[Zawgyi]

Apple ရဲ႕ iPad Pro အသစ္ဟာ ေအာက္တိုဘာ ၃၀ မွာ ထြက္မယ္လို႔ သတင္းေတြ ႀကီးေနခဲ့တာ ၾကာပါၿပီ။ ဒါေပမယ့္ အခုအခ်ိန္ထိ တိက်ေသခ်ာတဲ့ ပုံစံနဲ႔ အစိတ္အပိုင္းေတြကို မေတြ႕ရေသးပါဘူး။ နည္းပညာေလာကရဲ႕ ထုံးစံအတိုင္း သတင္းယိုစိမ့္မႈေလးေတြကိုသာ ေတြ႕ေနရပါတယ္။

လြန္ခဲ့တဲ့ ၾသဂုတ္လတုန္းက iOS 12 Developer ဘက္ကေန ထြက္ေပၚလာခဲ့တဲ့ ေကာလာဟလတစ္ခုကေတာ့ အသစ္ထြက္မယ့္ iPad Pro ဟာ အလြန္က်ဥ္းေျမာင္းတဲ့ Bezels ေတြနဲ႔ျဖစ္ၿပီး Home button လည္း ပါဝင္မွာမဟုတ္ဘူး ဆိုတာပါပဲ။ အခုေတာ့ 9to5Mac ကေန ဒီေကာလာဟလကို ခိုင္မာေစမယ့္ အတည္ျပဳတဲ့သေဘာသက္ေရာက္တဲ့ သတင္းကို လႊင့္တင္ခဲ့ပါတယ္။

9to5Mac က New iPad Pro လို႔ေျပာရမယ့္ Image တစ္ခုကိုထုတ္ျပခဲ့တာပါ။ ဒီ Image မွာေတာ့ iPad Pro ဟာ Bezels ေတြ ေသးသြားတာ ေတြ႕ရပါတယ္။ ေထာင့္ခ်ိဳးေတြ ပိုၿပီးေျပျပစ္ လုံးဝန္းသြားပါတယ္။ Notch မပါဝင္ပါဘူး။ Home button လည္း မပါဝင္ပါဘူး။ ပုံမွာေတြ႕ရတာကေတာ့ ေဘးဘက္မွာ အသံအတိုးအခ်ဲ႕ ခလုတ္ရွိပါတယ္။ ထိပ္မွာေတာ့ Sleep/wake ခလုတ္ရွိပါတယ္။

အျခားေကာလာဟလေတြမွာေတာ့ New iPad pro အေနနဲ႔ မ်က္ႏွာျပင္ပိုႀကီးလာမယ္၊ Face ID စနစ္ပါဝင္လာမယ္ ၊ USB-C အမ်ိဳးအစားျဖစ္လာမယ္၊ Apple Pencil ကို Update လုပ္လာမယ္ ဆိုတာေတြပဲ ေတြ႕ရပါတယ္။ ေနာက္တစ္ခုက Headphone jack ပါဝင္လာဖြယ္ မရွိဘူးဆိုတာပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္ လာမယ့္ ေအာက္တိုဘာ ၃၀ New York City မွာ က်င္းပျပဳလုပ္မယ့္ iPad Pro and Mac event မွာေတာ့ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရေတာ့မွာပဲ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

Apple ရဲ့ iPad Pro အသစ်ဟာ အောက်တိုဘာ ၃၀ မှာ ထွက်မယ်လို့ သတင်းတွေ ကြီးနေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အခုအချိန်ထိ တိကျသေချာတဲ့ ပုံစံနဲ့ အစိတ်အပိုင်းတွေကို မတွေ့ရသေးပါဘူး။ နည်းပညာလောကရဲ့ ထုံးစံအတိုင်း သတင်းယိုစိမ့်မှုလေးတွေကိုသာ တွေ့နေရပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လတုန်းက iOS 12 Developer ဘက်ကနေ ထွက်ပေါ်လာခဲ့တဲ့ ကောလာဟလတစ်ခုကတော့ အသစ်ထွက်မယ့် iPad Pro ဟာ အလွန်ကျဉ်းမြောင်းတဲ့ Bezels တွေနဲ့ဖြစ်ပြီး Home button လည်း ပါဝင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ အခုတော့ 9to5Mac ကနေ ဒီကောလာဟလကို ခိုင်မာစေမယ့် အတည်ပြုတဲ့သဘောသက်ရောက်တဲ့ သတင်းကို လွှင့်တင်ခဲ့ပါတယ်။

9to5Mac က New iPad Pro လို့ပြောရမယ့် Image တစ်ခုကိုထုတ်ပြခဲ့တာပါ။ ဒီ Image မှာတော့ iPad Pro ဟာ Bezels တွေ သေးသွားတာ တွေ့ရပါတယ်။ ထောင့်ချိုးတွေ ပိုပြီးပြေပြစ် လုံးဝန်းသွားပါတယ်။ Notch မပါဝင်ပါဘူး။ Home button လည်း မပါဝင်ပါဘူး။ ပုံမှာတွေ့ရတာကတော့ ဘေးဘက်မှာ အသံအတိုးအချဲ့ ခလုတ်ရှိပါတယ်။ ထိပ်မှာတော့ Sleep/wake ခလုတ်ရှိပါတယ်။

အခြားကောလာဟလတွေမှာတော့ New iPad pro အနေနဲ့ မျက်နှာပြင်ပိုကြီးလာမယ်၊ Face ID စနစ်ပါဝင်လာမယ် ၊ USB-C အမျိုးအစားဖြစ်လာမယ်၊ Apple Pencil ကို Update လုပ်လာမယ် ဆိုတာတွေပဲ တွေ့ရပါတယ်။ နောက်တစ်ခုက Headphone jack ပါဝင်လာဖွယ် မရှိဘူးဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လာမယ့် အောက်တိုဘာ ၃၀ New York City မှာ ကျင်းပပြုလုပ်မယ့် iPad Pro and Mac event မှာတော့ မျက်ဝါးထင်ထင် မြင်တွေ့ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: The Verge