Zawgyi

Huawei ကေန အခုအခ်ိန္မွာ Mid Range နဲ႔ High End ဖုန္းေတြျဖစ္တဲ့ Huawei Nova 5 Series ဖုန္းေတြကို မိတ္ဆက္လုိက္ျပီျဖစ္ပါတယ္။ အဲ့ဒီထဲမွာ Huawei ရဲ႕ Kirin Processor အသစ္ျဖစ္တဲ့ Kirin 810 Processor ကို အသံုးျပဳထားတဲ့ Huawei Nova 5 စမတ္ဖုန္းလည္း ပါဝင္လာခဲ့ပါတယ္။

အခု Huawei ရဲ႕ Kirin 810 Processor က လက္ရွိ Huawei Mid Range ေတြမွာ အသံုးျပဳေနတဲ့ Kirin 710 Processor ကို အစားထုိးလာတာျဖစ္ျပီး လက္ရွိ Qualcomm ကေန Snapdragon 710 ၊ 712 နဲ႔ 730 လုိမ်ိဳး High End Processor ေတြၾကားထဲမွာ ဘယ္ေလာက္ထိ စြမ္းေဆာင္ႏုိင္မလဲဆုိတာက စိတ္ဝင္စားဖို႔ေကာင္းေနတာျဖစ္ပါတယ္။

အခုအခ်ိန္မွာ နာမည္ၾကီး Benchmark App တစ္ခုျဖစ္တဲ့ Antutu ကေန ဒီ Nova 5 ရဲ႕ Kirin 810 Processor ကို စမ္းသပ္မႈေတြျပဳလုပ္ခဲ့ျပီး ရလဒ္ေတြက တကယ္ကို အံ့ၾသဖုိ႔ေကာင္းေနပါတယ္။ Antutu ရဲ႕ Overall Benchmark အေနနဲ႔ဆိုရင္ 237,000 Mark ဝန္းက်င္ရရွိထားျပီးေတာ့ လံုးဝ Flagship ဖုန္းတစ္ခုနီးပါးကို ရွိေနတာျဖစ္ပါတယ္။

ဒါ့အျပင္ Antutu ကေန ယခင္ Generation ျဖစ္တဲ့ Kirin 710 ၊ Snapdragon 730 Processor ေတြနဲ႔လည္း ယွဥ္ျပခဲ့ျပီး Kirin 810 Processor နဲ႔ Nova 5 က အေကာင္းဆံုးျဖစ္ေနသလုိ ျပီးခဲ့တဲ့ Kirin 710 Processor နဲ႔ ယွဥ္ရင္ 70% အထိကို တုိးတက္လာတာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးပါဘူး။ Huawei ရဲ႕ Kirin Processor ေတြရဲ႕ GPU ပိုင္းအားနည္းခ်က္ကိုလည္း ဒီ Kirin 810 Processor မွာ လံုးဝကို ေဖ်ာက္ႏုိင္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆုိရင္ လက္ရွိမွာ High End Processor ေတြထဲမွာ Gaming ပိုင္းအေကာင္းဆံုးျဖစ္ေနတဲ့ Snapdragon 730 ထက္ေတာင္ 25% ပိုေကာင္းေနျပီးေတာ့ ျပီးခဲ့တဲ့ Kirin 710 နဲ႔ဆုိရင္ ၃ ဆေလာက္ေတာင္ ပိုသာေနတာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Huawei ကေတာ့ အခုလုိအခက္အခဲေတြၾကားထဲက အေကာင္းဆံုး High End Processor တစ္ခုကို Nova 5 နဲ႔အတူ ပြဲထုတ္ႏုိင္ခဲ့ျပီလုိ႔ ေျပာရမွာပါ။

Ref – GSM Arena

Unicode

Huawei ကနေ အခုအချိန်မှာ Mid Range နဲ့ High End ဖုန်းတွေဖြစ်တဲ့ Huawei Nova 5 Series ဖုန်းတွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Huawei ရဲ့ Kirin Processor အသစ်ဖြစ်တဲ့ Kirin 810 Processor ကို အသုံးပြုထားတဲ့ Huawei Nova 5 စမတ်ဖုန်းလည်း ပါဝင်လာခဲ့ပါတယ်။

အခု Huawei ရဲ့ Kirin 810 Processor က လက်ရှိ Huawei Mid Range တွေမှာ အသုံးပြုနေတဲ့ Kirin 710 Processor ကို အစားထိုးလာတာဖြစ်ပြီး လက်ရှိ Qualcomm ကနေ Snapdragon 710 ၊ 712 နဲ့ 730 လိုမျိုး High End Processor တွေကြားထဲမှာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေတာဖြစ်ပါတယ်။

အခုအချိန်မှာ နာမည်ကြီး Benchmark App တစ်ခုဖြစ်တဲ့ Antutu ကနေ ဒီ Nova 5 ရဲ့ Kirin 810 Processor ကို စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ရလဒ်တွေက တကယ်ကို အံ့သြဖို့ကောင်းနေပါတယ်။ Antutu ရဲ့ Overall Benchmark အနေနဲ့ဆိုရင် 237,000 Mark ဝန်းကျင်ရရှိထားပြီးတော့ လုံးဝ Flagship ဖုန်းတစ်ခုနီးပါးကို ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် Antutu ကနေ ယခင် Generation ဖြစ်တဲ့ Kirin 710 ၊ Snapdragon 730 Processor တွေနဲ့လည်း ယှဉ်ပြခဲ့ပြီး Kirin 810 Processor နဲ့ Nova 5 က အကောင်းဆုံးဖြစ်နေသလို ပြီးခဲ့တဲ့ Kirin 710 Processor နဲ့ ယှဉ်ရင် 70% အထိကို တိုးတက်လာတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးပါဘူး။ Huawei ရဲ့ Kirin Processor တွေရဲ့ GPU ပိုင်းအားနည်းချက်ကိုလည်း ဒီ Kirin 810 Processor မှာ လုံးဝကို ဖျောက်နိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိမှာ High End Processor တွေထဲမှာ Gaming ပိုင်းအကောင်းဆုံးဖြစ်နေတဲ့ Snapdragon 730 ထက်တောင် 25% ပိုကောင်းနေပြီးတော့ ပြီးခဲ့တဲ့ Kirin 710 နဲ့ဆိုရင် ၃ ဆလောက်တောင် ပိုသာနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ကတော့ အခုလိုအခက်အခဲတွေကြားထဲက အကောင်းဆုံး High End Processor တစ်ခုကို Nova 5 နဲ့အတူ ပွဲထုတ်နိုင်ခဲ့ပြီလို့ ပြောရမှာပါ။

Ref – GSM Arena