Word Documents ကနေ PDFs ကိုပြောင်းတာတော့ လွယ်ကူပါတယ်။ ဒါပေမယ့် PDFs ကနေ Word Document ကိုပြောင်းတာတော့ နည်းနည်းလေး ရှုပ်ထွေးပါတယ်။
Foxit Reader ကိုသုံးပြီး PDF ကနေ တခြား Format အမျိုးမျိုးကို အလွယ်တကူပြောင်းနိုင်ပါတယ်။ ဘယ်လိုသုံးတယ်ဆိုတာကို မိတ်ဆက်ပေးပါမယ်။


(၁) Foxit Reader နည်းလမ်း

http://downloads.techradar.com/downloads/foxit-reader

အခုပေးထားတဲ့ Link ကနေ Foxit Reader ကိုဒေါင်းလုတ်လုပ်ယူနိုင်ပါတယ်။
ဒေါင်းလုတ်လုပ်ပြီး Install လုပ်လိုက်ပါ။ပြီးရင် PDF ဖိုင်ကို Load Up လုပ်ပြီး တခြား Format ကိုပြောင်းလို့ရပါတယ်။


(၁) Text အဖြစ် ပြောင်းခြင်း

PDF ကနေ Word Format ကို Foxit Reader ကတဆင့်ပြောင်းမယ်ဆိုရင် လုပ်ဆောင်ချက် အဆင့် ၂ ဆင့်ရှိပါတယ်။ အရမ်းကိုရိုးရှင်းပါတယ်။ အရင်ဆုံး PDF ကို Text Format ပြောင်းပြီး Text ကနေ Word အဖြစ်ပြောင်းပေးရမှာပါ။

  • PDF ဖိုင်ကို ကူးထည့်ပြီး File Tab ကိုနှိပ်ပါ။
  • ပြီးရင် Save As Option ကိုနှိပ်ပြီး ဘယ်မှာ သိမ်းမလဲဆိုတာကို ရွေးပါ။
  • ပြီးရင် ကိုယ်ပေးမယ့် နာမည်ရိုက်ထည့်ပါ။
  • Save as Type ကနေပြီးတော့ TXT Files ကို ရွေးလိုက်ပြီး Save ခလုတ်နှိပ် လိုက်ပါ။
  • အဲဒီနောက် File ကနေ Text ပြောင်းသွားမှာဖြစ်ပြီး အဲဒါကို Document အသစ်တစ်ခုအဖြစ် Save ထားလိုက်ပါ။

(၃) Word မှာ ဖွင့်မယ်

ပြောင်းထားတဲ့ Text Format ရသွားပြီဆိုရင် Microsoft word ကိုဖွင့်လိုက်ပါ။ အဲဒီ Word ထဲမှာ File Menu (သို့) Tab ကိုနှိပ်လိုက်ပြီး ပြီးရင် စောစောက Save ထားတဲ့ Text File ကို Open ကိုနှိပ်ပါ။ တကယ်လို့ ဖိုင်မတွေ့ဘူးဆိုရင် Drop-Down Menu ကနေ All Files ခလုတ်ကို select မှတ်ပြီး ဖိုင်နာမည် အမှန်ကို ရွေးလိုက်ပါ။ ပြီးရင် ဖိုင်တစ်ခုကျလာပါလိမ့်မယ်။ အဲဒီဖိုင်ကို ဖွင့်လိုက်ပါ။


(၄) word document ကို ပြင်ဆင်ပါ။

PDF ဖိုင်ကနေ ပြောင်းထားတဲ့ စာတွေကို သေချာ ရှင်းရှင်းလင်းလင်းလုပ်ဖို့လိုပါတယ်။ စာသားတွေကို သေချာ သပ်သပ်ရပ်ရပ်လုပ်ပြီးသွားရင် Word File Format နဲ့ Save လုပ်လို့ရပါပြီ။ File Menu ကိုနှိပ်ပြီး Save as ကိုနှိပ်လိုက်ပါ။ ပြီးရင် ဖိုင်နာမည်ရိုက်ထည့်ပြီး Save လိုက်ပါ။ ပြီးပါပြီ။