Zawgyi

Razer ရဲ႕ ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တဲ့ Razer Phone ကို စထုတ္လိုက္ကတည္းက မိုဘိုင္းဂိမ္းေတြျပည့္ႏွက္ေနတဲ့ စမတ္ဖုန္းေလာကကို အေတာ္ေလး လႈပ္ခါသြားေစပါတယ္။ PUBG Mobile လို ဂရပ္ဖစ္ လိုအပ္ခ်က္ျမင့္မားတဲ့ ဂိမ္းေတြကိုမွ အသည္းအသန္ေဆာ့ခ်င္သူေတြအတြက္ ေရငတ္တုန္း ေရတြင္းထဲက်ဆိဳသလို မိုဘိုင္းဂိမ္း႐ူးသြပ္သူေတြ အတြက္ လိုအပ္ခ်က္ေတြကို Razer Phone က ျဖည့္ဆည္းေပးနိုင္ခဲ့ပါတယ္။ Cooling System၊ ႀကီးမားတဲ့ ဘက္ထရီေတြ၊ 120Hz Display နဲ႕ Stereo Speaker ေတြေၾကာင့္ မိုဘိုင္းဂိမ္းေတြကိုမွ စြဲစြဲလန္းလန္းေဆာ့တဲ့သူေတြ အတြက္ အေတာ္ေလးကို အဆင္ေျပခဲ့ပါတယ္။

Razer Phone ေအာင္ျမင္လာတာနဲ႕ တစ္ျခား စမတ္ဖုန္း ကုမၸဏီေတြကလည္း မိုဘိုင္းဂိမ္းအသားေပး စမတ္ဖုန္းေတြထုတ္လာၾကပါတယ္။ Xiaomi, ZTE, Huawei နဲ႕ ASUS စတဲ့ စမတ္ဖုန္း ကုမၸဏီေတြ ေတာ္ေတာ္မ်ားမ်ားက ဂိမ္းအသားေပးဖုန္းေတြထုတ္လာခဲ့ၾကတယ္။ အဲ့ဒီအထဲမွာမွ ေပးရတဲ့ ေစ်းနဲ႕ အတန္ဆုံးကေတာ့ Xiaomi ရဲ႕ Black Shark ပါပဲ။ Black Shark ေနာက္ပိုင္းမွာ Black Shark Helo ကို ထပ္ထုတ္ေပမယ့္ Black Shark 2 မဟုတ္ပဲ Black Shark ကိုသာ အနည္းငယ္ အဆင့္ျမႇင့္တင္ေပးခဲ့တာပါ။ အခုေတာ့ Black Shark ရဲ႕ ေနာက္ဆက္တြဲ Black Shar 2 ကို Xiaomi ဘက္ကေန မိတ္ဆက္ေတာ့မွာျဖစ္ၿပီး Black Shark 2 နဲ႕ ပတ္သက္ၿပီး သိရသမွ် အေၾကာင္းအရာေတြကို တင္ျပလိုက္ပါတယ္။

အရင္ထြက္ခဲ့တဲ့ သတင္းေပါက္ၾကားခ်က္ေတြအရ Black Shark 2 ဟာ 3C Certified ျဖစ္လို႔ 27 Watt ထိအျမန္ႏႈန္းရွိတဲ့ အားအျမန္သြင္း စနစ္ပါမယ္လို႔ သိခဲ့ရၿပီး အခုထပ္မံသိရတဲ့ သတင္းေတြအရ အဆိုပါ အခ်က္ေတြက မွန္ကန္ေနတာကို ေတြ႕လိုက္ရပါၿပီ။ ဖုန္းဒီဇိုင္းကလည္း ေအာရီဂ်င္နယ္ Black Shark ရဲ႕ ဒီဇိုင္းကိုပဲ မွီျငမ္းထားပါတယ္။ အရင္ထြက္ခဲ့တဲ့ Black Shark ေတြနဲ႕ မတူတဲ့ အခ်က္ကေတာ့ Black Shark 2 မွာ ေနာက္ေက်ာဘက္ လက္ေဗြရာဖတ္စနစ္ မပါဝင္ေတာ့တာပါပဲ။

Xiaomi ကေန သူ႕ရဲ႕ ဆိုရွယ္မီဒီယာေတြေပၚမွာလည္း Black Shark 2 အေၾကာင္း တစ္စြန္းတစ္စ ေျပာၾကားခဲ့ပါေသးတယ္။ Black Shark 2 ဒီဇိုင္းအေၾကာင္း ကို iQoo နဲ႕ယွဥ္ၿပီး ေျပာျပခဲ့တာပါ။ iQoo ဟာ Black Shark 2 ရဲ႕ အဓိက ၿပိဳင္ဘက္ျဖစ္လာနိုင္ၿပီး Black Shark 2 ထက္ ေစာၿပီးထြက္ခဲ့ေပမယ့္ Black Shark 2 ရဲ႕ ဒီဇိုင္းဟာ iQoo ထက္ပိုၿပီး ထင္ေပၚေနမယ္လို႔ ေျပာခဲ့တာပါ။

Black Shark 2 နဲ႕ ပတ္သက္ၿပီး သိရသမွ်ကေတာ့ ႀကီးမားတဲ့ OLED Display ကို တပ္ဆင္ေပးထားနိုင္ၿပီး Chip on Film နည္းပညာ သုံးထားတာေၾကာင့္ ဖုန္းရဲ႕ ေအာက္ေျခေဘာင္ (Chin) ဟာ 5mm ေလာက္ေတာင္ မရွိေတာ့ပါဘူး။ Snapdragon 855 ကို တပ္ဆင္ေပးထားၿပီး ဂိမ္းအသားေပးဖုန္း ျဖစ္တာေၾကာင့္ Liquid Cooling System ကလည္း မပါမျဖစ္ ပါဝင္လာမွာပါ။ အသံထြက္အားေကာင္းတဲ့ စတီရီယို စပီကာ ေတြလည္း ပါဝင္လာမွာမို႔ PUBG Mobile လို အသံတည္ေနရာသိဖို႔ အေရးႀကီးတဲ့ ဂိမ္းေတြေဆာ့ရာမွာ နားက်ပ္ေတာင္မလိုပဲ ဖုန္းစပီကာနဲ႕ပဲ ေအးေအးေဆးေဆး ေဆာ့ကစားနိုင္မွာပါ။ Pressure Feedback Vibrator ေတြပါဝင္လာလို႔ ဂိမ္းကစားရာမွာ ပိုမိုအသက္ဝင္ေစမွာပါ။ ဖုန္းေနာက္ေက်ာဘက္မွာ လက္ေဗြရာ ဖတ္စနစ္မေတြ႕ရလို႔ In-Display Fingerprint Scanner မဟုတ္ရင္ ေဘးေဘာင္မွာ တပ္ဆင္ေပးထားမယ့္ Side-mounted Fingerprint Scanner ကို သုံးထားမွာပါ။

Xiaomi ဘက္ကေန Black Shark 2 ကို မိတ္ဆက္ဖို႔ ေလာေနေပမယ့္ ဘယ္အခ်ိန္မိတ္ဆက္မယ္ဆိုတာ တိတိက်က် မသိရေသးပါဘူး။ Black Shark 2 ရဲ႕ ၿပိဳင္ဘက္ဟာ iQoo ျဖစ္ေနတာမို႔ iQoo နဲ႕ အၿပိဳင္ေရာင္းအား ေကာင္းဖို႔ဆိုရင္ေတာ့ Xiaomi ဘက္ကေန Black Shark 2 ကို အျမန္ဆုံး ပြဲထုတ္ရေတာ့မွာပါ။ Black Shark 2 မွာ Black Shark Helo လိုပဲ ေဘးေဘာင္နဲ႕ ေနာက္ေက်ာဘက္ကို မီးေရာင္စုံေတြနဲ႕ အလွဆင္ထားမွာပါ။ RAM ပမာဏအေနနဲ႕လည္း စံခ်ိန္တင္ 12GB နဲ႕အထက္ တပ္ဆင္ေပးထားနိုင္ပါတယ္။

Ref: Giz China

Unicode

Xiaomi ရဲ့နောက်ထွက်မယ့် Black Shark 2 Gaming ဖုန်းအကြောင်း သိရသမျှ

Razer ရဲ့ ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တဲ့ Razer Phone ကို စထုတ်လိုက်ကတည်းက မိုဘိုင်းဂိမ်းတွေပြည့်နှက်နေတဲ့ စမတ်ဖုန်းလောကကို အတော်လေး လှုပ်ခါသွားစေပါတယ်။PUBG Mobile လို ဂရပ်ဖစ် လိုအပ်ချက်မြင့်မားတဲ့ ဂိမ်းတွေကိုမှ အသည်းအသန်ဆော့ချင်သူတွေအတွက် ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို မိုဘိုင်းဂိမ်းရူးသွပ်သူတွေ အတွက် လိုအပ်ချက်တွေကို Razer Phone က ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။ Cooling System၊ ကြီးမားတဲ့ ဘက်ထရီတွေ၊ 120Hz Display နဲ့ Stereo Speaker တွေကြောင့် မိုဘိုင်းဂိမ်းတွေကိုမှ စွဲစွဲလန်းလန်းဆော့တဲ့သူတွေ အတွက် အတော်လေးကို အဆင်ပြေခဲ့ပါတယ်။

Razer Phone အောင်မြင်လာတာနဲ့ တစ်ခြား စမတ်ဖုန်း ကုမ္ပဏီတွေကလည်း မိုဘိုင်းဂိမ်းအသားပေး စမတ်ဖုန်းတွေထုတ်လာကြပါတယ်။ Xiaomi, ZTE, Huawei နဲ့ ASUS စတဲ့ စမတ်ဖုန်း ကုမ္ပဏီတွေ တော်တော်များများက ဂိမ်းအသားပေးဖုန်းတွေထုတ်လာခဲ့ကြတယ်။ အဲ့ဒီအထဲမှာမှ ပေးရတဲ့ စျေးနဲ့ အတန်ဆုံးကတော့ Xiaomi ရဲ့ Black Shark ပါပဲ။ Black Shark နောက်ပိုင်းမှာ Black Shark Helo ကို ထပ်ထုတ်ပေမယ့် Black Shark 2 မဟုတ်ပဲ Black Shark ကိုသာ အနည်းငယ် အဆင့်မြှင့်တင်ပေးခဲ့တာပါ။ အခုတော့ Black Shark ရဲ့ နောက်ဆက်တွဲ Black Shar 2 ကို Xiaomi ဘက်ကနေ မိတ်ဆက်တော့မှာဖြစ်ပြီး Black Shark 2 နဲ့ ပတ်သက်ပြီး သိရသမျှ အကြောင်းအရာတွေကို တင်ပြလိုက်ပါတယ်။

အရင်ထွက်ခဲ့တဲ့ သတင်းပေါက်ကြားချက်တွေအရ Black Shark 2 ဟာ 3C Certified ဖြစ်လို့ 27 Watt ထိအမြန်နှုန်းရှိတဲ့ အားအမြန်သွင်း စနစ်ပါမယ်လို့ သိခဲ့ရပြီး အခုထပ်မံသိရတဲ့ သတင်းတွေအရ အဆိုပါ အချက်တွေက မှန်ကန်နေတာကို တွေ့လိုက်ရပါပြီ။ ဖုန်းဒီဇိုင်းကလည်း အောရီဂျင်နယ် Black Shark ရဲ့ ဒီဇိုင်းကိုပဲ မှီငြမ်းထားပါတယ်။ အရင်ထွက်ခဲ့တဲ့ Black Shark တွေနဲ့ မတူတဲ့ အချက်ကတော့ Black Shark 2 မှာ နောက်ကျောဘက် လက်ဗွေရာဖတ်စနစ် မပါဝင်တော့တာပါပဲ။

Xiaomi ကနေ သူ့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း Black Shark 2 အကြောင်း တစ်စွန်းတစ်စ ပြောကြားခဲ့ပါသေးတယ်။ Black Shark 2 ဒီဇိုင်းအကြောင်း ကို iQoo နဲ့ယှဉ်ပြီး ပြောပြခဲ့တာပါ။ iQoo ဟာ Black Shark 2 ရဲ့ အဓိက ပြိုင်ဘက်ဖြစ်လာနိုင်ပြီး Black Shark 2 ထက် စောပြီးထွက်ခဲ့ပေမယ့် Black Shark 2 ရဲ့ ဒီဇိုင်းဟာ iQoo ထက်ပိုပြီး ထင်ပေါ်နေမယ်လို့ ပြောခဲ့တာပါ။

Black Shark 2 နဲ့ ပတ်သက်ပြီး သိရသမျှကတော့ ကြီးမားတဲ့ OLED Display ကို တပ်ဆင်ပေးထားနိုင်ပြီး Chip on Film နည်းပညာ သုံးထားတာကြောင့် ဖုန်းရဲ့ အောက်ခြေဘောင် (Chin) ဟာ 5mm လောက်တောင် မရှိတော့ပါဘူး။ Snapdragon 855 ကို တပ်ဆင်ပေးထားပြီး ဂိမ်းအသားပေးဖုန်း ဖြစ်တာကြောင့် Liquid Cooling System ကလည်း မပါမဖြစ် ပါဝင်လာမှာပါ။ အသံထွက်အားကောင်းတဲ့ စတီရီယို စပီကာ တွေလည်း ပါဝင်လာမှာမို့ PUBG Mobile လို အသံတည်နေရာသိဖို့ အရေးကြီးတဲ့ ဂိမ်းတွေဆော့ရာမှာ နားကျပ်တောင်မလိုပဲ ဖုန်းစပီကာနဲ့ပဲ အေးအေးဆေးဆေး ဆော့ကစားနိုင်မှာပါ။ Pressure Feedback Vibrator တွေပါဝင်လာလို့ ဂိမ်းကစားရာမှာ ပိုမိုအသက်ဝင်စေမှာပါ။ ဖုန်းနောက်ကျောဘက်မှာ လက်ဗွေရာ ဖတ်စနစ်မတွေ့ရလို့ In-Display Fingerprint Scanner မဟုတ်ရင် ဘေးဘောင်မှာ တပ်ဆင်ပေးထားမယ့် Side-mounted Fingerprint Scanner ကို သုံးထားမှာပါ။

Xiaomi ဘက်ကနေ Black Shark 2 ကို မိတ်ဆက်ဖို့ လောနေပေမယ့် ဘယ်အချိန်မိတ်ဆက်မယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။ Black Shark 2 ရဲ့ ပြိုင်ဘက်ဟာ iQoo ဖြစ်နေတာမို့ iQoo နဲ့ အပြိုင်ရောင်းအား ကောင်းဖို့ဆိုရင်တော့ Xiaomi ဘက်ကနေ Black Shark 2 ကို အမြန်ဆုံး ပွဲထုတ်ရတော့မှာပါ။ Black Shark 2 မှာ Black Shark Helo လိုပဲ ဘေးဘောင်နဲ့ နောက်ကျောဘက်ကို မီးရောင်စုံတွေနဲ့ အလှဆင်ထားမှာပါ။ RAM ပမာဏအနေနဲ့လည်း စံချိန်တင် 12GB နဲ့အထက် တပ်ဆင်ပေးထားနိုင်ပါတယ်။

Ref: Giz China