Xiaomi ရဲ့ ၈ နှစ်ပြည့် Anniversary Phone ဖြစ်တဲ့ Mi 8 နဲ့ အတူ ပရိတ်သတ်တွေဆီ ရောက်လာမှာကတော့ Mi Band 2 ရဲ့ မျိုးဆက်သစ် Mi Band 3 ပဲ ဖြစ်ပါတယ်။

Source: techradar.com

သင်သာ Mi Band 2 ကိုကြိုက်တဲ့လူဆိုရင် Mi Band 3 ရဲ့ ဒီဇိုင်းကလည်း သင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ခပ်ပါးပါးပုံစံလေးနဲ့ Mi Band 3 ဟာ Smart Watch တစ်လုံးနဲ့ သိပ်မတူပဲ Fitness Tracker နဲ့ ပိုဆင်ပါတယ်။ 0.78-Inch OLED Panel Display နဲ့ 128 x 80 Resolution ကိုသုံးထားတဲ့ Mi Band 3 ဟာ သင့်ရဲ့ လက်ကောက်ဝတ်မှာ ပတ်လိုက်တာနဲ့ ကြည့်ကောင်းနေစေမယ့် Fitness Tracker တစ်ခုအဖြစ် မြင်တွေ့ရမှာပါ။

Source: NDTV Gadgets

လက်ပတ်ကြိုးကို လူရဲ့ အရေပြားနဲ့ လိုက်လျောညီထွေဖြစ်စေတဲ့ Thermoplastic Elastomer နဲ့ ပြုလုပ်ထားပြီး ကိုယ်ကြိုက်တဲ့ တခြားလက်ပတ်ကြိုးနဲ့ လည်း လဲလှယ်တပ်ဆင်လို့ရပါတယ်။ ဒါ့အပြင် အလေးချိန်က 20g ပဲရှိတဲ့အတွက် သုံးတဲ့လူအတွက် ပေါ့ပေါ့ပါးပါး ရှိစေမှာပါ။ Fitness Tracker တစ်ခုလုံးဟာ ရေစိုခံဖြစ်ပြီး ရေအနက် 50 Meters အထိ ယူသွားလို့ရပါတယ်။ ဒါ့ကြောင့် ရေကူးရင်ပဲဖြစ်ဖြစ် ရေချိုးရင်ပဲ ဖြစ်ဖြစ် လက်မှာ စိတ်ချလက်ချ ပတ်ထားလို့ရပါတယ်။

Source: techradar.com

Battery အနေနဲ့ကတော့ 110mAh Cell ကိုသုံးထားပြီး တစ်ခါအားသွင်းပြီးရင် ရက် ၂၀ လောက် သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ့်နှလုံးခုန်သံကို တစ်နေ့လုံး မှတ်တမ်းတင်ထားနိုင်တဲ့ Heart Rate Sensor တစ်ခုလည်းပါရှိပါတယ်။ Pedometer လည်းပါရှိမှာဖြစ်ပြီး Running, Cycling နဲ့ Walking အတွက်သုံးလို့ရမှာပါ။

Source: TechGenYZ

Mi Band 3 နဲ့ ဖုန်းကို Bluetooth နဲ့ ချိတ်ထားပြီး ဖုန်းရဲ့ Incoming Call တွေ၊ Text Message တွေနဲ့ တခြား Messaging App တွေရဲ့ Notification တွေကိုလည်း ဒီ Fitness Tracker လေးကပြပေးမှာဖြစ်ပါတယ်။ ဒီ Mi Band 3 နဲ့ပတ်သက်ပြီး Xiaomi ဟာ Feature အသစ်တွေကို Update လုပ်ပေးဦးမယ်လို့ ဆိုထားတဲ့ အတွက် ဝယ်ချင်တဲ့လူတွေအတွက် ထပ်ပြီးမျှော်လင့်လို့ရဦးမှာပါ။