Zawgyi

Galaxy A Series ကို Samsung ကေနျပီး ၂၀၁၅ ကတည္းကစတင္ ထုတ္လုပ္ခဲ့တာျဖစ္ျပီး A3, A5, A7 နဲ႔ A8 တို႔ပါဝင္ပါတယ္။ Mid-Range ဖုန္းလို႔ေခၚတဲ့ အလယ္အလတ္တန္းစားဖုန္းေတြအျဖစ္ ရည္ရြယ္ထုတ္လုပ္ခဲ့တာျဖစ္ေပမယ့္ တစ္ျခား Mid-Range ဖုန္းေတြထက္ အရည္အေသြးေကာင္းတာေၾကာင့္ လူၾကိဳက္မ်ားခဲ့ပါတယ္။ ေနာက္ႏွစ္ေတြမွာလည္း A Series ဖုန္းအသစ္ေတြထပ္ထုတ္ခဲ့ပါတယ္။ အခုေတာ့ A8s လို႔ေခၚတဲ့ A Series ဖုန္းအသစ္တစ္လံုးကိုမိတ္ဆက္လိုက္ပါျပီ။

A8s မွာ ထူးျခားတဲ့အခ်က္က Infinity O လို႔ေခၚတဲ့ Selfie ကင္မရာ အေပါက္ေလးပါတဲ့ မ်က္ႏွာျပင္ကိုအသံုးျပဳထားတာပဲျဖစ္ပါတယ္။ မ်က္ႏွာျပင္မွာ အေပါက္ပါလာေပမယ့္ Headphone Jack အေပါက္ကေတာ့ ေပ်ာက္သြားပါတယ္။ Infinity O Display ပါဝင္လာေပမယ့္ Display အမ်ိဳးအစားကေတာ့ LCD ျဖစ္ေနတဲ့အတြက္ A Series ေတြထဲမွာမွ ပထမဆံုး LCD Display အသံုးျပဳ A Series ဖုန္းတစ္လံုးျဖစ္လာပါတယ္။ ဒါ့အျပင္ တရားဝင္ထြက္ရွိလာခဲ့တဲ့ A8s ရဲ႕ Selfie ကင္မရာအေပါက္ဟာ Rendered Image ေတြနဲ႔ Leaked Image ေတြထဲမွာျမင္ရတာထက္ အနည္းငယ္ၾကီးမားေနတာကိုလည္းေတြ႔ရပါတယ္။

Glalaxy A8s မွာ အလယ္အလတ္ ပရိုဆက္ဆာေတြထဲမွာမွ အေကာင္းဆံုးျဖစ္တဲ့ Qualcomm ရဲ႕ Snapdragon 710 ကိုအသံုးျပဳေပးထားပါတယ္။ Snapdragon 710 ဟာ Snapdragon 835 ထက္ မဆိုသေလာက္ နိမ့္ျပီး Snapdragon 660 ထက္ ပိုေကာင္းပါတယ္။ Display ကေတာ့ အေပၚမွာေျပာသြားသလိုပဲ LCD အမ်ိဳးအစားျဖစ္ျပီး 6.2-inch အရြယ္အစားရွိကာ Full HD+ Resolution နဲ႔ပါ။ အေနာက္ဘက္ ကင္မရာ သံုးတြဲပါဝင္လာျပီး 24-MP, 8-MP နဲ႔ 5-MP အသီးသီးရွိၾကပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာအေပါက္ထဲက Selfie ကင္မရာကေတာ့ 24-MP ရွိျပီး Selfie ကင္မရာ တစ္လံုးအတြက္ အေတာ္ေလးမ်ားတယ္လို႔ ဆိုရမွာပါ။ ဘက္ထရီပမာဏ ကေတာ့ 3,300mAh ပါဝင္ပါတယ္။ အေရာင္ေတြကေတာ့ အျပာေရာင္ မီးခိုးေရာင္နဲ႔ အစိမ္းေရာင္တို႔ျဖစ္ပါတယ္။ ေစ်းႏွုန္းကေတာ့ အတိအက် သိရျခင္းမရွိေသးပါဘူး။ Galaxy A8s နဲ႔ ပတ္သက္ျပီး ထပ္မံသိရတဲ့ သတင္းေတြကို ျပန္လည္ မွ်ေဝေပးသြားပါမယ္။

Ref: XDA

Unicode

Galaxy A Series ကို Samsung ကနေပြီး ၂၀၁၅ ကတည်းကစတင် ထုတ်လုပ်ခဲ့တာဖြစ်ပြီး A3, A5, A7 နဲ့ A8 တို့ပါဝင်ပါတယ်။ Mid-Range ဖုန်းလို့ခေါ်တဲ့ အလယ်အလတ်တန်းစားဖုန်းတွေအဖြစ် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် တစ်ခြား Mid-Range ဖုန်းတွေထက် အရည်အသွေးကောင်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း A Series ဖုန်းအသစ်တွေထပ်ထုတ်ခဲ့ပါတယ်။ အခုတော့ A8s လို့ခေါ်တဲ့ A Series ဖုန်းအသစ်တစ်လုံးကိုမိတ်ဆက်လိုက်ပါပြီ။

A8s မှာ ထူးခြားတဲ့အချက်က Infinity O လို့ခေါ်တဲ့ Selfie ကင်မရာ အပေါက်လေးပါတဲ့ မျက်နှာပြင်ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ မျက်နှာပြင်မှာ အပေါက်ပါလာပေမယ့် Headphone Jack အပေါက်ကတော့ ပျောက်သွားပါတယ်။ Infinity O Display ပါဝင်လာပေမယ့် Display အမျိုးအစားကတော့ LCD ဖြစ်နေတဲ့အတွက် A Series တွေထဲမှာမှ ပထမဆုံး LCD Display အသုံးပြု A Series ဖုန်းတစ်လုံးဖြစ်လာပါတယ်။ ဒါ့အပြင် တရားဝင်ထွက်ရှိလာခဲ့တဲ့ A8s ရဲ့ Selfie ကင်မရာအပေါက်ဟာ Rendered Image တွေနဲ့ Leaked Image တွေထဲမှာမြင်ရတာထက် အနည်းငယ်ကြီးမားနေတာကိုလည်းတွေ့ရပါတယ်။

Glalaxy A8s မှာ အလယ်အလတ် ပရိုဆက်ဆာတွေထဲမှာမှ အကောင်းဆုံးဖြစ်တဲ့ Qualcomm ရဲ့ Snapdragon 710 ကိုအသုံးပြုပေးထားပါတယ်။ Snapdragon 710 ဟာ Snapdragon 835 ထက် မဆိုသလောက် နိမ့်ပြီး Snapdragon 660 ထက် ပိုကောင်းပါတယ်။ Display ကတော့ အပေါ်မှာပြောသွားသလိုပဲ LCD အမျိုးအစားဖြစ်ပြီး 6.2-inch အရွယ်အစားရှိကာ Full HD+ Resolution နဲ့ပါ။ အနောက်ဘက် ကင်မရာ သုံးတွဲပါဝင်လာပြီး 24-MP, 8-MP နဲ့ 5-MP အသီးသီးရှိကြပါတယ်။ အရှေ့ဘက် Selfie ကင်မရာအပေါက်ထဲက Selfie ကင်မရာကတော့ 24-MP ရှိပြီး Selfie ကင်မရာ တစ်လုံးအတွက် အတော်လေးများတယ်လို့ ဆိုရမှာပါ။ ဘက်ထရီပမာဏ ကတော့ 3,300mAh ပါဝင်ပါတယ်။ အရောင်တွေကတော့ အပြာရောင် မီးခိုးရောင်နဲ့ အစိမ်းရောင်တို့ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အတိအကျ သိရခြင်းမရှိသေးပါဘူး။ Galaxy A8s နဲ့ ပတ်သက်ပြီး ထပ်မံသိရတဲ့ သတင်းတွေကို ပြန်လည် မျှဝေပေးသွားပါမယ်။

Ref: XDA