Zawgyi





Ref – GSM Arena

Unicode

Qualcomm ကနေ အခုပဲ လက်ရှိစွမ်းဆောင်ရည်အကောင်းဆုံး Mobile Processor ဖြစ်တဲ့ Snapdragon 855 ထက်တောင် Gaming Performance ၁၅ ရာခိုင်နှုန်းလောက်ပိုကောင်းတဲ့ Snapdragon 855+ Processor ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခု Qualcomm က မိတ်ဆက်ပြီးချင်းချင်းမှာတင် ASUS ကနေ မကြာခင် မိတ်ဆက်တော့မယ့် ROG Phone 2 မှာ ဒီ Snapdragon 855+ Processor ကို သုံးလာမယ်ဆိုတာ အတည်ပြုလိုက်ပါပြီ။

ASUS က မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ ပထမဆုံး Gaming Phone ဖြစ်တဲ့ ROG Phone မှာတုန်းကလည်း Qualcomm နဲ့ ပူးပေါင်းပြီး တခြားသော စမတ်ဖုန်းတွေမှာသုံးနေတဲ့ Snapdragon 845 Processor အစား 2.96GHz အထိ Overclock လုပ်ထားတဲ့ Snapdragon 845 ကို သုံးစွဲခဲ့တာကြောင့် မနှစ်ကလည်း စွမ်းဆောင်ရည်အကောင်းဆုံး Gaming Phone တစ်ခုထဲမှာပါဝင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကြည့်ရတာ ဒီနှစ်မှာလည်း အခုလိုမျိုး Snapdragon 855 ကို Overclock လုပ်ပြီး အဆင့်မြှင့်ထားတဲ့ Snapdragon 855+ ကို ASUS က အရင်ဆုံးရအောင် သုံးလိုက်တဲ့ပုံစံပါပဲ။ ဘာပဲဖြစ်ဖြစ် ကျိန်းသေတာကတော့ ဒီနှစ်အတွက်လည်း ASUS ROG Phone 2 က စွမ်းဆောင်ရည်အကောင်းဆုံးဖုန်းတစ်ခုဖြစ်လာဦးမှာပါ။

ASUS ရဲ့ ROG Phone 2 က လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ 120Hz Refresh Rate ကို ပထမဆုံးအသုံးပြုလာမယ့် OLED Display နဲ့ Gaming Phone တစ်ခုဖြစ်လာဖို့များနေပါတယ်။

Ref – GSM Arena