OnePlus က စွမ်းရည်မြင့် ကြိုးမဲ့နားကြပ်အသစ်ကို ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ 91mobiles က အဲဒီ နားကြပ်ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပါတယ်။ OnePlus Buds Pro 2 လို့ အမည်ပေးထားပြီး ဓါတ်ပုံမှာ Olive Green အရောင်ကို မြင်ရပါတယ်။ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ အများကြီး ဆင်တူပါတယ်။

Case မှာ Dynaudio Branding ကို တွေ့ရတဲ့အတွက် OnePlus ဟာ ဒိန်းမတ် အသံပညာရှင်တွေနဲ့ ပူးပေါင်းကာ နားကြပ်ရဲ့ အသံအရည်အသွေးကို ဖန်တီးထားတာ ဖြစ်ပါတယ်။ နားကြပ်ရဲ့ တခြား ဟာ့ဒ်ဝဲတွေက ပထမမျိုးဆက် OnePlus Buds Pro နဲ့ အများကြီး တူညီနိုင်ပါတယ်။

ပေါက်ကြားနေတဲ့ Specs တွေအရ Buds Pro 2 မှာ Dual Driver ပါလာမှာ ဖြစ်ပြီး နားကြပ် ၁ ခုစီမှာ 11mm Woofer နဲ့ 6mm Tweeter ၁ ခုစီ တပ်ဆင်ထားမှာပါ။ Bluetooth 5.2 ဆက်သွယ်မှုနဲ့ LHDC 4.0 High-res Codec ပါလာမှာပါ။

OnePlus Buds Pro 2 မှာ Spatial Audio ထည့်သွင်းထားမှာ ဖြစ်ပြီး ပြင်ပ ဆူညံသံကို 45dB အထိ လျှော့ချပေးနိုင်တဲ့ Active Noise Cancellation ထောက်ပံ့ထားမှာပါ။ တစ်ခါအားသွင်းထားရင် ဘက်ထရီ သက်တမ်းက ၆ နာရီ၊ Case က ဘက်ထရီနဲ့ ပေါင်းလိုက်ရင် ၂၂ နာရီအထိ အသုံးခံမှာ ဖြစ်ပါတယ်။

Ref : gsmarena