Zawgyi

ASUS ရဲ႕ Zenfone 5Z ဟာ Snapdragon 845 SoC အသံုးျပဳေစ်းအေပါဆံုး ဖုန္းေတြထဲက တစ္လံုးျဖစ္ခဲ့့ျပီး OnePlus 6 တို႔လို Flagship Killer ေတြထက္ ေစ်းသက္သာတဲ့အတြက္ ပိုက္ဆံအမ်ားၾကီး မသံုးရပဲ Flagship Level ကိုမွ အသံုးျပဳခ်င္တဲ့ Budget သမား ေတြအတြက္ ေရြးခ်ယ္စရာ ဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။ Android Oreo အေျခခံ Zen UI 5.0 နဲ႔ ထြက္လာခဲ့ျပီး အေတာ္ေလး အသံုးျပဳလို႔ေကာင္းတဲ့ UI တစ္ခုျဖစ္ျပီး MIUI နဲ႔ တန္းတူ ယွဥ္ႏိုင္ခဲ့ပါတယ္။ ေနာက္ဆံုးရ သတင္းတစ္ခုအရ Zenfone 5Z အတြက္ Android Pie Update ကို ေနာက္ႏွစ္ ဇန္နဝါရီလ ဒုတိယ အပတ္မွာ ရရွိေတာ့မွာျဖစ္တယ္လို႔သိရပါတယ္။

Android Pie Update နဲ႔အတူ Zen UI ဗားရွင္းပါ ျမင့္လာမွာျဖစ္ျပီး Android Pie ရဲ႕ Feature အလန္းေတြျဖစ္တဲ့ Adaptive Battery နဲ႔ Navigation Gesture ေတြကိုပါ ရရွိမွာပါ။ အနည္းငယ္ေနာက္က်မွ ထြက္လာတဲ့အတြက္ Android Pie ရဲ႕ ေနာက္ထပ္ Feature အလန္းတစ္ခုျဖစ္တဲ့ Digital Well Being ဆိုတဲ့ ဖုန္းကို အလြန္အကြ်ံအသံုးျပဳတက္တဲ့သူေတြကို အကူအညီေပးမယ့္ Feature တစ္ခုပါ ပါဝင္လာမယ္လို႔ေမွ်ာ္လင့္ရပါတယ္။ Zenfone 5Z ရဲ႕ စြမ္းေဆာင္ရည္ နိမ့္တဲ့ ဗားရွင္းျဖစ္တဲ့ Zenfone 5 အတြက္လည္း ေနာက္ႏွစ္ဇန္နဝါရီ ဝန္းက်င္မွာထြက္လာႏိုင္ပါတယ္။ Zenfone 5 Series ဟာ AI အသားေပးဖုန္းတစ္လံုးျဖစ္ျပီး ကင္မရာနဲ႔ စြမ္းေဆာင္ရည္ပိုင္းမွာသာ AI နည္းပညာကို အသံုးျပဳထားတာမဟုတ္ပဲ Display ပိုင္း ရုပ္ထြက္မွန္ဖို႔နဲ႔ အားသြင္းစနစ္ပိုင္းမွာေတာင္ AI နည္းပညာကို အသံုးျပဳထားပါတယ္။

Ref: GSM Arena

Unicode

ASUS ရဲ့ Zenfone 5Z ဟာ Snapdragon 845 SoC အသုံးပြုဈေးအပေါဆုံး ဖုန်းတွေထဲက တစ်လုံးဖြစ်ခဲ့ပြီး OnePlus 6 တို့လို Flagship Killer တွေထက် ဈေးသက်သာတဲ့အတွက် ပိုက်ဆံအများကြီး မသုံးရပဲ Flagship Level ကိုမှ အသုံးပြုချင်တဲ့ Budget သမား တွေအတွက် ရွေးချယ်စရာ ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Android Oreo အခြေခံ Zen UI 5.0 နဲ့ ထွက်လာခဲ့ပြီး အတော်လေး အသုံးပြုလို့ကောင်းတဲ့ UI တစ်ခုဖြစ်ပြီး MIUI နဲ့ တန်းတူ ယှဉ်နိုင်ခဲ့ပါတယ်။ နောက်ဆုံးရ သတင်းတစ်ခုအရ Zenfone 5Z အတွက် Android Pie Update ကို နောက်နှစ် ဇန်နဝါရီလ ဒုတိယ အပတ်မှာ ရရှိတော့မှာဖြစ်တယ်လို့သိရပါတယ်။

Android Pie Update နဲ့အတူ Zen UI ဗားရှင်းပါ မြင့်လာမှာဖြစ်ပြီး Android Pie ရဲ့ Feature အလန်းတွေဖြစ်တဲ့ Adaptive Battery နဲ့ Navigation Gesture တွေကိုပါ ရရှိမှာပါ။ အနည်းငယ်နောက်ကျမှ ထွက်လာတဲ့အတွက် Android Pie ရဲ့ နောက်ထပ် Feature အလန်းတစ်ခုဖြစ်တဲ့ Digital Well Being ဆိုတဲ့ ဖုန်းကို အလွန်အကျွံအသုံးပြုတက်တဲ့သူတွေကို အကူအညီပေးမယ့် Feature တစ်ခုပါ ပါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။ Zenfone 5Z ရဲ့ စွမ်းဆောင်ရည် နိမ့်တဲ့ ဗားရှင်းဖြစ်တဲ့ Zenfone 5 အတွက်လည်း နောက်နှစ်ဇန်နဝါရီ ဝန်းကျင်မှာထွက်လာနိုင်ပါတယ်။ Zenfone 5 Series ဟာ AI အသားပေးဖုန်းတစ်လုံးဖြစ်ပြီး ကင်မရာနဲ့ စွမ်းဆောင်ရည်ပိုင်းမှာသာ AI နည်းပညာကို အသုံးပြုထားတာမဟုတ်ပဲ Display ပိုင်း ရုပ်ထွက်မှန်ဖို့နဲ့ အားသွင်းစနစ်ပိုင်းမှာတောင် AI နည်းပညာကို အသုံးပြုထားပါတယ်။

Ref: GSM Arena