Android ဖုန်းတစ်ခုကို ကိုင်နေပြီဆိုရင် Contact တွေကို SIM Card ထဲမှာ မှတ်ထားတာနဲ့ Google Account မှာ မှတ်ထားတာနဲ့ နောက်ဆုံးဖုန်းထဲမှာ မှတ်ထားတာနဲ့ မျိုးစုံ မှတ်ထားလေ့ရှိကြပါတယ်။ အဲ့ဒီအချိန်မှာ ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပြီးတော့ ဒါက Contact တစ်ခုထဲကို ၂ မျိုး ၃ မျိုး ထပ်နေတာပဲဖြစ်ပါတယ်။

တကယ်လို့ ကိုယ့်ဖုန်းမှာ အဲ့ဒီလိုမျိုး Contact တွေထပ်နေတယ်ဆိုရင် ဘယ်လိုမျိုး ဆောင်ရွက်နိုင်သလဲဆိုတာကို ပြောပြသွားမှာပဲဖြစ်ပါတယ်။

Contact App ကနေ မှားဝင်နေတဲ့ Contact တွေကို ဖျက်ပစ်ပါ

Android OS မှာ Contact App ကို ဝင်ရောက်ပြီး အခုလိုမျိုး နာမည်တူတွေထပ်နေတဲ့ Contact တွေကို ဝင်ကြည့်လိုက်ရင် များသောအားဖြင့် ထပ်နေတဲ့ Contact တစ်ခုက Email Address ဒါမှမဟုတ် Viber ပဲ ဝင်နေတာများပါတယ်။ အဲ့ဒီလိုမျိုး Contact တွေဆိုရင် တစ်ခုချင်းလိုက်ဖျက်ပစ်တာက စိတ်အချရဆုံးနည်းလမ်းပါ။

ဒါပေမယ့်လည်း ကိုယ်က Contact ပေါင်း ရာနဲ့ချီ ရှိနေပြီးတော့ Contact တစ်ခုချင်းစီကိုလိုက်ပြီး ဖျက်နေဖို့ကတော့ မဖြစ်နိုင်တဲ့အရာပါ။

Google Contact မှာ Merge ပြုလုပ်ပါ

Google Account မှာ Contact တွေကို မှတ်ထားတတ်တယ်ဆိုရင် အခု Google Contact တွေကို Gmail ကနေတစ်ဆင့် Contact ထဲကို ဝင်ပြီး Web Browser မှာ စစ်ဆေးလို့ရပါတယ်။

အခုလိုမျိုး Contact ထဲရောက်သွားပြီဆိုရင် Setting ထဲမှာရှိတဲ့ Find Duplicates ဆိုတာကို နှိပ်ပြီး ၂ ခုထပ်နေတဲ့ Contact တွေကို Marge All နှိပ်ပြီး Contact တစ်ခုထဲအဖြစ်ပြောင်းလဲနိုင်ပါတယ်။

Application ကို အသုံးပြုပါ။

တကယ်လို့ ကိုယ်က Google Account မှာ Contact တွေကို မှတ်ထားတာမျိုးမဟုတ်ရင်တော့ Contact တွေကို Duplicate ဖြစ်နေတာကို ဖြေရှင်းဖို့က Application အသုံးပြုမှရတော့မှာပါ။

ဒီနေရာမှာ Simpler Merge Duplicates ဆိုတဲ့ Application ကတော်တော်လေးကို အသုံးဝင်ပြီးတော့ Google Contact တွေအပါအဝင် ဘယ်လို Contact မျိုးကိုပဲဖြစ်ဖြစ် Merge ပြုလုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။