Zawgyi

အခုေနာက္ပိုင္းမွာ True Wireless Earbuds လုိ႔ ေျပာလုိ႔ရတဲ့ Apple AirPods လုိမ်ိဳး ၾကိဳးမပါတဲ့ Bluetooth Wireless Earbuds ေတြ ေခတ္စားေနတယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ဒါေပမယ့္ အဆုိပါ True Wireless Earbuds ေတာ္ေတာ္မ်ားမ်ားက ပံုမွန္ ၾကိဳးနဲ႔ Bluetooth Earbuds ေတြထက္ေတာင္ ေစ်းပိုၾကီးေနတတ္ပါတယ္။

Xiaomi ကလည္း မႏွစ္တုန္းက Mi AirDots ဆိုတဲ့နာမည္နဲ႔ True Wireless Earbuds ေတြကို ထုတ္ခဲ့ေသးေပးမယ့္ ေစ်းႏႈန္းအရ အနည္းငယ္မ်ားေနခဲ့ပါေသးတယ္။ အဲ့ဒါေၾကာင့္ ျပီးခဲ့တဲ့လ အေစာပိုင္းမွာ Xiaomi ရဲ႕ Brand အခြဲျဖစ္လာတဲ့ Redmi ကေန ပိုျပီးေစ်းသက္သာတဲ့ Redmi AirDots Earbuds ေတြကို ထုတ္ေပးခဲ့ပါတယ္။

အဆုိပါ Redmi AirDots Earbuds ေတြက ေစ်းႏႈန္းအေနနဲ႔ ၉၉ ယြမ္သာက်သင့္ျပီးေတာ့ ျမန္မာႏုိင္ငံမွာလည္း ေငြက်ပ္ ၂ ေသာင္းခြဲဝန္းက်င္ေလာက္နဲ႔ ဝယ္ယူႏုိင္ေနတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီ True Wireless Earbuds ေတြထဲမွာ ေစ်းအသက္သာဆံုးျဖစ္ေနတယ္လုိ႔ ေျပာရင္လည္းမမွားပါဘူး။

အခုအခ်ိန္မွာေတာ့ Xiaomi ကေန အခု Redmi AirDots ေတြက အလြန္ကိုေအာင္ျမင္ခဲ့ျပီး စတင္ေရာင္းခ်ျပီး ၁ လအတြင္းမွာတင္ အလံုးေရ ၁ သန္းေက်ာ္ေရာင္းခ်ရျပီးျပီလုိ႔ ေၾကညာခဲ့ပါတယ္။ အဲ့ဒါေၾကာင့္အခုေနာက္ပိုင္းမွာ ေစ်းသက္သာတဲ့ TWS လုိ Brand ေတြေပၚလာေပမယ့္ Redmi AirDots က ပိုေရာင္းအားေကာင္းေနတဲ့ပံုစံပါပဲ။

Redmi AirDots ဟာ Audio ပိုင္းအတြက္ Built-in Realtek 8763 Chip ပါဝင္သလုိ DSP Digital Noise Reduction လည္းပါဝင္မွာျဖစ္ပါတယ္။ Bluetooth 5.0 ကိုအသံုးျပဳထားျပီး ၄ နာရီဆက္တုိက္ နားေထာင္ႏုိင္မယ့္အျပင္ ပါဝင္တဲ့ Charging Case ကို အသံုးျပဳျပီး စုစုေပါင္း ၁၂ နာရီနားေထာင္ႏုိင္တဲ့အတြက္ ေတာ္ေတာ္ေလးကို ေပးရတဲ့ေစ်းနဲ႔ တန္တဲ့ True Wireless Earbuds ဆုိရင္လည္းမမွားပါဘူး။

Ref – Gizmo China

Unicode

အခုနောက်ပိုင်းမှာ True Wireless Earbuds လို့ ပြောလို့ရတဲ့ Apple AirPods လိုမျိုး ကြိုးမပါတဲ့ Bluetooth Wireless Earbuds တွေ ခေတ်စားနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အဆိုပါ True Wireless Earbuds တော်တော်များများက ပုံမှန် ကြိုးနဲ့ Bluetooth Earbuds တွေထက်တောင် ဈေးပိုကြီးနေတတ်ပါတယ်။

Xiaomi ကလည်း မနှစ်တုန်းက Mi AirDots ဆိုတဲ့နာမည်နဲ့ True Wireless Earbuds တွေကို ထုတ်ခဲ့သေးပေးမယ့် ဈေးနှုန်းအရ အနည်းငယ်များနေခဲ့ပါသေးတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့လ အစောပိုင်းမှာ Xiaomi ရဲ့ Brand အခွဲဖြစ်လာတဲ့ Redmi ကနေ ပိုပြီးဈေးသက်သာတဲ့ Redmi AirDots Earbuds တွေကို ထုတ်ပေးခဲ့ပါတယ်။

အဆိုပါ Redmi AirDots Earbuds တွေက ဈေးနှုန်းအနေနဲ့ ၉၉ ယွမ်သာကျသင့်ပြီးတော့ မြန်မာနိုင်ငံမှာလည်း ငွေကျပ် ၂ သောင်းခွဲဝန်းကျင်လောက်နဲ့ ဝယ်ယူနိုင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ True Wireless Earbuds တွေထဲမှာ ဈေးအသက်သာဆုံးဖြစ်နေတယ်လို့ ပြောရင်လည်းမမှားပါဘူး။

အခုအချိန်မှာတော့ Xiaomi ကနေ အခု Redmi AirDots တွေက အလွန်ကိုအောင်မြင်ခဲ့ပြီး စတင်ရောင်းချပြီး ၁ လအတွင်းမှာတင် အလုံးရေ ၁ သန်းကျော်ရောင်းချရပြီးပြီလို့ ကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့်အခုနောက်ပိုင်းမှာ ဈေးသက်သာတဲ့ TWS လို Brand တွေပေါ်လာပေမယ့် Redmi AirDots က ပိုရောင်းအားကောင်းနေတဲ့ပုံစံပါပဲ။

Redmi AirDots ဟာ Audio ပိုင်းအတွက် Built-in Realtek 8763 Chip ပါဝင်သလို DSP Digital Noise Reduction လည်းပါဝင်မှာဖြစ်ပါတယ်။ Bluetooth 5.0 ကိုအသုံးပြုထားပြီး ၄ နာရီဆက်တိုက် နားထောင်နိုင်မယ့်အပြင် ပါဝင်တဲ့ Charging Case ကို အသုံးပြုပြီး စုစုပေါင်း ၁၂ နာရီနားထောင်နိုင်တဲ့အတွက် တော်တော်လေးကို ပေးရတဲ့ဈေးနဲ့ တန်တဲ့ True Wireless Earbuds ဆိုရင်လည်းမမှားပါဘူး။

Ref – Gizmo China