တစ်နေ့ကို Facebook ကို အနည်းဆုံး ၆ ကြိမ်လောက်တော့ ဖွင့်ကြည့်မိကြမှာပါ။ တချို့ဆိုရင် တစ်နေ့ကို အနည်းဆုံး ၈ နာရီလောက်တောင် ကြည့်ကြပါတယ်။

သူများတွေ ဘာတွေလုပ်နေတယ်၊ ဘာတွေ ဖြစ်နေလဲဆိုတဲ့ တခြားသူ ဘ၀ကို စပ်စုရတာကို ပျော်ကြသလို ကိုယ်တင်ထားတဲ့ Post မှာ Likes ဘယ်လောက်များများရလဲ၊ ဘယ်လို ဘယ်လို Comments တွေဝင်ရေးကြလဲဆိုတာကိုလည်း ကြည့်ချင်ကြပါတယ်။

ဘယ်လောက် ချစ်စဖွယ် ခွေးပုံလေးတွေကို ကြည့်ကြည့် Share ကြပေမယ့် တကယ်တမ်း Facebook သုံးရတာ ကျေကျေနပ်နပ်နဲ့ ပျော်တဲ့ စိတ်ခံစားချက်ကျန်ခဲ့တာနည်းပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ သုတေသန ရလဒ်အရ Facebook က လူတွေကို မပျော်ရွှင်အောင် လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား တက္ကသိုလ်နဲ့ ယေးလ် တက္ကသိုလ်တို့ က ပူးပေါင်းပြီး Facebook အသုံးပြုသူတွေရဲ့ စိတ်နေစိတ်ထားကို သုတေသနလုပ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာ Facebook အသုံးပြုသူ အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား ၅ ထောင်ကျော်ကို သုတေသနပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Facebook အသုံးပြုသူက Post ၁ခု၊ Link ၁ ခု၊ likes တစ်ခု ပေးမှု၊ တင်မှု တွေရဲ့ ၁ရာခိုင်နှုန်းမြင့်တက်တိုင်း သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုက ၅ကနေ ၈ % ထိခိုက်မှုရှိနေပါတယ်။

ဒါကြောင့် Facebook အသုံးများသူ အများစုက စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာတွေနဲ့ တွေ့ကြုံရတာများပါတယ်။