Zawgyi

Qualcomm ကေန ေနာက္ဆံုးထုတ္ေပးလိုက္တဲ့ Mid-Range SoC ျဖစ္တဲ့ Snapdragon 670 ကိုမိတ္ဆက္ထားတာ သိပ္မၾကာေသးပါဘူး။ ဒါေပမယ့္ Qualcomm ဟာ စီးပြားေရးေသာင္းက်န္းေနပါျပီ။ Snapdragon 670 ထက္ စြမ္းေဆာင္ရည္ အနည္းငယ္ပိုျမင့္တဲ့ Snapdragon 675 ထြက္လာပါျပီ။ ဂိမ္းကစားတာနဲ႔ AI လုပ္ေဆာင္ခ်က္ေတြပါဝင္တဲ့ ကင္မရာ Feature ေတြကို အဓိက အာရံုစိုက္ထားတဲ့ Chipset တစ္ခုျဖစ္လာပါတယ္။

အဆိုပါ SoC အသစ္ကို ေဟာင္ေကာင္မွာ က်င္းပခဲ့တဲ့ 4G/5G ပြဲမွာ မိတ္ဆက္ခဲ့တာျဖစ္ျပီး Qualcomm ရဲ႕ မ်ိဳးဆက္ေလးဆက္ေျမာက္ Kryo CPU ျဖစ္တဲ့ Kryo 460 ကိုအသံုးျပဳေပးထားပါတယ္။ အဆိုပါ SoC မွာ စြမ္းအားျမင့္တဲ့ 2GHz Core ႏွစ္ခုနဲ႔ စြမ္းအင္သံုးစြဲမွုေလ်ာ့နည္းတဲ့ 1.7GHz အျမန္ႏွုန္းရွိ Core ေျခာက္ခုပါဝင္ျပီး စုစုေပါင္း Core ရွစ္ခုပါဝင္လို႔ Octa-core Processor လို႔ေခၚႏိုင္ပါတယ္။ ပိုမိုအဆင္ျမင့္လာတဲ့ ဖြဲ႔စည္းပံုေၾကာင့္ ဂိမ္းေဆာ့တဲ့အခါမ်ိဳးေတေတြနဲ႔ ေန႔စဥ္ပံုမွန္ အသံုးျပဳတဲ့ေနရာမွာ ထစ္တာေတြ ေလးတာေတြ မၾကံဳရပဲ သြက္လက္ေနမွာပါ။ Snapdragon 670 နဲ႔ယွဥ္ရင္ Snapdragon 675 ဟာ ဂိမ္းေတြကိုဖြင့္တဲ့ေနရာမွာ 670 ထက္ 30% ပိုျမန္မွာျဖစ္ျပီး Web Browsing မွာေတာ့ 35% ထိ ပိုျမန္မွာပါ။

Snapdragon 675 မွာ အဓိက အာရံုစိုက္ထားတဲ့ အပိုင္းဟာ Gaming အပိုင္းမို႔လို႔ ဂိမ္းေတြေဆာ့တဲ့ေနရာမွာ ေခ်ာေမြ႕ေနေအာင္ Software Optimization ေတြနဲ႔လည္း အဆင့္ျမွင့္တင္ႏိုင္ပါေသးတယ္။ Software Optimization ကေတာ့ သက္ဆိုင္ရာ စမတ္ဖုန္းထုတ္လုပ္သူေတြနဲ႔ပဲဆိုင္မွာပါ။ Qualcomm ဟာ Software Optimization အျပင္ ဂိမ္းေဆာ့ေနတုန္း Connection ျပတ္ေတာက္ျခင္း မရွိေအာင္ ကြန္ရက္ခ်ိတ္ဆက္မွုေတြကို အလိုအေလ်ာက္ ေျပာင္းေပးမယ့္ လုပ္ေဆာင္ခ်က္တစ္ခုကိုလည္း Snapdragon 675 မွာ တစ္ပါတည္းထည့္သြင္းေပးထားပါေသးတယ္။ Snapdragon 675 ဟာ PUBG Mobile နဲ႔ King of Honor လို ဂရပ္ဖစ္အျမင့္ ဂိမ္းေတြကို တစ္စကၠန္႔ Frame Rate ေျခာက္ဆယ္နဲ႔အထက္ ေဆာ့ကစားႏိုင္ေစမယ္လို႔ Qualcomm က တရားဝင္ေျပာၾကားထားပါတယ္။

ေနာက္ထပ္ စိတ္ဝင္စားစရာ Feature တစ္ခုကေတာ့ AI ကင္မရာ Feature ေတြျဖစ္ျပီး Snapdragon 675 မွာ မ်ိဳးဆက္ သံုးဆက္ေျမာက္ AI Chip ပါဝင္လို႔ AI လုပ္ေဆာင္ခ်က္ေတြ ပိုမိုေကာင္းလာျပီး ကင္ရာ ႏွစ္လံုးနဲ႔အထက္ အေထာက္အပံ့ေပးမွာပါ။ ပိုမို ဥာဏ္ရည္ျမင့္မားလာတဲ့ AI Chip ေၾကာင့္ Face Unlock စနစ္ကိုလည္း ပိုမုိ လံုျခံဳလာေစမွာျဖစ္ပါတယ္။ စြမ္းေဆာင္ရည္ပိုေကာင္းလာေပမယ့္ စြမ္းအင္ သံုးစြဲမွုေလ်ာ့နည္းလာတာေၾကာင့္ ဘက္ထရီအား ကိုလည္း ၾကာရွည္ခံလာေစမွာပါ။ အခုေလာေလာဆယ္ေတာ့ Snapdragon 675 Chipset သံုးထားတဲ့ ဖုန္းေတြေတြ႔ရဖို႔ဆိုတာ လနဲ႔ခ်ီျပီးၾကာဦးမွာပါ။ သူ႔ထက္အရင္ထြက္ထားတဲ့ 670 သံုးထားတဲ့ဖုန္းေတြကိုေတာင္ေစ်းကြက္ထဲမွာ သိပ္မေတြ႔ရေသးပါဘူး။

Ref: Engadget

Unicode

Qualcomm ကနေ နောက်ဆုံးထုတ်ပေးလိုက်တဲ့ Mid-Range SoC ဖြစ်တဲ့ Snapdragon 670 ကိုမိတ်ဆက်ထားတာ သိပ်မကြာသေးပါဘူး။ ဒါပေမယ့် Qualcomm ဟာ စီးပွားရေးသောင်းကျန်းနေပါပြီ။ Snapdragon 670 ထက် စွမ်းဆောင်ရည် အနည်းငယ်ပိုမြင့်တဲ့ Snapdragon 675 ထွက်လာပါပြီ။ ဂိမ်းကစားတာနဲ့ AI လုပ်ဆောင်ချက်တွေပါဝင်တဲ့ ကင်မရာ Feature တွေကို အဓိက အာရုံစိုက်ထားတဲ့ Chipset တစ်ခုဖြစ်လာပါတယ်။

အဆိုပါ SoC အသစ်ကို ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ 4G/5G ပွဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပြီး Qualcomm ရဲ့ မျိုးဆက်လေးဆက်မြောက် Kryo CPU ဖြစ်တဲ့ Kryo 460 ကိုအသုံးပြုပေးထားပါတယ်။ အဆိုပါ SoC မှာ စွမ်းအားမြင့်တဲ့ 2GHz Core နှစ်ခုနဲ့ စွမ်းအင်သုံးစွဲမှုလျော့နည်းတဲ့ 1.7GHz အမြန်နှုန်းရှိ Core ခြောက်ခုပါဝင်ပြီး စုစုပေါင်း Core ရှစ်ခုပါဝင်လို့ Octa-core Processor လို့ခေါ်နိုင်ပါတယ်။ ပိုမိုအဆင်မြင့်လာတဲ့ ဖွဲ့စည်းပုံကြောင့် ဂိမ်းဆော့တဲ့အခါမျိုးတေတွေနဲ့ နေ့စဉ်ပုံမှန် အသုံးပြုတဲ့နေရာမှာ ထစ်တာတွေ လေးတာတွေ မကြုံရပဲ သွက်လက်နေမှာပါ။ Snapdragon 670 နဲ့ယှဉ်ရင် Snapdragon 675 ဟာ ဂိမ်းတွေကိုဖွင့်တဲ့နေရာမှာ 670 ထက် 30% ပိုမြန်မှာဖြစ်ပြီး Web Browsing မှာတော့ 35% ထိ ပိုမြန်မှာပါ။

Snapdragon 675 မှာ အဓိက အာရုံစိုက်ထားတဲ့ အပိုင်းဟာ Gaming အပိုင်းမို့လို့ ဂိမ်းတွေဆော့တဲ့နေရာမှာ ချောမွေ့နေအောင် Software Optimization တွေနဲ့လည်း အဆင့်မြှင့်တင်နိုင်ပါသေးတယ်။ Software Optimization ကတော့ သက်ဆိုင်ရာ စမတ်ဖုန်းထုတ်လုပ်သူတွေနဲ့ပဲဆိုင်မှာပါ။ Qualcomm ဟာ Software Optimization အပြင် ဂိမ်းဆော့နေတုန်း Connection ပြတ်တောက်ခြင်း မရှိအောင် ကွန်ရက်ချိတ်ဆက်မှုတွေကို အလိုအလျောက် ပြောင်းပေးမယ့် လုပ်ဆောင်ချက်တစ်ခုကိုလည်း Snapdragon 675 မှာ တစ်ပါတည်းထည့်သွင်းပေးထားပါသေးတယ်။ Snapdragon 675 ဟာ PUBG Mobile နဲ့ King of Honor လို ဂရပ်ဖစ်အမြင့် ဂိမ်းတွေကို တစ်စက္ကန့် Frame Rate ခြောက်ဆယ်နဲ့အထက် ဆော့ကစားနိုင်စေမယ်လို့ Qualcomm က တရားဝင်ပြောကြားထားပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ Feature တစ်ခုကတော့ AI ကင်မရာ Feature တွေဖြစ်ပြီး Snapdragon 675 မှာ မျိုးဆက် သုံးဆက်မြောက် AI Chip ပါဝင်လို့ AI လုပ်ဆောင်ချက်တွေ ပိုမိုကောင်းလာပြီး ကင်ရာ နှစ်လုံးနဲ့အထက် အထောက်အပံ့ပေးမှာပါ။ ပိုမို ဉာဏ်ရည်မြင့်မားလာတဲ့ AI Chip ကြောင့် Face Unlock စနစ်ကိုလည်း ပိုမို လုံခြုံလာစေမှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုကောင်းလာပေမယ့် စွမ်းအင် သုံးစွဲမှုလျော့နည်းလာတာကြောင့် ဘက်ထရီအား ကိုလည်း ကြာရှည်ခံလာစေမှာပါ။ အခုလောလောဆယ်တော့ Snapdragon 675 Chipset သုံးထားတဲ့ ဖုန်းတွေတွေ့ရဖို့ဆိုတာ လနဲ့ချီပြီးကြာဦးမှာပါ။ သူ့ထက်အရင်ထွက်ထားတဲ့ 670 သုံးထားတဲ့ဖုန်းတွေကိုတောင်ဈေးကွက်ထဲမှာ သိပ်မတွေ့ရသေးပါဘူး။

Ref: Engadget