ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ Social Media applications မျိုးစုံကို အသုံးပြုပြီး ဆက်ဆံနေရပါတယ်။ အဲ့ဒီလိုအခြေအနေတွေမှာ Social applications မျိုးစုံကနေ ဝင်ရောက်လာတဲ့ Messages တွေဟာ လုပ်ငန်းခွင်မှာဆိုရင် အချို့ App တွေမှာ ဖုန်းမှာဆိုရင်အဆင်ပြေပေမယ့် ကွန်ပျူတာမှာဆိုရင် Application တွေဟာထင်သလောက် အဆင်မပြေတာကို ကြုံတွေ့ဖူးမှာပါ။

ဒါပေမယ့် ယခု All-in-One Messenger ဟာ အဆိုပါပြဿနာတွေကို အနည်းနဲ့အများဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

All-in-One Messenger ဟာ Google Chrome Web app တစ်ခုဖြစ်ပြီး မည်သည့် Windows, Mac OS, Linux ဒါမှမဟုတ် Chrome OS ကွန်ပျူတာမှာမဆိုအလုပ်လုပ်မှာဖြစ်ပါတယ်။ All-in-One Messenger ကို စတင်အသုံးပြုတော့ဆိုရင် ယခု Link (https://chrome.google.com/webstore/detail/all-in-one-messenger/lainlkmlgipednloilifbppmhdocjbda) ဒါမှမဟုတ် Chrome Web Store မှာ All-in-One Messenger လို့ရိုက်ရှာပြီး ရယူနိုင်မှာဖြစ်ပါတယ်။

အရွယ်အစားအနေနဲ့ 1.43Mb သာရှိတဲ့ All-in-One Messenger ကို သွင်းပြီးလို့ စတင်အသုံးပြုတော့မယ်ဆိုရင် All-in-One Messenger ကနေ လက်ရှိ Support ပြုလုပ်နေတဲ့ Chat Client ၃၁ ခုကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ Chat Client တွေထဲမှာ လူသုံးများတဲ့ WhatsApp, Google Hangouts, Facebook Messenger, TweetDeck, WeChat, Steam Chat, Telegram, Skype, Yahoo Messenger, Slack, Tencent QQ စတဲ့ Chat Client တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

All-in-One Messenger မှာ ကိုယ်အသုံးပြုချင်တဲ့ Chat Client တွေကို Set-up ပြုလုပ်ပြီးရင် သတိထားမိမှာက All-in-One Messenger ဟာ Facebook Messenger, Hangouts တို့မှာဆိုရင် web version ဖြစ်တဲ့ messenger.com နဲ့ hangouts.google.com တို့ကို Application အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ တစ်ခုကောင်းတာတစ်ခုက Client တစ်ခုကို အရေအတွက်အကန့်အသတ်မရှိ (ဥပမာ – Messenger account ၂ ခု ၃ ခု) အသုံးပြုနိုင်မှာပါ။

All-in-One Messenger ကို အသုံးပြုတဲ့နေရာမှာ Setting အများအပြားမပါဝင်ပဲ အသုံးပြုထားတဲ့ Chat Client တွေရဲ့ Notifications တွေနဲ့ အသံကို အပိတ်အဖွင့်ပြုလုပ်နိုင်တာ၊ Chat Client ကို ဖျက်ပစ်နိုင်တာ စတဲ့ Setting တွေပဲ ပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် All-in-One Messenger ဟာ Chat Client တွေကို Windows Key + 1,2,3 Number Key တွေတွဲနှိပ်ပြီး Chat Client တွေကို ခေါ်နိုင်တာ၊ Ctrl+Shift Key နဲ့ Tab Key ကို နှိပ်ပြီး Chat Client တွေကို ပြောင်းလဲနိုင်တဲ့ Shortcut Key တွေကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ကွန်ပျူတာကနေ Application တစ်ခုထဲကနေ အသုံးပြုမှုများပြားတဲ့ Social app တွေကို အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် All-in-One Messenger ဟာ မသုံးကြည့်ရသေးရင် ကျိန်းသေစမ်းသပ်သုံးစွဲကြည့်သင့်တဲ့ Application တစ်ခုလို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။