Apple က အခုႏွစ္အတြက္ အုိင္ဖုန္းအသစ္သုံးလုံး မိတ္ဆက္လာရာမွာ iPhone XS Max ဟာ အေျခခံ အက်ဆုံးဗားရွင္းကိုေတာင္ ေဒၚလာ ၁၁၀၀ ေစ်းႏႈန္းနဲ႔ သတ္မွတ္ထားျပီး 256GB အတြက္ ေဒၚလာ ၁၂၅၀၊ 512GB ေမာ္ဒယ္အတြက္ ၁၄၅၀ ခန္႔ ေစ်းႏႈန္းရွိပါတယ္။ TechInsights ရဲ႕ သုေတသနျပဳလုပ္ခ်က္အရေတာ့ iPhone အသစ္ အၾကီးစားရဲ႕ အစိတ္အပုိင္းေတြ အားလုံးေပါင္းတန္ဖိုးဟာ ၄၄၃ ေဒၚလာသာ ရွိတယ္လို႔ ဆုိလိုက္ျပီး မႏွစ္က iPhone X ရဲ႕ အေျခခံကုန္က်စရိတ္ထက္ ေဒၚလာ ၅၀ ခန္႔သာ ပိုမ်ားလာတာပါ။

သူေဖာ္ျပထားတဲ့ ဇယားကိုၾကည့္မယ္ဆုိရင္ OLED မ်က္ႏွာျပင္ဟာ မႏွစ္ကလိုပဲ အုိင္ဖုန္းတစ္လုံးရဲ႕ ကုန္က်စရိတ္အမ်ားဆုံး အစိတ္အပိုင္းျဖစ္ေနဆဲပါ။ အဲ့ဒီအစိတ္အပုိင္းကို သူ႕ရဲ႕ ကိုရီးယားျပိဳင္ဘက္ Samsung ဆီက ဝယ္ရတာျဖစ္တဲ့အတြက္ Apple အုိင္ဖုန္းအသစ္တစ္လုံးေရာင္းရတုိင္း Samsung ကလည္း ဝင္ေငြရေနတာပါပဲ။ မႏွစ္က iPhone X ရဲ႕ Panel ဟာ 5.8” ျဖစ္ျပီး XS Max ကေတာ့ 6.3” ျဖစ္တာေၾကာင့္လည္း သူ႕ရဲ႕ ကုန္က်စရိတ္က မႏွစ္ကထက္ ၅% ပိုျမင့္တက္လာခဲ့ပါတယ္။

ဒုတိယ ေစ်းအၾကီးဆုံး ပါဝင္အစိတ္အပိုင္းကေတာ့ ပရုိဆက္ဆာ / Modem ျဖစ္ျပီး ယခင္ iPhone X မွာ ၆၆ ေဒၚလာကေန iPhone XS Max မွာ ၇၂ ေဒၚလာျဖစ္သြားတဲ့အတြက္ ၁၀% ပိုမ်ားလာပါတယ္။ သူ႕ရဲ႕ ဇယားမွာ ၾကည့္ရင္လည္း ၂၀၁၈ အုိင္ဖုန္းေတြရဲ႕ ပါဝင္အစိတ္အပုိင္းေတြက အားလုံးနီးပါး အရင္မ်ဳိးဆက္ထက္ ကုန္က်စရိတ္ျမင့္လာတာပါပဲ။ အစိတ္အပိုင္းေတြ တပ္ဆင္ခနဲ႔ RF Antenna တုိ႔ကသာ ယခင္ႏွစ္ထက္ မဆုိစေလာက္ ကုန္က်စရိတ္နည္းလာတာ ျဖစ္ပါတယ္။

TechInsights က သူတုိ႔ရဲ႕ တြက္ခ်က္မႈရလဒ္ျဖစ္တဲ့ ၄၄၃ ေဒၚလာဆုိတာဟာ အစိတ္အပိုင္းေတြရဲ႕ ေစ်းႏႈန္းကိုသာ အေျခခံထားတာျဖစ္ျပီး ေဆာ့ဖ္ဝဲလ္၊ Research and Development နဲ႔ မားကက္တင္း ကုန္က်စရိတ္ စတာေတြကို ထည့္မတြက္ထားတာေၾကာင့္ အဲ့ဒါေတြ ထည့္တြက္မယ္ဆုိရင္ ေဒၚလာတစ္ေထာင္ေက်ာ္တာ မဆန္းဘူး ဆုိတဲ့ ေကာက္ခ်က္ထြက္လာႏုိင္ေၾကာင္း ဝန္ခံထားပါတယ္။

ဇယားထဲမွာ ေဖာ္ျပထားတဲ့ က႑အခ်ဳိ႕ကလည္း ေဒတာ အတိအက်မရေသးတဲ့အတြက္ ခန္႔မွန္းတြက္ခ်က္ထားတာပါ။ ဒါေပမယ့္လည္း ဒီဇယားဟာ စမတ္ဖုန္းတစ္လုံးရဲ႕ ကုန္က်စရိတ္အစစ္ကို အတိအက် မေဖာ္ျပႏုိင္ရင္ေတာင္ သူ႕ရဲ႕ Raw Component ေတြရဲ႕ ေစ်းႏႈန္းေတြက နည္းပညာ စိတ္ဝင္စားသူေတြကို ေတြးစရာတစ္ခုေတာ့ ျဖစ္သြားမွာပါ။

Ref – Tech Insights

Unicode

Apple က အခုနှစ်အတွက် အိုင်ဖုန်းအသစ်သုံးလုံး မိတ်ဆက်လာရာမှာ iPhone XS Max ဟာ အခြေခံ အကျဆုံးဗားရှင်းကိုတောင် ဒေါ်လာ ၁၁၀၀ ဈေးနှုန်းနဲ့ သတ်မှတ်ထားပြီး 256GB အတွက် ဒေါ်လာ ၁၂၅၀၊ 512GB မော်ဒယ်အတွက် ၁၄၅၀ ခန့် ဈေးနှုန်းရှိပါတယ်။ TechInsights ရဲ့ သုတေသနပြုလုပ်ချက်အရတော့ iPhone အသစ် အကြီးစားရဲ့ အစိတ်အပိုင်းတွေ အားလုံးပေါင်းတန်ဖိုးဟာ ၄၄၃ ဒေါ်လာသာ ရှိတယ်လို့ ဆိုလိုက်ပြီး မနှစ်က iPhone X ရဲ့ အခြေခံကုန်ကျစရိတ်ထက် ဒေါ်လာ ၅၀ ခန့်သာ ပိုများလာတာပါ။

သူဖော်ပြထားတဲ့ ဇယားကိုကြည့်မယ်ဆိုရင် OLED မျက်နှာပြင်ဟာ မနှစ်ကလိုပဲ အိုင်ဖုန်းတစ်လုံးရဲ့ ကုန်ကျစရိတ်အများဆုံး အစိတ်အပိုင်းဖြစ်နေဆဲပါ။ အဲ့ဒီအစိတ်အပိုင်းကို သူ့ရဲ့ ကိုရီးယားပြိုင်ဘက် Samsung ဆီက ဝယ်ရတာဖြစ်တဲ့အတွက် Apple အိုင်ဖုန်းအသစ်တစ်လုံးရောင်းရတိုင်း Samsung ကလည်း ဝင်ငွေရနေတာပါပဲ။ မနှစ်က iPhone X ရဲ့ Panel ဟာ 5.8” ဖြစ်ပြီး XS Max ကတော့ 6.3” ဖြစ်တာကြောင့်လည်း သူ့ရဲ့ ကုန်ကျစရိတ်က မနှစ်ကထက် ၅% ပိုမြင့်တက်လာခဲ့ပါတယ်။

ဒုတိယ ဈေးအကြီးဆုံး ပါဝင်အစိတ်အပိုင်းကတော့ ပရိုဆက်ဆာ / Modem ဖြစ်ပြီး ယခင် iPhone X မှာ ၆၆ ဒေါ်လာကနေ iPhone XS Max မှာ ၇၂ ဒေါ်လာဖြစ်သွားတဲ့အတွက် ၁၀% ပိုများလာပါတယ်။ သူ့ရဲ့ ဇယားမှာ ကြည့်ရင်လည်း ၂၀၁၈ အိုင်ဖုန်းတွေရဲ့ ပါဝင်အစိတ်အပိုင်းတွေက အားလုံးနီးပါး အရင်မျိုးဆက်ထက် ကုန်ကျစရိတ်မြင့်လာတာပါပဲ။ အစိတ်အပိုင်းတွေ တပ်ဆင်ခနဲ့ RF Antenna တို့ကသာ ယခင်နှစ်ထက် မဆိုစလောက် ကုန်ကျစရိတ်နည်းလာတာ ဖြစ်ပါတယ်။

TechInsights က သူတို့ရဲ့ တွက်ချက်မှုရလဒ်ဖြစ်တဲ့ ၄၄၃ ဒေါ်လာဆိုတာဟာ အစိတ်အပိုင်းတွေရဲ့ ဈေးနှုန်းကိုသာ အခြေခံထားတာဖြစ်ပြီး ဆော့ဖ်ဝဲလ်၊ Research and Development နဲ့ မားကက်တင်း ကုန်ကျစရိတ် စတာတွေကို ထည့်မတွက်ထားတာကြောင့် အဲ့ဒါတွေ ထည့်တွက်မယ်ဆိုရင် ဒေါ်လာတစ်ထောင်ကျော်တာ မဆန်းဘူး ဆိုတဲ့ ကောက်ချက်ထွက်လာနိုင်ကြောင်း ဝန်ခံထားပါတယ်။

ဇယားထဲမှာ ဖော်ပြထားတဲ့ ကဏ္ဍအချို့ကလည်း ဒေတာ အတိအကျမရသေးတဲ့အတွက် ခန့်မှန်းတွက်ချက်ထားတာပါ။ ဒါပေမယ့်လည်း ဒီဇယားဟာ စမတ်ဖုန်းတစ်လုံးရဲ့ ကုန်ကျစရိတ်အစစ်ကို အတိအကျ မဖော်ပြနိုင်ရင်တောင် သူ့ရဲ့ Raw Component တွေရဲ့ ဈေးနှုန်းတွေက နည်းပညာ စိတ်ဝင်စားသူတွေကို တွေးစရာတစ်ခုတော့ ဖြစ်သွားမှာပါ။

Ref – Tech Insights