Zawgyi
Apple အနေနဲ့ iPhone X မိတ်ဆက်တုန်းက iPhone ၊ Apple Watch နဲ့ AirPods တွေကို တပြိုင်နက်ထဲ အားသွင်းနိုင်မယ့် AirPower Charger ကိုပါမိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။
Ref – The Verge
Unicode
Apple ရဲ့ ပြီးခဲ့တဲ့ ၂နှစ်တုန်းက iPhone X မိတ်ဆက်တုန်းက iPhone ၊ Apple Watch နဲ့ AirPods တွေကို တပြိုင်နက်ထဲ အားသွင်းနိုင်မယ့် AirPower Charger ကိုပါမိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။
တကယ်တမ်းကြတော့ Apple အနေနဲ့ အဆိုပါ AirPower ကို ၁ နှစ်ခွဲလောက်ကြာတဲ့အထိ ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ဘဲ Production ပိုင်းအခက်အခဲတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ AirPower ကို တရားဝင် Cancel ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ Apple ကနေ AirPower လိုမျိုး iPhone ၊ Apple Watch နဲ့ AirPods တွေကို တပြိုင်ထဲအားသွင်းနိုင်မယ့် Mophie အမှတ်တံဆိပ် Wireless Charger ကို ရောင်းချတော့မှာပါ။ ဒါကတော့ Dual Wireless Charging Pad ($99.95) နဲ့ 3-in-1Wireless Charging Pad ($139.95) တွေပဲဖြစ်ပြီးတော့ Apple Store တွေနဲ့အတူ Apple Website မှာပါ ရောင်းချသွားမှာဖြစ်ပါတယ်။
ဒီ Mophie 3-in-1Wireless Charging Pad က AirPower လိုမျိုးပဲ iPhone ၊ Apple Watch နဲ့ AirPods တွေကို အားသွင်းပေးနိုင်တယ်ဆိုပေမယ့် သူ့နေရာနဲ့သူ ထားပြီးမှ အားသွင်းနိုင်မှာပါ။ အဲ့ဒါကြောင့် ဒီအတိုင်း ကြိုက်တဲ့နေရာမှာ တင်ထားလိုက်ရုံနဲ့ အားသွင်းနိုင်တဲ့ AirPower လောက်တော့ Design အရရော၊ Function ပိုင်းအရရော သိပ်ပြီး မတူညီဘူးလို့ ပြောလို့ရပါတယ်။
ဘာပဲဖြစ်ဖြစ် Apple Certified လည်းဖြစ်တယ်၊ ကိုယ့်ရဲ့ Apple Devices တွေကို တစ်နေရာထဲမှာ အားသွင်းချင်တယ်ဆိုရင်တော့ ဒီ Mophie 3-in-1 Wireless Charging Pad ကရွေးချယ်စရာတစ်ခုဖြစ်မှာပါ။
Ref – The Verge