Zawgyi

Lenovo အေနနဲ႔ Z5 Pro စမတ္ဖုန္းကို မၾကာခင္ မိတ္ဆက္ႏိုင္ဖို႔အတြက္ ျပင္ဆင္ေနၿပီ ျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ထြက္ရွိခဲ့တဲ့ သတင္းေတြအရ Lenovo Z5 Pro ကို ေအာက္တိုဘာလ ၁ရက္ေန႔မွာ မိတ္ဆက္မယ္လို႔ ၾကားသိခဲ့ရေပမယ့္ ဒီေန႔၊ ဒီခ်ိန္ထိ ဘာသတင္း အစအနမွ မရရွိခဲ့ပါဘူး။

ဒီေန႔မွာေတာ့ Lenovo ရဲ႕ Vice President ျဖစ္သူ Chang Cheng က Z5 Pro နဲ႔ ပတ္သတ္တဲ့ Posters အသစ္တခ်ိဴ႕ကို ၿပီးခဲ့တဲ့ရက္ပိုင္းက Weibo ဝက္ဆိုက္မွာ လႊတ္တင္ခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚလာပါတယ္။ အဆိုပါ Posters မ်ားအရ Lenovo Z5 Pro ကို တရားဝင္ မိတ္ဆက္မယ့္ေန႔ဟာ ႏိုဝင္ဘာလ ၁ရက္ေန႔ျဖစ္ေၾကာင္း သိရွိခဲ့ရပါတယ္။ ဒါ့အျပင္ Z5 Pro မွာ Oppo Find X နဲ႔ Xiaomi Mi Mix 3 တို႔လိုမ်ိဴး Camera Slider ပါဝင္လာတာလည္း ေတြ႕ရပါတယ္။ Z5 Pro ရဲ႕ Camera Slider က Oppo Find X လိုမ်ိဴး Automatic ျဖစ္မလား၊ Mi Mix 3 လိုမ်ိဴး Manual ျဖစ္မလား ဆိုတာကိုေတာ့ အတိအက် မသိရေသးပါဘူး။

အဆိုပါ Camera Slider ထဲမွာ Dual Front Camera ေတြ တပ္ဆင္ထားေၾကာင္းကိုလည္း Z5 Pro ရဲ႕ Posters မ်ားက သက္ေသျပေနပါတယ္။ Camera Slider အျပင္ ေနာက္ထပ္ စိတ္ဝင္စားစရာေကာင္းတဲ့ အရာကေတာ့ In-display Fingerprint နည္းပညာပါ။ Lenovo Z5 မွာ In-display Fingerprint နည္းပညာ ပါဝင္လာႏိုင္ၿပီး Screen-to-body ratio ကလည္း 90% အထက္ရွိႏိုင္ပါတယ္။ တျခား စိတ္ဝင္စားစရာေကာင္းတဲ့ အရာေတြ က်န္ရွိေသးေပမယ့္ မေသခ်ာေသးတာေၾကာင့္ Lenovo Z5 Pro ကို တရားဝင္မိတ္ဆက္မယ့္ ေန႔ကိုပဲ ေစာင့္ၾကည့္ရမွာပါ။ ေသခ်ာတာကေတာ့ Z5 Pro ဟာ အရင္မ်ိဴးဆက္ Lenovo စမတ္ဖုန္းေတြနဲ႔ မတူညီဘဲ ကြဲျပား ျခားနား ေျပာင္ေျမာက္စြာ ထြက္ရွိလာမွာပါ။

Ref: gadgets.ndtv

Unicode

Lenovo သမိုင်းမှာ လက်ရာ အပြောင်မြောက်ဆုံး ဖုန်းတစ်လုံး ဖြစ်လာနိုင်တဲ့ Lenovo Z5 Pro

Lenovo အနေနဲ့ Z5 Pro စမတ်ဖုန်းကို မကြာခင် မိတ်ဆက်နိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ သတင်းတွေအရ Lenovo Z5 Pro ကို အောက်တိုဘာလ ၁ရက်နေ့မှာ မိတ်ဆက်မယ်လို့ ကြားသိခဲ့ရပေမယ့် ဒီနေ့၊ ဒီချိန်ထိ ဘာသတင်း အစအနမှ မရရှိခဲ့ပါဘူး။

ဒီနေ့မှာတော့ Lenovo ရဲ့ Vice President ဖြစ်သူ Chang Cheng က Z5 Pro နဲ့ ပတ်သတ်တဲ့ Posters အသစ်တချိူ့ကို ပြီးခဲ့တဲ့ရက်ပိုင်းက Weibo ဝက်ဆိုက်မှာ လွှတ်တင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပါတယ်။ အဆိုပါ Posters များအရ Lenovo Z5 Pro ကို တရားဝင် မိတ်ဆက်မယ့်နေ့ဟာ နိုဝင်ဘာလ ၁ရက်နေ့ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် Z5 Pro မှာ Oppo Find X နဲ့ Xiaomi Mi Mix 3 တို့လိုမျိူး Camera Slider ပါဝင်လာတာလည်း တွေ့ရပါတယ်။ Z5 Pro ရဲ့ Camera Slider က Oppo Find X လိုမျိူး Automatic ဖြစ်မလား၊ Mi Mix 3 လိုမျိူး Manual ဖြစ်မလား ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

အဆိုပါ Camera Slider ထဲမှာ Dual Front Camera တွေ တပ်ဆင်ထားကြောင်းကိုလည်း Z5 Pro ရဲ့ Posters များက သက်သေပြနေပါတယ်။ Camera Slider အပြင် နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ အရာကတော့ In-display Fingerprint နည်းပညာပါ။ Lenovo Z5 မှာ In-display Fingerprint နည်းပညာ ပါဝင်လာနိုင်ပြီး Screen-to-body ratio ကလည်း 90% အထက်ရှိနိုင်ပါတယ်။ တခြား စိတ်ဝင်စားစရာကောင်းတဲ့ အရာတွေ ကျန်ရှိသေးပေမယ့် မသေချာသေးတာကြောင့် Lenovo Z5 Pro ကို တရားဝင်မိတ်ဆက်မယ့် နေ့ကိုပဲ စောင့်ကြည့်ရမှာပါ။ သေချာတာကတော့ Z5 Pro ဟာ အရင်မျိူးဆက် Lenovo စမတ်ဖုန်းတွေနဲ့ မတူညီဘဲ ကွဲပြား ခြားနား ပြောင်မြောက်စွာ ထွက်ရှိလာမှာပါ။

Ref: gadgets.ndtv