LG ကနေ ဈေးနှုန်းအလွန်သက်သာတဲ့ Tablet တစ်ခုကို ထပ်မံထုတ်လုပ်လိုက်ပါတယ်။ အဆိုပါ Tablet ကို G Pad F2 8.0 လို့နာမည်ပေးထားပြီးတော့ ဈေးနှုန်းအနေနဲ့ $149 ပဲ သတ်မှတ်ထားတဲ့အတွက်ကြောင့် မြန်မာငွေ ၂ သိန်းအောက်ပဲရှိမှာဖြစ်ပါတယ်။

အဆိုပါ LG G Pad F2 8.0 Tablet ဟာဆိုရင် ဈေးနှုန်းသက်သာအောင်ပြုလုပ်ထားရတဲ့အတွက် Processor က MediaTek MT6750 CPU ကိုပဲသုံးစွဲထားမှာဖြစ်ပြီး RAM 2GB နဲ့ 16GB Storage ပါဝင်မှာဖြစ်ပါတယ်။

Screen ကတော့ 8″ WXGA (1280×800 Pixel) Display ကိုပဲ သုံးစွဲထားပြီး 5MP ကင်မရာပါဝင်တဲ့အပြင် Selfie Camera လည်းပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Tablet ဟာ Budget အမျိုးအစားဖြစ်ပေမယ့် Android 7.0 Nougat ကို သုံးစွဲထားတာပဲဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ LG G Pad F2 8.0 က 3000mAh Battery ပါဝင်ပေမယ့် နောက်ထပ် Battery 4400mAh ကို တိုးချဲ့နိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် 7400mAh Battery ပမာဏနဲ့ သုံးစွဲနိုင်မှာပါ။ Stereo Speaker တွေလည်းပါဝင်ဦးမှာဖြစ်ပါတယ်။