Apple ဟာ သူတုိ႔ရဲ႕ စမတ္နာရီေတြအတြက္ တူညီတဲ့ဒီဇုိင္းတစ္ခုထဲကို သုံးႏွစ္ဆက္တုိက္ အသုံးျပဳခဲ့ျပီး အေသးစား Hardware ေျပာင္းလဲတုိးျမွင့္မႈေတြပဲ လုပ္ခဲ့တာပါ။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ အေျပာင္းလဲၾကီး ေျပာင္းလဲသြားျပီး Apple Watch Series 4 အတြက္ ၾကီးမားတဲ့ ေျပာင္းလဲမႈေတြကို ယူေဆာင္လာခဲ့ပါတယ္။

ဒီဇုိင္း Concept ကေတာ့ အမ်ားစုဆင္တူေနေပမယ့္ အရြယ္အစား သိသိသာသာၾကီးမားလာျပီး ပိုၾကီးတဲ့ Display ပါဝင္လာပါတယ္။ အရင္က 38mm နဲ႔ 42mm ေမာ္ဒယ္ေတြအစား 40mm နဲ႔ 44mm အရြယ္ႏွစ္မ်ဳိး ထုတ္လာတဲ့အတြက္ နာရီေတြရဲ႕ Screen ေတြဟာ 35% နဲ႔ 32% အရင္ထက္ ပိုၾကီးလာပါျပီ။

အသစ္ပါဝင္လာတဲ့ WatchOS ကလည္း ဒီလို Screen အၾကီးေတြရဲ႕ စြမ္းအားကို အျပည့္အဝ အသုံးခ်လာကာ Watch Face ေတြမွာ ပိုထင္ရွားတဲ့ အခ်က္အလက္ေတြကို ျမင္ရႏုိင္ပါတယ္။ နာရီရဲ႕ Crown လက္တံကိုလည္း တုိးျမွင့္ထားျပီး ပိုစီးပုိင္တဲ့ အထိအေတြ႕နဲ႔ သိသာစြာ ေကာင္းမြန္လာမယ့္ လုပ္ေဆာင္ႏုိင္စြမ္း ထပ္ျဖည့္ထားတယ္လုိ႔ ဆုိပါတယ္။ နာရီရဲ႕ စပီကာေတြကလည္း အရင္မ်ဳိးဆက္ေတြထက္ 50% ပုိက်ယ္မွာပါ။

iPhone Xs အသစ္ေတြကို Apple A12 Bionic ခ်စ္ပ္ဆက္အသစ္ သုံးလာသလုိပဲ Watch Series 4 ေတြကိုလည္း Apple S4 ခ်စ္ပ္အသစ္ အသုံးျပဳလာျပီး Dual-Core 64-Bit CPU နဲ႔ ပိုအားေကာင္းတဲ့ GPU တုိ႔ သုံးစြဲထားပါတယ္။ Apple S3 နဲ႔ယွဥ္ရင္ စြမ္းေဆာင္ရည္ ႏွစ္ဆ ပိုေကာင္းလာမယ္လုိ႔ သိရပါတယ္။

စမတ္လက္ဝတ္ပစၥည္းတစ္ခုမွာ ပါသင့္တဲ့ ဆင္ဆာစနစ္ေတြ အကုန္ပါဝင္ေပမယ့္ ဒီေနရာမွာ Apple ရဲ႕ အၾကီးမားဆုံး ဝွက္ဖဲကေတာ့ ECG (Electrocardiography) Monitor ကိုထည့္သြင္းထားတဲ့အတြက္ ဝတ္ဆင္သူ ရဲ႕ႏွလုံးခုန္ပုံကို Track လိုက္ရာမွာ ပိုျပီးျမင့္မားတဲ့ စြမ္းေဆာင္ရည္ကို ၾကဳံေတြ႕ရမွာပါ။ ကိုယ့္ႏွလုံးခုန္ခ်က္ မူမွန္မမွန္ကို စစ္ေဆးဖို႔အတြက္ နာရီ Crown တံေပၚကို လက္ေခ်ာင္းတစ္ေခ်ာင္း စကၠန္႔သုံးဆယ္ေလာက္ တင္ထားရမွာ ျဖစ္ျပီး မူမမွန္တဲ့ ႏွလုံးခုန္ခ်က္ေတြကို စစ္ေဆးေပးတာလို ပုိျမင့္တဲ့ ႏွလုံးခုန္ခ်က္ Tracking Feature ေတြကို သုံးစြဲႏုိင္မွာ ျဖစ္ပါတယ္။ လက္ရွိမွာ Apple Watch Series 4 ရဲ႕ ဒီလုပ္ေဆာင္ခ်က္ကို FDA ကပါ အသိအမွတ္ျပဳထားတာ ျဖစ္ျပီး ၂၀၁၈ ႏွစ္ကုန္ပိုင္းမွာ ေနာက္ထပ္ Feature အသစ္ေတြ ထပ္ထည့္ေပးမယ္လို႔လဲ Apple မွထပ္မံကတိေပးထားပါတယ္။

ပိုျပီး နည္းပညာျမင့္တဲ့ Gyroscope Sensor အသစ္ကလည္း စမတ္နာရီထဲကေန ကိုယ့္ရဲ႕ လႈပ္ရွားမႈကို ေျခရာခံေနမွာျဖစ္ျပီး ရုတ္တရက္ေခ်ာ္လဲတာ၊ လဲက်သြားတာကိုပါ သိနားလည္ႏုိင္တဲ့ စနစ္ပါဝင္လာပါတယ္။ ဒါ့ေၾကာင့္ သင္ဟာ ဒီနာရီအသစ္ကို ဝတ္ဆင္ထားရင္း ေလွကားေပၚက ျပဳတ္က်မယ္ဆုိရင္ Apple စမတ္နာရီက အလိုအေလွ်ာက္ အေရးေပၚဖုန္းနံပါတ္ကို ေခၚမလားဆုိတဲ့ မက္ေဆ့ေပၚလာမွာျဖစ္ျပီး ငါးစကၠန္႔ၾကာလို႔မွ သင့္ဆီက တုံ႔ျပန္မႈ မရခဲ့ရင္ Apple ရဲ႕အသံလက္ေထာက္နည္းပညာ Siri က လူနာတင္ကားကို အလိုအေလွ်ာက္ ေခၚသြားမွာပါ။

ဒီလိုျမင့္မားတဲ့ နည္းပညာနဲ႔ အာရုံခံစနစ္ေတြ ပါဝင္ေနတာေၾကာင့္ ဘတၳရီသက္တမ္းေရာ ဘယ္ေလာက္ ခံႏုိင္မလဲလုိ႔ ေမးစရာျဖစ္ပါလိမ့္မယ္။ Apple ဟာ ဘတၳရီစြမ္းအားနဲ႔ ပတ္သက္လို႔ေတာ့ တိတိက်က်မေျပာခဲ့ေပမဲ့ ပုံမွန္အတုိင္း မ်ဳိးစုံေရာေႏွာအသုံးျပဳျခင္းနဲ႔ ၁၈ နာရီၾကာထိ ခံႏုိင္ရည္ရွိဦးမယ္လို႔ ယူဆရပါတယ္။ Bluetooth 5.0 Connectivity ေထာက္ပံ့မႈကလည္း ဘတၳရီသက္တမ္းကို ပိုၾကာရွည္ခံေစမွာပါ။

ရွိျပီးသား Apple Watch ပုိင္ရွင္ေတြအတြက္ သတင္းေကာင္းေနာက္တစ္ခုက နာရီအသစ္ေတြဟာ အရင္က ထုတ္ခဲ့တဲ့ လက္ပတ္ေတြနဲ႔ ကုိက္ညီအသုံးျပဳႏုိင္တယ္ ဆုိတာပါပဲ။ ဒါ့အျပင္ ကုမၸဏီက ေနာက္ထပ္ လယ္သာလက္ပတ္ၾကိဳးအသစ္ေတြ ထပ္မံမိတ္ဆက္ခဲ့ေသးျပီး ေရႊေရာင္စတီးအနားကြပ္အသစ္လည္း ပါဝင္တယ္။

ေစ်းႏႈန္းေတြကေတာ့ GPS သီးသန္႔ဗားရွင္းဟာ $399 ေဒၚလာ က်သင့္မွာျဖစ္ျပီး LTE ေကာ္နက္ရွင္ပါ ရႏုိင္တဲ့ ေမာ္ဒယ္ကေတာ့ $499 ေဒၚလာကေန စတင္မွာ ျဖစ္ပါတယ္။ ေမာ္ဒယ္ႏွစ္မ်ဳိးစလုံးဟာ ေနာက္အပတ္ ေသာၾကာေန႔မွာ ေစ်းကြက္ထဲ ဝင္လာေတာ့မွာပါ။ Watch OS 5 ကိုလည္း စက္တင္ဘာ ၁၇ ရက္ေန႔မွာ UI အသစ္နဲ႔ App Feature အသစ္ေတြ ထည့္သြင္းျပီး Update ျပဳလုပ္ခြင့္ေပးသြားေတာ့မွာ ျဖစ္ပါတယ္။

Watch Series 4 အသစ္ေတြကို အေစာပိုင္းမွာ ႏုိင္ငံ ၂၆ ခုမွာပဲ ေရာင္းခ်သြားမွာျဖစ္ျပီး LTE ရႏုိင္တဲ့ ဗားရွင္းက ၁၆ ႏုိင္ငံမွာသာ ေရာင္းခ်သြားမွာပါ။

Ref – https://www.gsmarena.com/apple_watch_series_4_announced__all_with_ceramic_backs_and_ecg_monitors-news-33232.php

Unicode

Apple ဟာ သူတို့ရဲ့ စမတ်နာရီတွေအတွက် တူညီတဲ့ဒီဇိုင်းတစ်ခုထဲကို သုံးနှစ်ဆက်တိုက် အသုံးပြုခဲ့ပြီး အသေးစား Hardware ပြောင်းလဲတိုးမြှင့်မှုတွေပဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး Apple Watch Series 4 အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ယူဆောင်လာခဲ့ပါတယ်။

ဒီဇိုင်း Concept ကတော့ အများစုဆင်တူနေပေမယ့် အရွယ်အစား သိသိသာသာကြီးမားလာပြီး ပိုကြီးတဲ့ Display ပါဝင်လာပါတယ်။ အရင်က 38mm နဲ့ 42mm မော်ဒယ်တွေအစား 40mm နဲ့ 44mm အရွယ်နှစ်မျိုး ထုတ်လာတဲ့အတွက် နာရီတွေရဲ့ Screen တွေဟာ 35% နဲ့ 32% အရင်ထက် ပိုကြီးလာပါပြီ။

အသစ်ပါဝင်လာတဲ့ WatchOS ကလည်း ဒီလို Screen အကြီးတွေရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချလာကာ Watch Face တွေမှာ ပိုထင်ရှားတဲ့ အချက်အလက်တွေကို မြင်ရနိုင်ပါတယ်။ နာရီရဲ့ Crown လက်တံကိုလည်း တိုးမြှင့်ထားပြီး ပိုစီးပိုင်တဲ့ အထိအတွေ့နဲ့ သိသာစွာ ကောင်းမွန်လာမယ့် လုပ်ဆောင်နိုင်စွမ်း ထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။ နာရီရဲ့ စပီကာတွေကလည်း အရင်မျိုးဆက်တွေထက် 50% ပိုကျယ်မှာပါ။

iPhone Xs အသစ်တွေကို Apple A12 Bionic ချစ်ပ်ဆက်အသစ် သုံးလာသလိုပဲ Watch Series 4 တွေကိုလည်း Apple S4 ချစ်ပ်အသစ် အသုံးပြုလာပြီး Dual-Core 64-Bit CPU နဲ့ ပိုအားကောင်းတဲ့ GPU တို့ သုံးစွဲထားပါတယ်။ Apple S3 နဲ့ယှဉ်ရင် စွမ်းဆောင်ရည် နှစ်ဆ ပိုကောင်းလာမယ်လို့ သိရပါတယ်။

စမတ်လက်ဝတ်ပစ္စည်းတစ်ခုမှာ ပါသင့်တဲ့ ဆင်ဆာစနစ်တွေ အကုန်ပါဝင်ပေမယ့် ဒီနေရာမှာ Apple ရဲ့ အကြီးမားဆုံး ဝှက်ဖဲကတော့ ECG (Electrocardiography) Monitor ကိုထည့်သွင်းထားတဲ့အတွက် ဝတ်ဆင်သူ ရဲ့နှလုံးခုန်ပုံကို Track လိုက်ရာမှာ ပိုပြီးမြင့်မားတဲ့ စွမ်းဆောင်ရည်ကို ကြုံတွေ့ရမှာပါ။ ကိုယ့်နှလုံးခုန်ချက် မူမှန်မမှန်ကို စစ်ဆေးဖို့အတွက် နာရီ Crown တံပေါ်ကို လက်ချောင်းတစ်ချောင်း စက္ကန့်သုံးဆယ်လောက် တင်ထားရမှာ ဖြစ်ပြီး မူမမှန်တဲ့ နှလုံးခုန်ချက်တွေကို စစ်ဆေးပေးတာလို ပိုမြင့်တဲ့ နှလုံးခုန်ချက် Tracking Feature တွေကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ Apple Watch Series 4 ရဲ့ ဒီလုပ်ဆောင်ချက်ကို FDA ကပါ အသိအမှတ်ပြုထားတာ ဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ နောက်ထပ် Feature အသစ်တွေ ထပ်ထည့်ပေးမယ်လို့လဲ Apple မှထပ်မံကတိပေးထားပါတယ်။

ပိုပြီး နည်းပညာမြင့်တဲ့ Gyroscope Sensor အသစ်ကလည်း စမတ်နာရီထဲကနေ ကိုယ့်ရဲ့ လှုပ်ရှားမှုကို ခြေရာခံနေမှာဖြစ်ပြီး ရုတ်တရက်ချော်လဲတာ၊ လဲကျသွားတာကိုပါ သိနားလည်နိုင်တဲ့ စနစ်ပါဝင်လာပါတယ်။ ဒါ့ကြောင့် သင်ဟာ ဒီနာရီအသစ်ကို ဝတ်ဆင်ထားရင်း လှေကားပေါ်က ပြုတ်ကျမယ်ဆိုရင် Apple စမတ်နာရီက အလိုအလျှောက် အရေးပေါ်ဖုန်းနံပါတ်ကို ခေါ်မလားဆိုတဲ့ မက်ဆေ့ပေါ်လာမှာဖြစ်ပြီး ငါးစက္ကန့်ကြာလို့မှ သင့်ဆီက တုံ့ပြန်မှု မရခဲ့ရင် Apple ရဲ့အသံလက်ထောက်နည်းပညာ Siri က လူနာတင်ကားကို အလိုအလျှောက် ခေါ်သွားမှာပါ။

ဒီလိုမြင့်မားတဲ့ နည်းပညာနဲ့ အာရုံခံစနစ်တွေ ပါဝင်နေတာကြောင့် ဘတ္ထရီသက်တမ်းရော ဘယ်လောက် ခံနိုင်မလဲလို့ မေးစရာဖြစ်ပါလိမ့်မယ်။ Apple ဟာ ဘတ္ထရီစွမ်းအားနဲ့ ပတ်သက်လို့တော့ တိတိကျကျမပြောခဲ့ပေမဲ့ ပုံမှန်အတိုင်း မျိုးစုံရောနှောအသုံးပြုခြင်းနဲ့ ၁၈ နာရီကြာထိ ခံနိုင်ရည်ရှိဦးမယ်လို့ ယူဆရပါတယ်။ Bluetooth 5.0 Connectivity ထောက်ပံ့မှုကလည်း ဘတ္ထရီသက်တမ်းကို ပိုကြာရှည်ခံစေမှာပါ။

ရှိပြီးသား Apple Watch ပိုင်ရှင်တွေအတွက် သတင်းကောင်းနောက်တစ်ခုက နာရီအသစ်တွေဟာ အရင်က ထုတ်ခဲ့တဲ့ လက်ပတ်တွေနဲ့ ကိုက်ညီအသုံးပြုနိုင်တယ် ဆိုတာပါပဲ။ ဒါ့အပြင် ကုမ္ပဏီက နောက်ထပ် လယ်သာလက်ပတ်ကြိုးအသစ်တွေ ထပ်မံမိတ်ဆက်ခဲ့သေးပြီး ရွှေရောင်စတီးအနားကွပ်အသစ်လည်း ပါဝင်တယ်။

ဈေးနှုန်းတွေကတော့ GPS သီးသန့်ဗားရှင်းဟာ $399 ဒေါ်လာ ကျသင့်မှာဖြစ်ပြီး LTE ကော်နက်ရှင်ပါ ရနိုင်တဲ့ မော်ဒယ်ကတော့ $499 ဒေါ်လာကနေ စတင်မှာ ဖြစ်ပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးဟာ နောက်အပတ် သောကြာနေ့မှာ ဈေးကွက်ထဲ ဝင်လာတော့မှာပါ။ Watch OS 5 ကိုလည်း စက်တင်ဘာ ၁၇ ရက်နေ့မှာ UI အသစ်နဲ့ App Feature အသစ်တွေ ထည့်သွင်းပြီး Update ပြုလုပ်ခွင့်ပေးသွားတော့မှာ ဖြစ်ပါတယ်။

Watch Series 4 အသစ်တွေကို အစောပိုင်းမှာ နိုင်ငံ ၂၆ ခုမှာပဲ ရောင်းချသွားမှာဖြစ်ပြီး LTE ရနိုင်တဲ့ ဗားရှင်းက ၁၆ နိုင်ငံမှာသာ ရောင်းချသွားမှာပါ။

Ref – https://www.gsmarena.com/apple_watch_series_4_announced__all_with_ceramic_backs_and_ecg_monitors-news-33232.php