အရင်က ဓာတ်ပုံထုတ်တဲ့စနစ်ပါဝင်တဲ့ Instax ကင်မရာတွေက ရိုက်ပြီးတာနဲ့ ပြန်ကြည့်လို့မရဘဲ သူ့အလိုလို ဓာတ်ပုံ ထွက်သွားတာဖြစ်ပါတယ်။

ဒါပေမယ့် Fuji က နောက်ဆုံးထုတ်လုပ်လိုက်တဲ့ Instax Square SQ 10 မှာဆိုရင် Digital ကင်မရာလို ပုံတွေပြန်ကြည့်ပြန်ရွေးပြီး စိတ်တိုင်းကျမှ ဓာတ်ပုံ ထုတ်လို့ရပါတယ်။

ဒါပေမယ့် ဒီကင်မရာကတော့ 4 MP (Megapixel) လောက်ဘဲ ရိုက်ကူးလို့ရပါတယ်။

ဒါပေမယ့် တခြား Instax ကင်မရာတွေနဲ့မတူတာကတော့ ရိုက်ပြီးတဲ့အခါ ဓာတ်ပုံမထုတ်ခင်မှာတော့ ဓာတ်ပုံရဲ့ အလင်းအရောင် ချိန်လို့ရတာတွေပါပါတယ်။ အဲဒီအပြင် တခြား စမတ်ဖုန်းတွေလိုမျိုးလည်း Filter တွေ ထည့်ပြီး ထုတ်လို့ရပါတယ်။

ကင်မရာမှာ ဓာတ်ပုံ ပုံ ၅၀ လောက် ရိုက်လို့ရပြီး အဲဒီအပြင် Micro SD ကဒ်လည်း ထည့်ပြီး သုံးလို့ရပါတယ်။

Fuji Instax Square ကင်မရာ ကို မေလ မှာ အမေရိကန်ဒေါ်လာ ၂၈၀ နဲ့ စတင်ရောင်းချမှာဖြစ်ပါတယ်။ အဲ့ဒီကင်မရာထဲမှာ ထည့်တဲ့ ဖလင်ကတော့ ၁၀ ပုံကို အမေရိကန်ဒေါ်လာ ၁၇ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။