အူရီဒူးရဲ့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုအနေနဲ့ အကောင်းဆုံး ၀န်ဆောင်မှုများနှင့် အထူးအစီအစဉ်တွေကို ၎င်း၏၀န်ဆောင်မှုကို အသုံးပြုသူများတွက် ပေးအပ်လိုက်ပါတယ်။ နောက်ထပ် ပိုမိုကောင်းမွန်သော ခြေလှမ်းအနေနဲ့ ၁၀၀% အထိ အပိုလက်ဆောင် ရရှိနိုင်သော အထူးအစီအစဉ်ကို မိတ်ဆက်လိုက်ပါပြီ။

ယခုအခါတွင် အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် နေ့စဉ် ဖုန်းငွေဖြည့်တိုင်း ၁၀၀%အထိ အပိုလက်ဆောင်ရယူနိုင်ရန်အတွက် ခဲခြစ်ငွေဖြည့်ကတ်၊ E- topup နှင့် My Ooredoo App ကိုအသုံးပြု၍ ဖုန်းငွေဖြည့်ခြင်းစသည့် ဖုန်းငွေဖြည့်နည်းအားလုံးထဲမှ မိမိအဆင်ပြေကြိုက်နှစ်သက်သည့် ဖုန်းငွေဖြည့်နည်းကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဖုန်းငွေဖြည့်အပိုလက်ဆောင်ရရှိခြင်းအတွက် *234#ကိုဖုန်းခေါ်ဆိုပြီး စစ်ဆေးကြည့်ရှူနိုင်မှာဖြစ်ပါတယ်။

အူရီဒူး၏ ၀န်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ ရရှိသော ဖုန်းငွေဖြည့်လက်ဆောင်ကို သုံးသလောက်ပေး အင်တာနက်ကို အသုံးပြုနိုင်မှာပါ။ Ookla’s SpeedtestIntelligence® ၏ ၂၁၀၈ခုနှစ် ပထမသုံးလပတ် စစ်တမ်းအရ အူရီဒူးမြန်မာ၏ 3G နှင့် 4G ကွန်ရက်ကို မြန်မာနိုင်ငံတွင် အမြန်ဆုံးသော ကွန်ရက်အဖြစ် အသိအမှတ်ပြုထားသည့်အတွက် မိုဘိုင်းအင်တာနက်အသုံးပြုသူများအနေဖြင့် အူရီဒူး၏ ကွန်ရက်ကို အသုံးပြုပြီး အကောင်းဆုံးဒေတာ အတွေ့အကြုံကို ရရှိနိုင်မှာပါ။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma မှ “အူရီဒူးရဲ့ ၀န်ဆောင်မှုကို အသုံးပြုသူများရဲ့ ပံ့ပိုးမှုကို အထူးအလေးထားပါတယ်။ ဒါကြောင့် ဘယ်ဖုန်းငွေဖြည့်နည်းကိုမဆို အသုံးပြုပြီး နေ့စဉ် ဖုန်းငွေဖြည့်လိုက်တိုင်း ၁၀၀% အထိရရှိနိုင်မယ့် ငွေဖြည့်လက်ဆောင် အထူးအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။ ဒါငွေဖြည့်အပိုလက်ဆောင်ကို အသုံးပြုပြီး ကမ္ဘာဖလားဘောလုံးပွဲ ၂၀၁၈ ကို My Ooredoo Appကနေ တိုက်ရိုက်ကြည့်ရှုနိုင်မှဖြစ်သလို သူတို့တေရွဲ့ မိတ်ဆွေတွေ မိသားစုတွေနဲ့လည်း ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။” အူရီဒူးမှ ကောင်းမွန်သော ၀န်ဆောင်မှုများနှင့် ဆန်းသစ်သော ထုတ်ကုန်များဖြင့် သုံးစွဲသူများအားအတွေ့အကြုံကောင်းကို ပေးအပ်နိုင်ရန်အတွက် သုံးစွဲသူများ၏အသံကို အမြဲနားထောင်လျှက်ရှိပါတယ်။

အူရီဒူး မြန်မာ၏ အကြောင်း

၂၀၁၃ ခုနှစ် ဇွန်လတွင် အူရီဒူးမြန်မာကို ပြည်ထောင်စု သမ္မမြန်မာနိုင်ငံမှ ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ဆက်သွယ်ရေးလိုင်စင်ပေးအပ်ခဲ့ပါတယ်။ ကမ္ဘာ့ဆက်သွယ်ရေးဈေးကွက်အတွင်း ဖွံ့ဖြိုးမှုအနှစ်ဆုံးဖြစ်နေသည့် မြန်မာနိုင်ငံတွင် 3G ကွန်ရက်ကို တစ်နိုင်ငံလုံးဖြန့်ကြက်ပေးခဲ့ပြီး ဝန်ဆောင်မှုများရရှိနိုင်မှု၊ ဈေးနှုန်းသက်သာမှုနှင့် မြန်မာပြည်သူလူထု၏ လူမှုဘ၀တိုးတက်မှုများအတွက် အဓိကထားပြီး ၀န်ဆောင်မှုများ ပေးအပ်လျှက်ရှိပါသည်။ ပျော်ရွှင်စိတ်လှုပ်ရှာပြီး အသုံးပြုရလွယ်ကူသော ၀န်ဆောင်မှုများကို ဖုန်းခေါ်ဆိုမှုနှင့် ဒေတာအသုံးပြုမှုထက်ပိုသော မိုဘိုင်းဝန်ဆောင်မှုများကို စီးပွားရေးလုပ်ငန်းများ အဆင်ပြေမြန်ဆန်ချောမွေ့အောင်မြင်စေရန်နှင့် လူမှုဘ၀တိုးတက်ရန်အတွက် ၀န်ဆောင်မှုပေးအပ်လျက်ရှိပါသည်။

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် 4G ကွန်ရက်ကို အကျယ်ပြန့်ဆုံး လွှမ်းခြုံပေးထားလျက်ရှိပါသည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ၊ ကျန်းမားရေးနဲ့ ဆက်စပ်နေသည့် မိုဘိုင်းဝန်ဆောင်မှုများ၊ တောင်သူလယ်သမားများကို ပံ့ပိုးကူညီနိုင်သည့် ၀န်ဆောင်မှုများနှင့် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အတြေွ့ကုံကောင်းများကို ဈေးကွက်အတွင်း ပေါင်းစည်းပေးအပ်နိုင်ခြင်းကို ထည့်သွင်းပေးထားခြင်းဖြင့် လူမှုဘ၀တိုးတက်မှုအစီအစဉ်ကို စဉ်ဆက်မပြတ် ၀န်ဆောင်မှုပေးအပ်သွားမည်ဖြစ်ပါတယ်။ အဆိုပါ ၀န်ဆောင်မှုများသည် လူမှုဘ၀တိုးတက်စေရန်နှင့် လုပ်ဆောင်ခွင့်များရရှိရန် ပံ့ပိုးပေးသည့် လမ်းစဉ်တစ်ခုဖြစ်ပါသည်။ မြန်မာပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းများအားလုံးအတွက် အခွင့်အလမ်းများ အပြည့်အ၀ရရှိနိုင်ရန်နှင့် အချိန်တိုတိုအတွင်း အကျိုးရှိမှုများရရှိစေရန်အတွက် ကူညီဆောင်ရွက်ရန် ဒီဇိုင်းဆွဲပြီး ၀န်ဆောင်မှု ပေးအပ်ထားပါတယ်။