Zawgyi

အခုေနာက္ပိုင္းမွာ Laptop ေတြက ရုံးမွာ ဒါမွမဟုတ္ အိမ္မွာပဲ အထိုင္ထားဖုိ႔ထက္ အျပင္သြားတဲ့ေနရာမွာယူသြားဖုိ႔က ပိုျပီး လြယ္ကူလာပါျပီ။ ေနာက္ပိုင္းမွာ အလုပ္ေတြကလည္း ရုံးတြင္းမွာထက္ အျပင္ေကာ္ဖီဆုိင္လုိမ်ိဳးေနရာေတြမွာ လုပ္လုိ႔ရလာေတာ့ ဒီလုိမ်ိဳးအလုပ္လုပ္ဖုိ႔အတြက္ ေပါ့ေပါ့ပါးပါးနဲ႔ စတိုင္က်တဲ့ Laptop တစ္ခုက လုိလာျပန္ပါတယ္။

ဒီအတြက္ကုိေတာ့ Ultrabook လုိမ်ိဳး High Performance Thin & Light Laptop ေတြကို ဝယ္ယူႏုိင္တယ္ဆုိေပမယ့္ အဲ့ဒီ Ultrabook ေတြက ေစ်းႏႈန္းအရလည္း အနည္းဆံုး ေဒၚလာ ေထာင္နဲ႔ခ်ီျပီးကို ေပးေနရတာပါ။ အဲ့ေတာ့ ေစ်းလည္း အဲ့ေလာက္မသံုးခ်င္ဘူး၊ စတုိင္က်တဲ့ Laptop တစ္ခုလည္းရွာေနတယ္ဆုိရင္ ဒီ ASUS VivoBook 14 က လံုးဝကို သေဘာက်ဖုိ႔ေကာင္းတဲ့ Laptop တစ္ခုျဖစ္လာပါတယ္။

အရင္ဆံုး ဒီ ASUS VivoBook 14 (X412) ရဲ႕ ဒီဇုိင္းပိုင္းကို ၾကည့္လုိက္တာနဲ႔ လူငယ္ဆန္ျပီး လွပတဲ့အေရာင္ေတြက တျခားေသာ Laptop ေတြကေန ကြဲထြက္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ASUS NanoEdge Design နဲ႔ ျပဳလုပ္ထားတဲ့အတြက္ ပံုမွန္ထက္ေသးငယ္တဲ့ေဘးေဘာင္ေတြေၾကာင့္ Display က ပိုျပီး Immersive ျဖစ္သလုိ တျခားေသာ 14″ Laptop ေတြထက္လည္း အရမ္းကိုေသးငယ္ေနတာျဖစ္ပါတယ္။

ေနာက္ျပီး Laptop ရဲ႕ Display Lid ကို ဖြင့္လုိက္မယ္ဆုိရင္လည္း ASUS ရဲ႕ အျမင့္ပိုင္း ZenBook Series Laptop ေတြမွာပါဝင္တဲ့ ErgoLift Design ေၾကာင့္ Keyboard က အေပၚကို အနည္းငယ္ျမွင့္ေပးမွာျဖစ္ပါတယ္။ ဒီ ErgoLift Design ေၾကာင့္ စာရုိက္ရတာပိုျပီး အဆင္ေျပလာသလုိ Laptop ရဲ႕ Design ကလည္း ပိုလွေနတာျပန္ပါတယ္။

ေနာက္ျပီး ဒီ VivoBook 14 ဟာ Design ပိုင္းတင္လွပတာမ်ိဳးမဟုတ္ဘဲ အျပင္သြားရင္ သယ္သြားဖို႔အတြက္လည္း အေလးခ်ိန္က 1.5Kg ပဲရွိမွာျဖစ္တဲ့အတြက္ ေတာ္ေတာ္ေလးကို ေပါ့တယ္လုိ႔ ေျပာလုိ႔ရပါတယ္။ ေနာက္ျပီး အထူကလည္း 0.78″ ပဲရွိဦးမွာပါ။

Design ပုိင္းလွပသလုိပဲ Specification အေနနဲ႔လည္း ASUS VivoBook 14 က အားမနည္းေနျပန္ပါဘူး။ Processor အေနနဲ႔ 8th Gen Intel Core i5 – 8265U Processor ကို အသံုးျပဳထားသလုိ RAM 8GB ၊ 1TB Hard Drive နဲ႔ Nvidia GeForce MX250 Graphic Card ေတြကို ထည့္သြင္းေပးထားတာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ စြမ္းေဆာင္ရည္ပိုင္းမွာလည္း Hard Drive ကို သံုးထားတာကလြဲရင္ ေတာ္ေတာ္ေလးကို အဆင္ေျပတယ္လုိ႔ ေျပာလုိ႔ရပါတယ္။

ဂိမ္းေဆာ့ခ်င္တဲ့သူေတြအတြက္ကလည္း လံုးဝ Slim & Light Laptop တစ္ခုျဖစ္ေနေပမယ့္ Nvidia MX250 Graphic Card ပါေတာ့ CS : Go နဲ႔ Dota 2 လုိမ်ိဳး eSport ဂိမ္းေတြကို High Setting ေလာက္ထားျပီးေဆာ့လုိ႔ရပါတယ္။ ဒါတင္မဟုတ္ေသးပါဘူး… ကိုယ္က GTA V လုိမ်ိဳး Game အျမင့္ေတြေဆာ့မယ္ဆုိရင္လည္း Medium Setting ေလာက္နဲ႔ ေဆာ့လုိ႔ရတာက ေတာ္ေတာ္ေလးကို သေဘာက်ဖုိ႔ေကာင္းတဲ့အခ်က္ျဖစ္ေနပါတယ္။

Keyboard ကိုၾကည့္မယ္ဆိုရင္လည္း စာရုိက္ရတာေတာ္ေတာ္ကို အဆင္ေျပျပီးေတာ့ ညဘက္မွာအသံုးျပဳမယ္ဆုိရင္လည္း အဆင္ေျပတဲ့ Backlit Keyboard ကို သံုးေပးထားတာျဖစ္ပါတယ္။ TouchPard ကလည္း Laptop ရဲ႕ အေရာင္ကေနကြဲထြက္ေနတဲ့အေရာင္ကို သံုးေပးထားျပီး အနားသတ္ေတြကို ေရႊေရာင္ကြတ္ထားတာေတြကလည္း တမ်ိဳးဆန္းေနပါတယ္။ ျပီးေတာ့ Fingerprint Sensor ကိုလည္း TouchPad ရဲ႕ အေပၚဘက္မွာထည့္သြင္းထားပါေသးတယ္။

Display ကေတာ့ 14″ Full HD Anti-Glare Display ကိုသံုးေပးထားျပီးေတာ့ ရုပ္ထြက္အေနနဲ႔လည္း မဆုိးဘူးလုိ႔ေျပာလုိ႔ရေနပါတယ္။ Brightness အေနနဲ႔လည္း 200 Nits ရွိတဲ့အတြက္ ေနေရာင္ေအာက္မွာသံုးတာထက္ ေကာ္ဖီဆုိင္မွာအသံုးျပဳတာမ်ိဳးဆုိရင္ အဆင္ေျပမွာျဖစ္ပါတယ္။ Speakers အေနနဲ႔ေတာ့ Sonic Master Audio ကို အသံုးျပဳထားျပီး ပံုမွန္အဆင့္မွာရွိတယ္လုိ႔ သတ္မွတ္ရမွာပါ။

Battery Life အေနနဲ႔လည္း 37WHrs Battery ပါဝင္မွာျဖစ္ျပီး အနည္းဆံုး ၅ နာရီနဲ႔အထက္ကို အားသြင္းစရာမလုိဘဲ အသံုးျပဳႏိုိင္မွာျဖစ္ပါတယ္။ Ports ေတြအေနနဲ႔လည္း USB 3.0 ၁ ေပါက္၊ USB 2.0 ၁ ေပါက္ နဲ႔ USB-C ၁ ေပါက္ပါဝင္္မွာျဖစ္သလုိ HDMI ၊ MicroSD Card Reader ေတြလည္း ပါဝင္ဦးမွာျဖစ္ပါတယ္။

အဲ့ဒီအတြက္ ဒီ VivoBook 14 ဟာ စြမ္းေဆာင္ရည္ပုိင္းလည္း ေကာင္းရမယ္၊ အဓိကအေနနဲ႔ စတိုင္က်ျပီး လွပတဲ့ Laptop တစ္ခုဆုိတာ ျငင္းလုိ႔ကို မရတာပါ။ အျပင္ကို သယ္သြားရမယ္ဆုိရင္လည္း ေပါ့ပါးေနမွာျဖစ္ျပီးေတာ့ ဂိမ္းေဆာ့ခ်င္လည္း ေကာင္းေကာင္းကို ေဆာ့လုိ႔ရတာကလည္း အားသာခ်က္လုိ႔ ေျပာလို႔ရေနျပန္ပါတယ္။ အဲ့ေတာ့ Ultrabook တစ္ခုကို ေစ်းသက္သက္သာသာနဲ႔ ရွာေနတဲ့သူေတြအတြက္ လံုးဝကို အဆင္ေျပတဲ့ Laptop တစ္ခုလုိ႔ေျပာရပါတယ္။

အခု VivoBook 14 Model ကိုေတာ့ ေစ်းႏႈန္းအေနနဲ႔ ၆၉၉ ေဒၚလာနဲ႔ ဝယ္ယူႏုိင္သလုိ 15.6″ Display နဲ႔ VivoBook 15 အျပင္ Intel i7 Model အထိကို စိတ္ၾကိဳက္ေရြးခ်ယ္ႏုိင္မွာျဖစ္ပါတယ္။

Unicode

အခုနောက်ပိုင်းမှာ Laptop တွေက ရုံးမှာ ဒါမှမဟုတ် အိမ်မှာပဲ အထိုင်ထားဖို့ထက် အပြင်သွားတဲ့နေရာမှာယူသွားဖို့က ပိုပြီး လွယ်ကူလာပါပြီ။ နောက်ပိုင်းမှာ အလုပ်တွေကလည်း ရုံးတွင်းမှာထက် အပြင်ကော်ဖီဆိုင်လိုမျိုးနေရာတွေမှာ လုပ်လို့ရလာတော့ ဒီလိုမျိုးအလုပ်လုပ်ဖို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျတဲ့ Laptop တစ်ခုက လိုလာပြန်ပါတယ်။

ဒီအတွက်ကိုတော့ Ultrabook လိုမျိုး High Performance Thin & Light Laptop တွေကို ဝယ်ယူနိုင်တယ်ဆိုပေမယ့် အဲ့ဒီ Ultrabook တွေက ဈေးနှုန်းအရလည်း အနည်းဆုံး ဒေါ်လာ ထောင်နဲ့ချီပြီးကို ပေးနေရတာပါ။ အဲ့တော့ ဈေးလည်း အဲ့လောက်မသုံးချင်ဘူး၊ စတိုင်ကျတဲ့ Laptop တစ်ခုလည်းရှာနေတယ်ဆိုရင် ဒီ ASUS VivoBook 14 က လုံးဝကို သဘောကျဖို့ကောင်းတဲ့ Laptop တစ်ခုဖြစ်လာပါတယ်။

အရင်ဆုံး ဒီ ASUS VivoBook 14 (X412) ရဲ့ ဒီဇိုင်းပိုင်းကို ကြည့်လိုက်တာနဲ့ လူငယ်ဆန်ပြီး လှပတဲ့အရောင်တွေက တခြားသော Laptop တွေကနေ ကွဲထွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ASUS NanoEdge Design နဲ့ ပြုလုပ်ထားတဲ့အတွက် ပုံမှန်ထက်သေးငယ်တဲ့ဘေးဘောင်တွေကြောင့် Display က ပိုပြီး Immersive ဖြစ်သလို တခြားသော 14″ Laptop တွေထက်လည်း အရမ်းကိုသေးငယ်နေတာဖြစ်ပါတယ်။

နောက်ပြီး Laptop ရဲ့ Display Lid ကို ဖွင့်လိုက်မယ်ဆိုရင်လည်း ASUS ရဲ့ အမြင့်ပိုင်း ZenBook Series Laptop တွေမှာပါဝင်တဲ့ ErgoLift Design ကြောင့် Keyboard က အပေါ်ကို အနည်းငယ်မြှင့်ပေးမှာဖြစ်ပါတယ်။ ဒီ ErgoLift Design ကြောင့် စာရိုက်ရတာပိုပြီး အဆင်ပြေလာသလို Laptop ရဲ့ Design ကလည်း ပိုလှနေတာပြန်ပါတယ်။

နောက်ပြီး ဒီ VivoBook 14 ဟာ Design ပိုင်းတင်လှပတာမျိုးမဟုတ်ဘဲ အပြင်သွားရင် သယ်သွားဖို့အတွက်လည်း အလေးချိန်က 1.5Kg ပဲရှိမှာဖြစ်တဲ့အတွက် တော်တော်လေးကို ပေါ့တယ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး အထူကလည်း 0.78″ ပဲရှိဦးမှာပါ။

Design ပိုင်းလှပသလိုပဲ Specification အနေနဲ့လည်း ASUS VivoBook 14 က အားမနည်းနေပြန်ပါဘူး။ Processor အနေနဲ့ 8th Gen Intel Core i5 – 8265U Processor ကို အသုံးပြုထားသလို RAM 8GB ၊ 1TB Hard Drive နဲ့ Nvidia GeForce MX250 Graphic Card တွေကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာလည်း Hard Drive ကို သုံးထားတာကလွဲရင် တော်တော်လေးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

ဂိမ်းဆော့ချင်တဲ့သူတွေအတွက်ကလည်း လုံးဝ Slim & Light Laptop တစ်ခုဖြစ်နေပေမယ့် Nvidia MX250 Graphic Card ပါတော့ CS : Go နဲ့ Dota 2 လိုမျိုး eSport ဂိမ်းတွေကို High Setting လောက်ထားပြီးဆော့လို့ရပါတယ်။ ဒါတင်မဟုတ်သေးပါဘူး… ကိုယ်က GTA V လိုမျိုး Game အမြင့်တွေဆော့မယ်ဆိုရင်လည်း Medium Setting လောက်နဲ့ ဆော့လို့ရတာက တော်တော်လေးကို သဘောကျဖို့ကောင်းတဲ့အချက်ဖြစ်နေပါတယ်။

Keyboard ကိုကြည့်မယ်ဆိုရင်လည်း စာရိုက်ရတာတော်တော်ကို အဆင်ပြေပြီးတော့ ညဘက်မှာအသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေတဲ့ Backlit Keyboard ကို သုံးပေးထားတာဖြစ်ပါတယ်။ TouchPard ကလည်း Laptop ရဲ့ အရောင်ကနေကွဲထွက်နေတဲ့အရောင်ကို သုံးပေးထားပြီး အနားသတ်တွေကို ရွှေရောင်ကွတ်ထားတာတွေကလည်း တမျိုးဆန်းနေပါတယ်။ ပြီးတော့ Fingerprint Sensor ကိုလည်း TouchPad ရဲ့ အပေါ်ဘက်မှာထည့်သွင်းထားပါသေးတယ်။

Display ကတော့ 14″ Full HD Anti-Glare Display ကိုသုံးပေးထားပြီးတော့ ရုပ်ထွက်အနေနဲ့လည်း မဆိုးဘူးလို့ပြောလို့ရနေပါတယ်။ Brightness အနေနဲ့လည်း 200 Nits ရှိတဲ့အတွက် နေရောင်အောက်မှာသုံးတာထက် ကော်ဖီဆိုင်မှာအသုံးပြုတာမျိုးဆိုရင် အဆင်ပြေမှာဖြစ်ပါတယ်။ Speakers အနေနဲ့တော့ Sonic Master Audio ကို အသုံးပြုထားပြီး ပုံမှန်အဆင့်မှာရှိတယ်လို့ သတ်မှတ်ရမှာပါ။

Battery Life အနေနဲ့လည်း 37WHrs Battery ပါဝင်မှာဖြစ်ပြီး အနည်းဆုံး ၅ နာရီနဲ့အထက်ကို အားသွင်းစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Ports တွေအနေနဲ့လည်း USB 3.0 ၁ ပေါက်၊ USB 2.0 ၁ ပေါက် နဲ့ USB-C ၁ ပေါက်ပါဝင်မှာဖြစ်သလို HDMI ၊ MicroSD Card Reader တွေလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

အဲ့ဒီအတွက် ဒီ VivoBook 14 ဟာ စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းရမယ်၊ အဓိကအနေနဲ့ စတိုင်ကျပြီး လှပတဲ့ Laptop တစ်ခုဆိုတာ ငြင်းလို့ကို မရတာပါ။ အပြင်ကို သယ်သွားရမယ်ဆိုရင်လည်း ပေါ့ပါးနေမှာဖြစ်ပြီးတော့ ဂိမ်းဆော့ချင်လည်း ကောင်းကောင်းကို ဆော့လို့ရတာကလည်း အားသာချက်လို့ ပြောလို့ရနေပြန်ပါတယ်။ အဲ့တော့ Ultrabook တစ်ခုကို ဈေးသက်သက်သာသာနဲ့ ရှာနေတဲ့သူတွေအတွက် လုံးဝကို အဆင်ပြေတဲ့ Laptop တစ်ခုလို့ပြောရပါတယ်။

အခု VivoBook 14 Model ကိုတော့ ဈေးနှုန်းအနေနဲ့ ၆၉၉ ဒေါ်လာနဲ့ ဝယ်ယူနိုင်သလို 15.6″ Display နဲ့ VivoBook 15 အပြင် Intel i7 Model အထိကို စိတ်ကြိုက်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။