Zawgyi

ရက္အနည္းငယ္ အၾကာက Xioami ရဲ႕ ေနာက္ဆံုးထြက္ Flagship ဖုန္းျဖစ္လာမယ့္ Mi 9 ရဲ႕ ေနာက္ေက်ာဘက္ပံုေတြထြက္ေပၚလာခဲ့ပါတယ္။ အဆိုပါ ပံုမွာ ေနာက္ေက်ာဘက္ ကင္မရာ သံုးလံုးတြဲ စနစ္ကို ေတြ႕ရၿပီး လက္ေဗြစနစ္ကို ေနာက္ေက်ာဘက္မွာ မေတြ႕ရတဲ့အတြက္ In-Display Fingerprint Scanner ကိုသာ ထည့္သြင္းေပးမယ္လို႔ ယူဆခဲ့ၾကပါတယ္။ အခုေတာ့ Mi 9 ရဲ႕ ေနာက္ထပ္ ပံုတစ္ပံုထပ္ထြက္လာျပန္ပါၿပီ။ အခုထြက္ေပၚလာတဲ့ ပံုဟာလည္း Prototype (စမ္းသပ္ဆဲ) ဗားရွင္းျဖစ္ၿပီး ဖုန္းရဲ႕ ေနာက္ေက်ာဘက္ကိုပဲ ျမင္ရတာပါ။ အရင္ထြက္ထားတဲ့ ပံုနဲ႔ မတူတဲ့ အခ်က္ကေတာ့ ေနာက္ေက်ာဘက္ Fingerprint Scanner ကိုေတြ႕ရတဲ့ပါပဲ။

ဖုန္းကို အထူးျပဳလုပ္ထားတဲ့ ကာဗာထဲမွာထည့္ထားတာေၾကာင့္ ဖုန္းဒီဇိုုင္းကိုေတာ့ ေတြ႕ျမင္ရျခင္းမရွိပါဘူး။ ေနာက္ေက်ာဘက္ Fingerprint Scanner ပါဝင္လာတာကလြဲလို႔ က်န္တဲ့ အစိတ္အပိုင္းေတြကေတာ့ အရင္ထြက္ခဲ့တဲ့ပံုနဲ႔ အတူတူပါပဲ။ ျဖစ္ႏိုင္တာကေတာ့ Xiaomi ဟာ Mi 9 ကို Mi 8 တုန္းကလိုပဲ ႐ိုး႐ိုး Mi 9, Mi 9 Explorer Edition နဲ႔ Mi 9 Pro ဆိုၿပီး ဗားရွင္းအမ်ိဳးမ်ိဳးထုတ္ႏိုင္ပါတယ္။ အခုထြက္ေပၚလာတဲ့ပံုကေတာ့ Mi 9 ရဲ႕ ႐ိုး႐ိုး ဗားရွင္းျဖစ္ႏိုင္ၿပီး In-Display Fingerprint Scanner မပါဝင္ပါဘူး။ ပထမ ထြက္ေပၚလာခဲ့တဲ့ ပံုကေတာ့ Mi 9 Explorer Edition (သို႔မဟုတ္) Mi 9 Pro ျဖစ္ႏိုင္ပါတယ္။ သူ႔မွာေတာ့ In-Display Fingerprint Scanner ပါဝင္လာမွာပါ။

Xiaomi ဟာ သူ႔ရဲ႕ 2019 Flagship ဖုန္းျဖစ္လာမယ့္ Mi 9 Series ကို မၾကာခင္ မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ ထြက္ရွိထားတဲ့ပံုေတြအရ ကင္မရာပိုင္း ဦးစားေပးၿပီး Telephoto နဲ႔ Wide-angle Lens ေတြပါဝင္လာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ပ႐ိုဆက္ဆာပိုင္းမွာေတာ့ Qualcomm ရဲဲ နာမည္ႀကီး 2019 မိုဘိုင္းပ႐ိုဆက္ဆာျဖစ္တဲ့ Snapdragon 855 ကို RAM 6GB နဲ႔ တြဲဘက္ေပးထားႏိုင္ပါတယ္။ အေရွ႕ဘက္ မ်က္ႏွာျပင္မွာေတာ့ သမား႐ိုးက် Notch ကို ေတြ႕ျမင္ရမွာ မဟုတ္ေတာ့ပဲ Water drop Notch (သို႔မဟုတ္) Punch Hole Notch ကိုေတြ႕ျမင္ရႏိုင္ပါတယ္။ Wireless-charging ပါဝင္လာဖို႔လည္း ေမွ်ာ္လင့္ရၿပီး Mi Mix 3 လိုပဲ Wireless Charger ကို ဖုန္းနဲ႔အတူ တစ္ပါတည္း ထည့္သြင္းေပးလာႏိုင္ပါတယ္။

Ref: Gizmo China

Unicode

နောက်ကျောဘက် Fingerprint Scanner နဲ့ Mi 9 ရဲ့ Prototype ပုံတစ်ပုံ ထွက်ပေါ်လာ

ရက်အနည်းငယ် အကြာက Xioami ရဲ့ နောက်ဆုံးထွက် Flagship ဖုန်းဖြစ်လာမယ့် Mi 9 ရဲ့ နောက်ကျောဘက်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ပုံမှာ နောက်ကျောဘက် ကင်မရာ သုံးလုံးတွဲ စနစ်ကို တွေ့ရပြီး လက်ဗွေစနစ်ကို နောက်ကျောဘက်မှာ မတွေ့ရတဲ့အတွက် In-Display Fingerprint Scanner ကိုသာ ထည့်သွင်းပေးမယ်လို့ ယူဆခဲ့ကြပါတယ်။ အခုတော့ Mi 9 ရဲ့ နောက်ထပ် ပုံတစ်ပုံထပ်ထွက်လာပြန်ပါပြီ။ အခုထွက်ပေါ်လာတဲ့ ပုံဟာလည်း Prototype (စမ်းသပ်ဆဲ) ဗားရှင်းဖြစ်ပြီး ဖုန်းရဲ့ နောက်ကျောဘက်ကိုပဲ မြင်ရတာပါ။ အရင်ထွက်ထားတဲ့ ပုံနဲ့ မတူတဲ့ အချက်ကတော့ နောက်ကျောဘက် Fingerprint Scanner ကိုတွေ့ရတဲ့ပါပဲ။

ဖုန်းကို အထူးပြုလုပ်ထားတဲ့ ကာဗာထဲမှာထည့်ထားတာကြောင့် ဖုန်းဒီဇိုုင်းကိုတော့ တွေ့မြင်ရခြင်းမရှိပါဘူး။ နောက်ကျောဘက် Fingerprint Scanner ပါဝင်လာတာကလွဲလို့ ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ အရင်ထွက်ခဲ့တဲ့ပုံနဲ့ အတူတူပါပဲ။ ဖြစ်နိုင်တာကတော့ Xiaomi ဟာ Mi 9 ကို Mi 8 တုန်းကလိုပဲ ရိုးရိုး Mi 9, Mi 9 Explorer Edition နဲ့ Mi 9 Pro ဆိုပြီး ဗားရှင်းအမျိုးမျိုးထုတ်နိုင်ပါတယ်။ အခုထွက်ပေါ်လာတဲ့ပုံကတော့ Mi 9 ရဲ့ ရိုးရိုး ဗားရှင်းဖြစ်နိုင်ပြီး In-Display Fingerprint Scanner မပါဝင်ပါဘူး။ ပထမ ထွက်ပေါ်လာခဲ့တဲ့ ပုံကတော့ Mi 9 Explorer Edition (သို့မဟုတ်) Mi 9 Pro ဖြစ်နိုင်ပါတယ်။ သူ့မှာတော့ In-Display Fingerprint Scanner ပါဝင်လာမှာပါ။

Xiaomi ဟာ သူ့ရဲ့ 2019 Flagship ဖုန်းဖြစ်လာမယ့် Mi 9 Series ကို မကြာခင် မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ထွက်ရှိထားတဲ့ပုံတွေအရ ကင်မရာပိုင်း ဦးစားပေးပြီး Telephoto နဲ့ Wide-angle Lens တွေပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ပရိုဆက်ဆာပိုင်းမှာတော့ Qualcomm ရဲ နာမည်ကြီး 2019 မိုဘိုင်းပရိုဆက်ဆာဖြစ်တဲ့ Snapdragon 855 ကို RAM 6GB နဲ့ တွဲဘက်ပေးထားနိုင်ပါတယ်။ အရှေ့ဘက် မျက်နှာပြင်မှာတော့ သမားရိုးကျ Notch ကို တွေ့မြင်ရမှာ မဟုတ်တော့ပဲ Water drop Notch (သို့မဟုတ်) Punch Hole Notch ကိုတွေ့မြင်ရနိုင်ပါတယ်။ Wireless-charging ပါဝင်လာဖို့လည်း မျှော်လင့်ရပြီး Mi Mix 3 လိုပဲ Wireless Charger ကို ဖုန်းနဲ့အတူ တစ်ပါတည်း ထည့်သွင်းပေးလာနိုင်ပါတယ်။

Ref: Gizmo China