Zawgyi

Mi 9 ကို တ႐ုတ္ျပည္မွာ မိတ္ဆက္ခဲ့တာ တစ္ပတ္ေလာက္ပဲ ရွိပါေသးတယ္။ ဘာစီလိုနာမွာ က်င္းပမယ့္ MWC ပြဲမတိုင္ခင္မွာပဲ မိတ္ဆက္ခဲ့တာျဖစ္ၿပီး Xiaomi ထုံးစံအတိုင္း Price-to-Performance Ratio အၾကမ္းစားနဲ႕မို႔ စမတ္ဖုန္းေလာကအတြင္း အေတာ္ေလး ဟိုးေလးတစ္ေက်ာ္ေက်ာ္ျဖစ္ခဲ့ပါတယ္။ အခုဆိုရင္ Global ဗားရွင္းကိုပါ Xiaomi ရဲ႕ ဝဘ္ဆိုက္မွာ ေတြ႕ေနရပါၿပီ။ 7nm ဖြဲ႕စည္းတည္ေဆာက္ပုံနဲ႕ Qualcomm ရဲ႕ Snapdragon 855 SoC ကို အသုံးျပဳထားၿပီး Flagship အဆင့္ AMOLED Display ေတြကို သုံးထားတဲ့ အျပင္ သာမာန္ Flagship တစ္လုံးထက္ ေစ်းသက္သာေနတာက Mi 9 ရဲ႕ အားသာခ်က္ေတြပါပဲ။

ဒါေပမယ့္ Mi 9 နဲ႕ ပတ္သက္ၿပီးေတာ့ အသုံးျပဳသူတစ္ခ်ိဳ႕ ကြန္ပလိန္းတက္ေနၾကတဲ့ အခ်က္တစ္ခ်က္ကေတာ့ သူ႕ရဲ႕ Notch ေလးပါပဲ။ Mi 9 ရဲ႕ Notch ဟာ OnePlus 6T ရဲ႕ Notch လိုမ်ိဳး မလွပဘူးလို႔ Xiaomi ကို ကြန္ပလိန္းတက္သူ မ်ားလာၿပီးတဲ့ေနာက္မွာေတာ့ Xiaomi ဘက္ကေန ေဆာ့ဖ္ဝဲလ္ အပ္ဒိတ္နဲ႕ အတူ ျပင္ဆင္ေပးလိုက္ပါၿပီ။

Mi 9 ရဲ႕ Notch ဟာ OnePlus 6T ရဲ႕ Waterdrop Notch လိုမ်ိဳး ေျပျပစ္မႈမရွိပါဘူး။ OnePlus 6T ရဲ႕ Notch လိုမ်ိဳး ဝိုက္ဝိုက္ေလး မဟုတ္ပဲ ႐ုတ္တရက္ၾကည့္လိုက္ရင္ စက္ဝိုင္းျခမ္းလို ျဖစ္ေနတာေတြ႕ရပါတယ္။ အဆိုပါ U ပုံစံ Notch ကိုႀကိဳက္တဲ့သူေတြလည္းရွိၿပီး OnePlus 6T မွာလို Waterdrop ပုံစံ Notch ကို ပိုမိုႏွစ္သက္တဲ့သူက မ်ားေနတာပါ။ Mi 9 ရဲ႕ Notch ကို ေနာက္ဆုံး အပ္ဒိတ္တင္ၿပီးေနာက္ ေျပာင္းလဲသြားပုံကိုေအာက္မွာ ေတြ႕နိုင္ပါတယ္။

Mi 9 ရဲ႕ Notch ဟာ ျပႆနာတစ္ခုလို႔ ေခၚဆိုရေလာက္တဲ့ အထိေတာ့ မဟုတ္ေပမယ့္ ဖုန္းတစ္လုံးကို လုံးဝ ဒီဇိုင္းပိုင္းေျပျပစ္ေနေစခ်င္တဲ့ သူေတြအတြက္ေတာ့ စိတ္ခုစရာ တစ္ခုလို ျဖစ္ေနပါတယ္။ အခုလို သုံးစြဲသူေတြဘက္က လိုအပ္ခ်က္ေတြကို ခ်က္ခ်င္း ျပင္ဆင္ေပးနိုင္တဲ့ Xiaomi ရဲ႕ အစြမ္းကေတာ့ ခ်ီးက်ဴးစရာပါပဲ။ အမွန္ကေတာ့ U ပုံစံနဲ႕ Notch ပါတဲ့ ပထမဆုံး Xiaomi ဖုန္းဟာ Mi 9 မဟုတ္ပဲ Redmi Note 7 နဲ႕ Mi Play မွာ ကတည္းက U ပုံစံ Notch နဲ႕ ထုတ္လုပ္ခဲ့တာပါ။ အဆိုပါ ဖုန္းေတြမွာလည္း Mi 9 လိုမ်ိဳး Notch စတိုင္ေျပာင္းနိုင္တဲ့ Option ကို ေနာက္ထပ္ ေဆာ့ဖ္ဝဲလ္ အပ္ဒိတ္ေတြမွာ ထည့္သြင္းေပးသြားနိုင္ပါတယ္။ MyTech ပရိတ္သတ္ႀကီးေရာ U ပုံစံ Notch ကို ႀကိဳက္လား၊ Waterdrop ပုံစံ Notch ေလးကိုပဲ ႀကိဳက္ႏွစ္သက္လား ဆိုတာ ေအာက္မွာ ဝင္ေရာက္ ကြန္မန႔္ေပးသြားနိုင္ပါတယ္ ခင္ဗ်။

Ref: XDA News

Unicode

ပထမဆုံး ဆော့ဖ်ဝဲလ် အပ်ဒိတ်နဲ့အတူ U ပုံစံ Notch ကနေ Waterdrop ပုံစံ Notch ပြောင်းလို့ရသွားတဲ့ Mi 9

Mi 9 ကို တရုတ်ပြည်မှာ မိတ်ဆက်ခဲ့တာ တစ်ပတ်လောက်ပဲ ရှိပါသေးတယ်။ ဘာစီလိုနာမှာ ကျင်းပမယ့် MWC ပွဲမတိုင်ခင်မှာပဲ မိတ်ဆက်ခဲ့တာဖြစ်ပြီး Xiaomi ထုံးစံအတိုင်း Price-to-Performance Ratio အကြမ်းစားနဲ့မို့ စမတ်ဖုန်းလောကအတွင်း အတော်လေး ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် Global ဗားရှင်းကိုပါ Xiaomi ရဲ့ ဝဘ်ဆိုက်မှာ တွေ့နေရပါပြီ။ 7nm ဖွဲ့စည်းတည်ဆောက်ပုံနဲ့ Qualcomm ရဲ့ Snapdragon 855 SoC ကို အသုံးပြုထားပြီး Flagship အဆင့် AMOLED Display တွေကို သုံးထားတဲ့ အပြင် သာမာန် Flagship တစ်လုံးထက် စျေးသက်သာနေတာက Mi 9 ရဲ့ အားသာချက်တွေပါပဲ။

ဒါပေမယ့် Mi 9 နဲ့ ပတ်သက်ပြီးတော့ အသုံးပြုသူတစ်ချို့ ကွန်ပလိန်းတက်နေကြတဲ့ အချက်တစ်ချက်ကတော့ သူ့ရဲ့ Notch လေးပါပဲ။ Mi 9 ရဲ့ Notch ဟာ OnePlus 6T ရဲ့ Notch လိုမျိုး မလှပဘူးလို့ Xiaomi ကို ကွန်ပလိန်းတက်သူ များလာပြီးတဲ့နောက်မှာတော့ Xiaomi ဘက်ကနေ ဆော့ဖ်ဝဲလ် အပ်ဒိတ်နဲ့ အတူ ပြင်ဆင်ပေးလိုက်ပါပြီ။

Mi 9 ရဲ့ Notch ဟာ OnePlus 6T ရဲ့ Waterdrop Notch လိုမျိုး ပြေပြစ်မှုမရှိပါဘူး။ OnePlus 6T ရဲ့ Notch လိုမျိုး ဝိုက်ဝိုက်လေး မဟုတ်ပဲ ရုတ်တရက်ကြည့်လိုက်ရင် စက်ဝိုင်းခြမ်းလို ဖြစ်နေတာတွေ့ရပါတယ်။ အဆိုပါ U ပုံစံ Notch ကိုကြိုက်တဲ့သူတွေလည်းရှိပြီး OnePlus 6T မှာလို Waterdrop ပုံစံ Notch ကို ပိုမိုနှစ်သက်တဲ့သူက များနေတာပါ။ Mi 9 ရဲ့ Notch ကို နောက်ဆုံး အပ်ဒိတ်တင်ပြီးနောက် ပြောင်းလဲသွားပုံကိုအောက်မှာ တွေ့နိုင်ပါတယ်။

Mi 9 ရဲ့ Notch ဟာ ပြဿနာတစ်ခုလို့ ခေါ်ဆိုရလောက်တဲ့ အထိတော့ မဟုတ်ပေမယ့် ဖုန်းတစ်လုံးကို လုံးဝ ဒီဇိုင်းပိုင်းပြေပြစ်နေစေချင်တဲ့ သူတွေအတွက်တော့ စိတ်ခုစရာ တစ်ခုလို ဖြစ်နေပါတယ်။ အခုလို သုံးစွဲသူတွေဘက်က လိုအပ်ချက်တွေကို ချက်ချင်း ပြင်ဆင်ပေးနိုင်တဲ့ Xiaomi ရဲ့ အစွမ်းကတော့ ချီးကျူးစရာပါပဲ။ အမှန်ကတော့ U ပုံစံနဲ့ Notch ပါတဲ့ ပထမဆုံး Xiaomi ဖုန်းဟာ Mi 9 မဟုတ်ပဲ Redmi Note 7 နဲ့ Mi Play မှာ ကတည်းက U ပုံစံ Notch နဲ့ ထုတ်လုပ်ခဲ့တာပါ။ အဆိုပါ ဖုန်းတွေမှာလည်း Mi 9 လိုမျိုး Notch စတိုင်ပြောင်းနိုင်တဲ့ Option ကို နောက်ထပ် ဆော့ဖ်ဝဲလ် အပ်ဒိတ်တွေမှာ ထည့်သွင်းပေးသွားနိုင်ပါတယ်။ MyTech ပရိတ်သတ်ကြီးရော U ပုံစံ Notch ကို ကြိုက်လား၊ Waterdrop ပုံစံ Notch လေးကိုပဲ ကြိုက်နှစ်သက်လား ဆိုတာ အောက်မှာ ဝင်ရောက် ကွန်မန့်ပေးသွားနိုင်ပါတယ် ခင်ဗျ။

Ref: XDA News