HP ကုမ္ပဏီက 2-in-1 Laptop အမျိုးအစားဖြစ်တဲ့ HP Pavilion X2 ကို ထုတ်လုပ်လိုက်ပါတယ်။ ပုံစံကတော့ Laptop ပုံစံဖြစ်ပေမယ့် Tablet လိုသုံးချင်ရင်လည်း Keyboard နဲ့ စခရင် ဆက်ထားတဲ့နေရာကို ဖြုတ်လိုက်ရင် Tablet လို အလွယ်တကူ သုံးစွဲလို့ရပါတယ်။

အရေးတကြီး Office Works တွေလုပ်ဖို့လိုလာရင်လည်း အဲ့ဒီ Tablet ကို Keyboard နဲ့ ပြန်တပ်ပြီး အလုပ်လုပ်လို့ရပါတယ်။ Tablet နဲ့ Keyboard တစ်ခုနဲ့တစ်ခုကြားကို တပ်ရဖြုတ်ရလွယ်ကူအောင် သံလိုက်လေးလည်းပါဝင်ပါတယ်။

ကောင်းတဲ့အချက်

Laptop အရွယ်အစား သေးပေမယ့် Speaker တွေကလည်း အသံကျယ်ကျယ်နဲ့ ကြည်ကြည်လင်လင်ထွက်ပါတယ်။ ဘက်ထရီ ကလည်း ၁၁ နာရီခွဲလောက် တာရှည်ခံတယ်လို့ ကြေညာထားပါတယ်။ Software ကြီးကြီးမားမားသုံးစရာမလိုဘဲ အလုပ်ကိစ္စနဲ့ ခရီးအမြဲသွားနေရသူတွေအတွက်တော့ သယ်ဆောင်ရလွယ်ကူတဲ့ 2-in-1 Laptop အမျိုးအစား ဖြစ်ပါတယ်။

မကောင်းတဲ့အချက်

Processor ရဲ့ လုပ်ဆောင်ချက်က အားနည်းပါတယ်။ ဒါကြောင့် Software ကြီးကြီးမားမား အသုံးပြုသူတွေအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ မန်မိုရီလည်း များများစားစား မဆန့်ပါဘူး။

အရွယ်အစား

မျက်နှာပြင် အရွယ်အစားက ၁၀.၁ လက်မ ရှိပြီး Touchscreen Display ရှိပါတယ်။ Laptop တစ်ခုလုံးရဲ့ အရွယ်အစားကတော့ 10.39 x 6.81 x 0.78 လက်မ ရှိပါတယ်။

ဈေးနှုန်း

Tablet ရော၊ Laptop ရောပါ ၂ မျိုးအသုံးပြုနိုင်တဲ့ HP Pavilion X2 ကတော့ ပါဝင်တဲ့ Storage နဲ့ Ram အပေါ်မူပြီး ဈေးနှုန်း အမျိုးမျိုးရှိပါတယ်။ ဈေးနှုန်းက အမေရိကန်ပြည်ထောင်စုမှာ ဒေါ်လာ ၂၉၉ ဒေါ်လာ ကနေ စတင်ရောင်းချပါတယ်။

မြန်မာနိုင်ငံမှာတော့ Window 10 ၊ Intel®Atom Z8300 Processor (1.4GHz, 2MB Cache, 4 Cores) ၊ RAM က 2 GB 1600DDR3L နဲ့ Storage 32 GB ကို ဒေါ်လာ ၃၉၅ နဲ့ ရောင်းချနေပါတယ်။

အလေးချိန်

HP Pavilion X2 ရဲ့ အလေးချိန်က Keyboard အပါအ၀င်ဆိုရင် ၂.၄၈ ပေါင်ရှိပြီး၊ Screen 360 ဒီဂရီ လှည့်လို့ရတဲ့ Asus Chromebook Flip က ၁.၉၈ ပေါင်ဘဲ ရှိတာကြောင့် Asus ထက်စာရင်တော့ လေးပါတယ်။ ဒါပေမယ့် Screen 360 ဒီဂရီလှည့်လို့ရတဲ့ Asus Transformer Book TP200SA နဲ့ Acer Aspire 10E ထက်စာရင်တော့ ပေါ့ပါတယ်။

Specification

HP Pavilion X2 ရဲ့ CPU က 1.33GHz Intel Atom Z3736F (Quad-Core, 2 MB Cache, 2.16 GHz with Turbo Boost) ဖြစ်တာကြောင့် ခရီးသွားလာရများပြီး Office နဲ့ပတ်သက်တဲ့ Software တွေသာ အသုံးပြုသူတွေအတွက်ဘဲ သင့်တော်ပါတယ်။

Graphic က Intel HD Graphics ဖြစ်ပြီး RAM က 2GB DDR#L SDRAM ဖြစ်ပါတယ်။ Storage ကတော့ 32 GB ဘဲ ရှိတာကြောင့် Hard Drive တစ်ခုလောက်တော့ လိုပါမယ်။ 802.11b WLAN နဲ့ Bluetooth ပါဝင်ပါတယ်။

Tablet လို အသုံးပြုလို့ရပေမယ့် သူ့မှာ USB 2.0 Port တစ်ခုပါဝင်တဲ့အပြင် Micro HDMI နဲ့ Headphone ထည့်နိုင်တဲ့အပေါက် တစ်ခု၊ Micro SD Card Reader လည်း ပါဝင်ပါတယ်။

ကင်မရာကတော့ တခြား Tablet တွေလိုမျိုး Megapixel မြင့်တဲ့ ကင်မရာမျိုး မပါပါဘူး။ HP TrueVision HD Webcam (Front-Facing) ကင်မရာ အမျိုးအစားဘဲ ပါဝင်ပါတယ်။

HP Pavilion X2 2-in-1 Laptop ဟာ CPU အားနည်းတဲ့အချက်ရယ်၊ Storage နည်းတာရယ်နဲ့ Keyboard ကကျဉ်းတာကြောင့် စာရိုက်ရတဲ့အခါမှာ ကပ်သီးကပ်သပ်တော့ နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သယ်ကူရလွယ်ကူပြီး Tablet လိုလည်း အသုံးပြုနိုင်တာကြောင့် သူ့ရဲ့ ဈေးနှုန်းကတော့ ကြီးမြင့်တယ်လို့ မဆိုနိုင်ပါဘူး။ သူ့အားနည်းချက်တွေကို စဉ်းစားလက်ခံပြီး ကိုယ့်လိုအပ်ချက်နဲ့လည်း ကိုက်ညီမယ်ဆိုရင်တော့ အသုံးဝင်မယ့် 2-in-1 Laptop မျိုးဘဲ ဖြစ်ပါတယ်။