[Zawgyi]

iPhone Xs Max ေတြထြက္ျပီးကတည္းက အျပိဳင္ျငင္းေနၾကတာက သူ႔ရဲ႕ Display ေတြကို ဘယ္သူထုတ္လုပ္ေထာက္ပံ့ေပးလဲဆိုတာပါ။ တစ္ခ်ိဳ႕ကလည္း Samsung ပဲ ဆက္ထုတ္တယ္လို႔ေျပာၾကသလို ဇြန္လတုန္းက Apple နဲ႔ LG တို႔ ပါတနာဖြဲ႔လိုက္တာကို အေၾကာင္းျပဳျပီး LG က iPhone Xs Max ေတြအတြက္ OLED ေတြ ထုတ္လုပ္ေပးထားတယ္လို႔လည္း ေျပာေနၾကပါတယ္။

အစကေတာ့ LG က ဒီတစ္ေခါက္ထုတ္မယ့္ iPhone ေတြအမီ Display ေတြထုတ္လုပ္ဖို႔အတြက္ စာခ်ုပ္အျမန္ခ်ဳပ္ခ့ဲတာလား ဒီတစ္ေခါက္မွာသံုးထားတာက LG Display ေတြလားလို႔ ထင္ခဲ့ေပမယ့္ DisplayMate ရဲ႕ အဆိုအတိုင္းဆို ဒီတစ္ေခါက္လညး္ Samsung Display ကိုပဲဆက္သံုးထားတယ္လို႔သိရပါတယ္။ ဒါဆို LG Display ေတြက ဘယ္ေပ်ာက္သြားခဲ့တာလဲ??

တကယ္ဆို iPhone X ေတြ Xs ေတြရဲ႕ ေစ်းေတြ $1000 ေက်ာ္တက္သြားရျခငး္ အဓိကတရားခံက Display ေစ်းၾကီးတာေၾကာင့္လညး္ပါပါတယ္။ Apple အေနနဲ႔ iPhone X ေတြမွာတုနး္ကလို အရည္အေသြးေကာင္းတဲ့ OLED Screen  ေတြလိုအပ္ေပမယ့္လည္း ေစ်းႏႈန္းကိုလည္း ေလ်ာ့ခ်လို႔ရလိုရျငား LG နဲ႔ တြဲဖက္ခဲ့တယ္လို႔ေတာ့ ထင္ပါတယ္။ Samsung တစ္ခုတည္းေပၚ အားကိုးေနရင္ေတာ့ ေစ်းေလ်ာ့ဖို႔ စဥ္းစားလို႔ရမွာမဟုတ္ေပမယ့္ အျပိဳင္သာျဖစ္လာရင္ေတာ့ အျပိင္ေစ်းခ်လာႏုိင္တဲ့အကြက္ကို Apple က ၾကိဳျမင္ပံုပါပဲ။

ဒါေၾကာင့္ Apple အေနနဲ႔ အခ်ိန္မီဆြဲခဲ့ေပမယ့္ ၾကားရသေလာက္ကေတာ့ LG Display ေတြက Apple စိတ္တုိင္းက်ေလာက္တဲ့အေျခအေနတစ္ခုကို မေရာက္ေသးလို႔ ျပန္ျပီးစစ္ေဆးေနတယ္လို႔ သိရပါတယ္။ ဒီတုိင္းဆို ဒီတစ္ေခါက္ iPhone ေတြရဲ႕ Display က မႏွစ္ကနဲ႔ ဘာမွေျပာင္းလဲမႈရိွမွာမဟုတ္ပါဘူး။ ေနာက္ႏွစ္ iPhone ေတြအတြက္ ေစ်းက်လိုက်ျငား LG ကို OLED Display ျမန္ျမန္ေထာက္ပံ့ေပးႏုိင္ပါေစလို႔ပဲ ဆုေတာင္းရေတာ့မွာပါပဲ။

Ref: AndroidAuthority

[Unicode]

iPhone Xs Max တွေထွက်ပြီးကတည်းက အပြိုင်ငြင်းနေကြတာက သူ့ရဲ့ Display တွေကို ဘယ်သူထုတ်လုပ်ထောက်ပံ့ပေးလဲဆိုတာပါ။ တစ်ချို့ကလည်း Samsung ပဲ ဆက်ထုတ်တယ်လို့ပြောကြသလို ဇွန်လတုန်းက Apple နဲ့ LG တို့ ပါတနာဖွဲ့လိုက်တာကို အကြောင်းပြုပြီး LG က iPhone Xs Max တွေအတွက် OLED တွေ ထုတ်လုပ်ပေးထားတယ်လို့လည်း ပြောနေကြပါတယ်။

အစကတော့ LG က ဒီတစ်ခေါက်ထုတ်မယ့် iPhone တွေအမီ Display တွေထုတ်လုပ်ဖို့အတွက် စာချုပ်အမြန်ချုပ်ခဲ့တာလား ဒီတစ်ခေါက်မှာသုံးထားတာက LG Display တွေလားလို့ ထင်ခဲ့ပေမယ့် DisplayMate ရဲ့ အဆိုအတိုင်းဆို ဒီတစ်ခေါက်လည်း Samsung Display ကိုပဲဆက်သုံးထားတယ်လို့သိရပါတယ်။ ဒါဆို LG Display တွေက ဘယ်ပျောက်သွားခဲ့တာလဲ??

တကယ်ဆို iPhone X တွေ Xs တွေရဲ့ ဈေးတွေ $1000 ကျော်တက်သွားရခြင်း အဓိကတရားခံက Display ဈေးကြီးတာကြောင့်လည်းပါပါတယ်။ Apple အနေနဲ့ iPhone X တွေမှာတုန်းကလို အရည်အသွေးကောင်းတဲ့ OLED Screen  တွေလိုအပ်ပေမယ့်လည်း ဈေးနှုန်းကိုလည်း လျော့ချလို့ရလိုရငြား LG နဲ့ တွဲဖက်ခဲ့တယ်လို့တော့ ထင်ပါတယ်။ Samsung တစ်ခုတည်းပေါ် အားကိုးနေရင်တော့ ဈေးလျော့ဖို့ စဉ်းစားလို့ရမှာမဟုတ်ပေမယ့် အပြိုင်သာဖြစ်လာရင်တော့ အပြိင်ဈေးချလာနိုင်တဲ့အကွက်ကို Apple က ကြိုမြင်ပုံပါပဲ။

ဒါကြောင့် Apple အနေနဲ့ အချိန်မီဆွဲခဲ့ပေမယ့် ကြားရသလောက်ကတော့ LG Display တွေက Apple စိတ်တိုင်းကျလောက်တဲ့အခြေအနေတစ်ခုကို မရောက်သေးလို့ ပြန်ပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီတိုင်းဆို ဒီတစ်ခေါက် iPhone တွေရဲ့ Display က မနှစ်ကနဲ့ ဘာမှပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး။ နောက်နှစ် iPhone တွေအတွက် ဈေးကျလိုကျငြား LG ကို OLED Display မြန်မြန်ထောက်ပံ့ပေးနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပါပဲ။

Ref: AndroidAuthority