင်းချပြီး ၁၇ ရက် အကြာမှာ အလုံးရေ တစ်သန်းကျော် ရောင်းချခဲ့ရတဲ့ အထိ အောင်မြင်မှု ရခဲ့တာကြောင့် အခုအခါမှာတော့ Xiaomi အနေနဲ့ Mi Band 3 Explorer Edition လို့ အမည်ရတဲ့ နောက်ထပ် မော်ဒယ် အသစ်တစ်ခု ကို ထပ်မံ မိတ်ဆက်ပေးဖို့ ကြံစည်နေတဲ့ ပုံပါပဲ။


မနေ့တုန်းက Xiaomi ရဲ့ Brand အခွဲ Mijia မှ Mi Band 3 Explorer Edition လို့ ယူဆရတဲ့ ပုံရိပ်တွေ ကို Weibo အကောင့်မှာ ဖော်ပြ သွားခဲ့ပါတယ်။ အသစ် မိတ်ဆက် ပေးသွားမယ့် Mi Band 3 Explorer Edition မော်ဒယ် အသစ်မှာ Translucent Rubber Strap လို့ ခေါ်တဲ့ ဖောက်ထွင်း မြင်နိုင်တဲ့ ရာဘာ ကြိုး ကို အသုံးပြု ပေးထားပါတယ်။


Display ပိုင်းမှာတော့ OLED Display ကို ဆက်လက် အသုံးပြု ပေးထားပြီး အခြား Specifications တွေမှာလည်း မေလ ၃၁ ရက်နေ့ က မိတ်ဆက် သွားခဲ့ပြီး လက်ရှိ ဈေးကွက်ထဲမှာ လူကြိုက်များနေတဲ့ Mi Band 3 ရဲ့ Specifications တွေကိုပဲ Mi Band 3 Explorer Edition မှာ ဆက်လက် အသုံးပြုလာနိုင်ပါတယ်။

လက်ရှိ အချိန်မှာ Mi Band 3 ကို Black, Orange, Blue စတဲ့ အရောင် သုံးမျိုး နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ ကန်ဒေါ်လာ ၂၅ ဒေါ်လာ၊ မြန်မာနိုင်ငံ ဈေးကွက်မှာ ၄၀၀၀၀ကျပ် ဝန်းကျင်နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။


Xiaomi အနေနဲ့ NFC အသုံးပြုနိုင်တဲ့ Mi Band 3 မော်ဒယ် အသစ်ကို စက်တင်ဘာလ အတွင်းမှာ မိတ်ဆက် ပေးသွားမှာ ဖြစ်တာကြောင့် Xiaomi Mi Band 3 Explorer Edition ကို NFC အသုံးပြုနိုင်တဲ့ မော်ဒယ် အဖြစ် မိတ်ဆက် သွားမလား ဒါမှမဟုတ် သီးခြား မော်ဒယ် တစ်ခု အဖြစ် မိတ်ဆက် သွားမလာ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

REF: Gizmo China