Covid-19 ကပ်ရောဂါကာလမှာ Mask တပ်ထားဖို့ အရမ်းကို အရေးကြီးပါတယ်။ အရင်တုန်းကတော့ Mask တပ်ထားရင် iPhone ရဲ့ Face ID ကို သုံးလို့မရပါဘူး။ အခုတော့ Apple က ဒီပြဿနာကို ဖြေရှင်းပေးထားပါတယ်။ ဒီဆောင်းပါးမှာ Apple Watch ကို အသုံးပြုကာ Mask တပ်ထားရင်း iPhone ကို  Unlock လုပ်နည်းကို ပြောပြချင်ပါတယ်။

လိုအပ်တဲ့ အရာတွေ

Apple ရဲ့ “Unlock with Apple Watch” လုပ်ဆောင်ချက်ကို သုံးဖို့အတွက် လိုအပ်တဲ့အရာတွေကို အောက်မှာ လေ့လာပါ။

  • Face ID ၊ iOS 14.5 နဲ့ သူ့အထက် ပါတဲ့ iPhone
  • Apple Watch Series 3 နဲ့ သူ့အထက်၊ watchOS 7.4 နဲ့ သူ့အထက် ပါတဲ့ Apple Watch

“Unlock with Apple Watch” ကို Set Up လုပ်နည်း

  1. iPhone မှာ Settings App ထဲသွားပါ။
  2. အောက်ကိုဆင်းပြီး “Face ID & Passcode” ကို ရွေးပါ။
  3. Passcode ထည့်ပေးပါ။
  4. “Unlock with Apple Watch” ထဲသွားရင် သင့် အကောင့်နဲ့ချိတ်ဆက်ထားတဲ့ Apple Watch ကို မြင်ရမှာ ဖြစ်ပြီး Toggle ကို On ထားပါ။
  5. ဒါဆိုရင် iPhone က ဒီလုပ်ဆောင်ချက် သုံးမလားဆိုတာမေးမှာဖြစ်ပြီး အတည်ပြုပေးပါ။

Mask တပ်ထားရင်း iPhone ကို Unlock လုပ်နည်း

  1. သင့် Apple Watch ကို Unlock လုပ်ထားပါ။
  2. iPhone ကို သင့်မျက်နှာ ပြလိုက်ရင် Mask တပ်ထားတာကို ဖုန်းက သိမှာပါ။
  3. ပြီးရင် ဖုန်းက Unlock ဖြစ်သွားမှာ ဖြစ်ပြီး Screen ရဲ့ အောက်ခြေကနေ အထက်ကို ပွတ်ဆွဲပါ။ ဒါဆိုရင် Apple Watch က ဖုန်းကို Unlock လုပ်ပြီးကြောင်း အသိပေးမှာပါ။

သိထားသင့်တာက “Unlock with Apple Watch” လုပ်ဆောင်ချက်က Face ID ကို သုံးတာ မဟုတ်ဘဲ Apple Watch ရဲ့ အကူအညီကို ယူထားတာပါ။ အဲဒီအတွက် Apple Pay နဲ့ Password ခံထားတဲ့ App တွေကို သုံးလို့မရပါဘူး။

Ref : maketecheasier