Zawgyi

OnePlus ဖုန္းအသံုးျပဳမယ့္သူတိုင္း သိထားသင့္တဲ့ အခ်က္ကေတာ့ OnePlus ဖုန္းေတြမွာ Xiaomi ဖုန္းေတြလိုမ်ိဳးပဲ တရုတ္ျပည္တြင္းသံုး ROM နဲ႔ ႏိုင္ငံတကာသံုး ROM ႏွစ္မ်ိဳးရွိတယ္ဆိုတဲ့ အခ်က္ပါပဲ။ Xiaomi ဖုန္းေတြထက္ တစ္ပန္းသာတဲ့အခ်က္ကေတာ့ တရုတ္ ေမာ္ဒယ္ပဲ ဝယ္ဝယ္ ႏိုင္ငံတကာ ေမာ္ဒယ္ပဲဝယ္ဝယ္ ဖုန္းကို Unlock လုပ္စရာမလိုပဲ ကိုယ္ၾကိဳက္တဲ့ ROM တင္လိုက္လို႔ရတာပါပဲ။ OnePlus ဖုန္းေတြမွာ တရုတ္ျပည္တြင္းသံုး ROM ကို Hydrogen OS လို႔ေခၚျပီး ႏိုင္ငံတကာ သံုး ROM ကိုေတာ့ Oxygen OS လို႔ေခၚပါတယ္။

ျပည္တြင္းကိုဝင္လာတဲ့ OnePlus ဖုန္းေတြေတာ္ေတာ္မ်ားမ်ားက တရုတ္ျပည္တြင္းကပဲ တိုက္ရိုက္ဝယ္ယူျပီးေရာင္းခ်တာျဖစ္လို႔ Hydrogen OS နဲ႔ပဲ လာပါတယ္။ အရင္တုန္းက Hydrogen OS နဲ႔ Oxygen OS ကြာျခားခ်က္က အေတာ္ေလးမ်ားပါတယ္။ Google Play Store မပါတာအျပင္ က်န္တဲ့ ROM အစိတ္အပိုင္းေတြျဖစ္တဲ့ Launcher ပါ မတူညီပါဘူး။ System UI အပါအဝင္ အသံုးျပဳထားတဲ့ Source Code ပါ ကြဲျပားပါေသးတယ္။ Oxygen OS အသံုးျပဳရတာကေတာ့ Google Service ေတြတစ္ခါတည္းပါဝင္တဲ့အျပင္ တရုတ္ App ေတြမပါဝင္တဲ့အတြက္ သံုးရတာအရမ္းအဆင္ေျပပါတယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္ကေတာ့ Hydrogen OS က ပိုေကာင္းခဲ့ျပီး ကင္မရာ အရည္အေသြးပါ Hydrogen OS ကပိုသာခဲ့ပါတယ္။ OTA Update ေတြလည္း Hydrogen က ပိုသာပါတယ္။

ဒါေပမယ့္ Android Pie က စျပီး Hydrogen OS နဲ႔ Oxygen OS ဟာ တစ္သားတည္းလိုျဖစ္သြားျပီး ကြာျခားခ်က္ဆိုလို႔ Playstore မပါတာနဲ႔ Playstore ပါတာပဲ ကြာပါေတာ့တယ္။ OTA Update အသစ္ေတြေပးတဲ့ေနရာမွာ Oxygen ကေတာင္ ပိုျမန္ေနပါေသးတယ္။ ကင္မရာ အရည္အေသြးလည္း ကြာျခားခ်က္မရွိေတာ့ပဲ အကုန္ တစ္သားတည္းျဖစ္သြားပါျပီ။ ခြ်င္းခ်က္တစ္ခုရွိတာကေတာ့ ေမာ္ဒယ္နံပါတ္ ျဖစ္ျပီး အာရွနဲ႔ တရုတ္ျပည္တြင္း အတြက္ ေမာ္ဒယ္အတူတူထုတ္ျပီး အေမရိကားနဲ႔ ဥေရာပအတြက္ေတာ့ ေမာ္ဒယ္တစ္ခုထုတ္ပါတယ္။ ေမာ္ဒယ္ႏွစ္မ်ိဳးခြဲထုတ္ရတာကေတာ့ ႏုိင္ငံတိုင္းမွာ မတူညီတဲ့ ဖုန္းလိုင္းအေထာက္အပ့ံေတြရွိလို႔ပါ။ က်န္တဲ့ ဖုန္းတြင္းအစိတ္အပိုင္းေတြကေတာ့ အကုန္အတူတူသာျဖစ္ပါတယ္။ ဘယ္ေမာ္ဒယ္ပဲျဖစ္ျဖစ္ Oxygen OS ကေန Hydrogen OS ေျပာင္းႏိုင္ျပီး Hydrogen OS ကေနလည္း Oxygen OS ကို အလြယ္တကူေျပာင္းႏိုင္ပါတယ္။

Unicode

OnePlus ဖုန်းအသုံးပြုမယ့်သူတိုင်း သိထားသင့်တဲ့ အချက်ကတော့ OnePlus ဖုန်းတွေမှာ Xiaomi ဖုန်းတွေလိုမျိုးပဲ တရုတ်ပြည်တွင်းသုံး ROM နဲ့ နိုင်ငံတကာသုံး ROM နှစ်မျိုးရှိတယ်ဆိုတဲ့ အချက်ပါပဲ။ Xiaomi ဖုန်းတွေထက် တစ်ပန်းသာတဲ့အချက်ကတော့ တရုတ် မော်ဒယ်ပဲ ဝယ်ဝယ် နိုင်ငံတကာ မော်ဒယ်ပဲဝယ်ဝယ် ဖုန်းကို Unlock လုပ်စရာမလိုပဲ ကိုယ်ကြိုက်တဲ့ ROM တင်လိုက်လို့ရတာပါပဲ။ OnePlus ဖုန်းတွေမှာ တရုတ်ပြည်တွင်းသုံး ROM ကို Hydrogen OS လို့ခေါ်ပြီး နိုင်ငံတကာ သုံး ROM ကိုတော့ Oxygen OS လို့ခေါ်ပါတယ်။

ပြည်တွင်းကိုဝင်လာတဲ့ OnePlus ဖုန်းတွေတော်တော်များများက တရုတ်ပြည်တွင်းကပဲ တိုက်ရိုက်ဝယ်ယူပြီးရောင်းချတာဖြစ်လို့ Hydrogen OS နဲ့ပဲ လာပါတယ်။ အရင်တုန်းက Hydrogen OS နဲ့ Oxygen OS ကွာခြားချက်က အတော်လေးများပါတယ်။ Google Play Store မပါတာအပြင် ကျန်တဲ့ ROM အစိတ်အပိုင်းတွေဖြစ်တဲ့ Launcher ပါ မတူညီပါဘူး။ System UI အပါအဝင် အသုံးပြုထားတဲ့ Source Code ပါ ကွဲပြားပါသေးတယ်။ Oxygen OS အသုံးပြုရတာကတော့ Google Service တွေတစ်ခါတည်းပါဝင်တဲ့အပြင် တရုတ် App တွေမပါဝင်တဲ့အတွက် သုံးရတာအရမ်းအဆင်ပြေပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ Hydrogen OS က ပိုကောင်းခဲ့ပြီး ကင်မရာ အရည်အသွေးပါ Hydrogen OS ကပိုသာခဲ့ပါတယ်။ OTA Update တွေလည်း Hydrogen က ပိုသာပါတယ်။

ဒါပေမယ့် Android Pie က စပြီး Hydrogen OS နဲ့ Oxygen OS ဟာ တစ်သားတည်းလိုဖြစ်သွားပြီး ကွာခြားချက်ဆိုလို့ Playstore မပါတာနဲ့ Playstore ပါတာပဲ ကွာပါတော့တယ်။ OTA Update အသစ်တွေပေးတဲ့နေရာမှာ Oxygen ကတောင် ပိုမြန်နေပါသေးတယ်။ ကင်မရာ အရည်အသွေးလည်း ကွာခြားချက်မရှိတော့ပဲ အကုန် တစ်သားတည်းဖြစ်သွားပါပြီ။ ချွင်းချက်တစ်ခုရှိတာကတော့ မော်ဒယ်နံပါတ် ဖြစ်ပြီး အာရှနဲ့ တရုတ်ပြည်တွင်း အတွက် မော်ဒယ်အတူတူထုတ်ပြီး အမေရိကားနဲ့ ဥရောပအတွက်တော့ မော်ဒယ်တစ်ခုထုတ်ပါတယ်။ မော်ဒယ်နှစ်မျိုးခွဲထုတ်ရတာကတော့ နိုင်ငံတိုင်းမှာ မတူညီတဲ့ ဖုန်းလိုင်းအထောက်အပံ့တွေရှိလို့ပါ။ ကျန်တဲ့ ဖုန်းတွင်းအစိတ်အပိုင်းတွေကတော့ အကုန်အတူတူသာဖြစ်ပါတယ်။ ဘယ်မော်ဒယ်ပဲဖြစ်ဖြစ် Oxygen OS ကနေ Hydrogen OS ပြောင်းနိုင်ပြီး Hydrogen OS ကနေလည်း Oxygen OS ကို အလွယ်တကူပြောင်းနိုင်ပါတယ်။