RED ဆိုတဲ့ ကုမ္ပဏီဟာ လက်ရှိမှာ အကောင်းဆုံးဆိုတဲ့ 4K နဲ့ 8K Video Camera တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ ကင်မရာ ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက RED Hydrogen One နာမည်နဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

အခုအချိန်မှာတော့ RED Hydrogen One စမတ်ဖုန်းဟာ လာမယ့် သြဂုတ်လအတွင်းမှာ ထုတ်လုပ်သွားမယ်လို့ တရားဝင်သတင်းတွေထွက်ပေါ်လာပြီး အဆိုပါ RED Hydrogen One စမတ်ဖုန်းရဲ့ သတင်းတွေကလည်း ထင်ရှားလာခဲ့ပါတယ်။

အခု RED Hydrogen One စမတ်ဖုန်းမှာ စိတ်လှုပ်ရှားဖို့အကောင်းဆုံးအရာကတော့ 4 View Display လို့ နာမည်ပေးထားတဲ့ Holographic Display ပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် သာမန် Display ဆိုတာထက် ပုံရိပ်တွေက လေပေါ်မှာရှိနေသလိုမျိုး Hologram အနေနဲ့ မြင်နေရမှာပဲဖြစ်ပါတယ်။

ဒါ့ထက် ပိုပြီး အံ့သြဖို့ကောင်းတာက အခု စမတ်ဖုန်းဟာ သာမန် Content တွေကို Hologram အနေနဲ့ ဖော်ပြပေးနိုင်တဲ့အပြင် Video Call ခေါ်နေတဲ့အချိန်မှာပါ Real Time အနေနဲ့ ဖုန်းခေါ်နေတဲ့သူကို Hologram နဲ့ 3D ပုံစံပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။ အခုလိုမျိုး ပြုလုပ်ပေးနိုင်ဖို့အတွက် RED Hydrogen One စမတ်ဖုန်းမှာ 5.7″ Quad HD Display ကိုတပ်ဆင်ထားပြီး နောက်ကွယ်က LCD ဟာ လိုချင်သမျှ နေရာမျိုးစုံကို အလင်းပေးနိုင်တယ်လို့ သိရပါတယ်။

Specifications အနေနဲ့ကတော့ Qualcomm Snapdragon 835 Processor ၊ 4500mAh Battery နဲ့ Stereo Speaker ၊ USB C တွေပါဝင်လာမယ်လို့ သိထားရပြီးတော့ အခြားသော အချက်အလက်တွေကတော့ မသိရသေးဘူးပဲဖြစ်ပါတယ်။

ကင်မရာအနေနဲ့ကတော့ RED ကုမ္ပဏီကနေ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ အကောင်းဆုံးသော Manual Control တွေ၊ Focusing Mode တွေ၊ F-stops ရွေးချယ်နိုင်တာတွေကို ပြုလုပ်လာနိုင်မှာဖြစ်ပြီးတော့ လုံးဝအလန်းစား အချက်ကတော့ လက်ရှိ Professional Lens တွေကိုပါ အခု RED Hydrogen One စမတ်ဖုန်းမှာ တပ်ပြီး အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခု RED စမတ်ဖုန်းက လက်ရှိ စမတ်ဖုန်းတွေထဲမှာ အလန်းဆုံးဖြစ်လာနိုင်သလို ဈေးနှုန်းအရလည်း အလွန်များပြားမှာဖြစ်ပြီးတော့ ဒေါ်လာ ၁၂၀၀ ကနေ ဒေါ်လာ ၁၆၀၀ အထိ ရှိမယ်လို့ အစောပိုင်း သတင်းတွေအရသိရပါတယ်။