BlackBerry ဟာ လာမယ့် ဂျွန်လ ၇ ရက်နေ့မှာ KEY2 နာမည်နဲ့ စမတ်ဖုန်းအသစ်တစ်ခုကို ထုတ်လုပ်လာဖို့ရှိနေပါတယ်။ အခု BlackBerry KEY2 ဟာ Dual Camera ကို ပထမဆုံးအနေနဲ့ အသုံးပြုလာမယ့် BlackBerry စမတ်ဖုန်းဖြစ်ပြီးတော့ အခုဆိုရင် Teaser Video ထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။

BlackBerry KEY2 ရဲ့ Teaser ဓါတ်ပုံအရ ယခင် BlackBerry KeyOne ထက် ပိုပြီး လှပတဲ့ဒီဇိုင်းနဲ့ Keyboard ကိုလည်း ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ ထူးခြားတာတစ်ခုက BlackBerry ဟာ Symbol ဘေးက Key တစ်ခုကို Hightlight လုပ်သွားတဲ့အတွက် အဆိုပါ Key က ဘာအတွက် အသုံးပြုနိုင်မှာလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုနောက်ပိုင်း စမတ်ဖုန်းအများစုကလည်း Google Assistant အတွက် ခလုတ်တစ်ခုသီးသန့်ထည့်သွင်းလာတဲ့အတွက် အဆိုပါ Key ကလည်း Google Assistant အတွက်ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။

BlackBerry KEY2 စမတ်ဖုန်းဟာ 4.5″ အရွယ် 1620×1080 Pixels Resoluton Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Qualcomm Snapdragon 660 Processor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။12MP+8MP Dual Camera အပြင် 3360mAh Battery နဲ့ 64GB Storage ပါဝင်လာမှာပါ။ Fingerprint Sensor ကိုလည်း Spacebar မှာ မြုပ်ထားတယ်လို့ သိရပါတယ်။

Android စမတ်ဖုန်းတစ်လုံးကို Physical Keyboard နဲ့ ရိုက်ပြီး အသုံးပြုချင်တယ်ဆိုရင်တော့ ဒေါ်လာ ၅၀၀ ကနေ ၆၀၀ အတွင်း ရောင်းချမယ့် BlackBerry KEY2 က စိတ်ဝင်စားဖွယ်ဖုန်းတစ်ခုလို့ ဆိုရမှာပါ။