Zawgyi

OnePlus ဖုန္းအသံုးျပဳသူတိုင္း Audio Tuner ဆိုတဲ့ Setting ေလးတစ္ခုကိုသိၾကမွာပါ။ အဆိုပါ Audio Tuner က ကိုယ္အသံုးျပဳတဲ့ Earphones ေပၚလိုက္ျပီး အေကာင္းဆံုး အသံထြက္ကို ခ်ိန္ညွိေပးတဲ့ လုပ္ေဆာင္ခ်က္တစ္ခုပါ။ အဆိုပါ လုပ္ေဆာင္ခ်က္ေနာက္ကြယ္က နည္းပညာကေတာ့ Dirac လို႔ေခၚတဲ့ အသံပိုင္းဆိုင္ရာ ကုမၸဏီတစ္ခုရဲ႕ နည္းပညာတစ္ခုကို အေျခခံထားတာပါ။ Audio Tuner က ဘယ္ေလာက္ပဲ ေကာင္းေကာင္း Bluetooth Headphones ေတြအတြက္ေတာ့ အေထာက္အပ့ံမရခဲ့ပါဘူး။ ဒါေပမယ့္ OnePlus 6 နဲ႔ 6T အတြက္ေနာက္ဆံုး Software Update ေတြမွာေတာ့ Bluetooth Headphones, Earphones ေတြအတြက္ပါ အေထာက္အပ့ံရပါျပီ။

OnePlus 6T အတြက္ကေတာ့ OxygenOS 9.0.7 အေနနဲ႔ထြက္ရွိလာတာျဖစ္ျပီး OnePlus 6 အတြက္ကေတာ့ Open Beta 8 အေနနဲ႔ထြက္ရွိလာတာပါ။ OnePlus 6 အတြက္ Update ဟာ Beta Version ျဖစ္တဲ့အတြက္ Stable Version ေတြေလာက္ေတာ့ တည္ျငိမ္မွုရွိဦးမွာမဟုတ္ေသးပါဘူး။

အခုထြက္ရွိလာတဲ့ Update ႏွစ္ခုဟာ Change Log ေတြ တူညီလုနီးပါးရွိျပီး OnePlus 6 နဲ႔ 6T ႏွစ္ခုလံုးမွာ Slow Motion Video ရိုက္တဲ့အခါ ပိုေကာင္းမြန္တဲ့ ဗီဒီယိုေတြရရွိမွာပါ။ အၾကီးမားဆံုး အေျပာင္းအလဲအေနနဲ႔ ကေတာ့ အေပၚမွာေျပာသြားသလိုပဲ Bluetooth Headphones ေတြအတြက္ပါ Audio Tuner အေထာက္အပ့ံရရွိသြားတာပါပဲ။ ဒါ့အျပင္ Bluetooth ခ်ိတ္ဆက္မွုအပိုင္းမွာလည္း ပိုျပီး တည္ျငိမ္လာေစတယ္လို႔ ေဖာ္ျပထားပါတယ္။ Bullets Type C Earphones အတြက္လည္း Audio Tuner အေထာက္အပ့ံ ပါလာပါေသးတယ္။ OnePlus Launcher ရဲ႕ Shelf ကိုလည္း အနက္ေရာင္ ေျပာင္းလဲျပီး အသံုးျပဳလို႔ ရပါျပီ။


OnePlus 6 နဲ႔ 6T အသံုးျပဳသူေတြ အတြက္ အဆိုပါ Update ဟာ ဝမ္းသာစရာျဖစ္ေပမယ့္လည္း OnePlus 5 နဲ႔ 5T လို Device အေဟာင္းေတြ အသံုးျပဳသူေတြအေနနဲ႔ကေတာ့ အဆိုပါ Bluetooth အေထာက္အပ့ံေပးတဲ့ Audio Tuner ရရွိမယ္လို႔ ေမွ်ာ္လင့္ထားလို႔ေတာ့မရေသးပါဘူး။ Bluetooth Audio ကို အေထာက္အပံ့လုပ္တဲ့ Dirac Audio ရဖို႔အတြက္ Bluetooth Version 5.0 အျပင္ တစ္ျခား Hardware အေထာက္ပ့ံေတြအမ်ားၾကီးလိုလို႔ပါ။

အဆိုပါ Update ေတြရယူခ်င္တယ္ဆိုရင္ေတာ့ OnePlus 6T အသံုးျပဳေနတဲ့ သူေတြအေနနဲ႔ ဖုန္းရဲ႕ Setting ထဲက System ထဲဝင္ျပီး System Update ကေန တစ္ဆင့္ OTA ရယူႏိုင္ပါတယ္။ OnePlus 6 အသံုးျပဳေနတဲ့ သူေတြဆိုရင္ေတာ့ ကိုယ္အသံုးျပဳေနတဲ့ OxygenOS က Stable ဆိုရင္ေတာ့ အခုအသစ္ထြက္တဲ့ Open Beta 8 ကို OTA အေနနဲ႔ ရရွိမွာမဟုတ္ပဲ OnePlus Official Site ကေန တစ္ဆင့္ ေဒါင္းလုတ္ရယူျပီး System Update ထဲဝင္ကာ Local Update ကေနတစ္ဆင့္ သြင္းလို႔ရပါတယ္။

Ref: XDA

Unicode

OnePlus ဖုန်းအသုံးပြုသူတိုင်း Audio Tuner ဆိုတဲ့ Setting လေးတစ်ခုကိုသိကြမှာပါ။ အဆိုပါ Audio Tuner က ကိုယ်အသုံးပြုတဲ့ Earphones ပေါ်လိုက်ပြီး အကောင်းဆုံး အသံထွက်ကို ချိန်ညှိပေးတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ အဆိုပါ လုပ်ဆောင်ချက်နောက်ကွယ်က နည်းပညာကတော့ Dirac လို့ခေါ်တဲ့ အသံပိုင်းဆိုင်ရာ ကုမ္ပဏီတစ်ခုရဲ့ နည်းပညာတစ်ခုကို အခြေခံထားတာပါ။ Audio Tuner က ဘယ်လောက်ပဲ ကောင်းကောင်း Bluetooth Headphones တွေအတွက်တော့ အထောက်အပံ့မရခဲ့ပါဘူး။ ဒါပေမယ့် OnePlus 6 နဲ့ 6T အတွက်နောက်ဆုံး Software Update တွေမှာတော့ Bluetooth Headphones, Earphones တွေအတွက်ပါ အထောက်အပံ့ရပါပြီ။

OnePlus 6T အတွက်ကတော့ OxygenOS 9.0.7 အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး OnePlus 6 အတွက်ကတော့ Open Beta 8 အနေနဲ့ထွက်ရှိလာတာပါ။ OnePlus 6 အတွက် Update ဟာ Beta Version ဖြစ်တဲ့အတွက် Stable Version တွေလောက်တော့ တည်ငြိမ်မှုရှိဦးမှာမဟုတ်သေးပါဘူး။

အခုထွက်ရှိလာတဲ့ Update နှစ်ခုဟာ Change Log တွေ တူညီလုနီးပါးရှိပြီး OnePlus 6 နဲ့ 6T နှစ်ခုလုံးမှာ Slow Motion Video ရိုက်တဲ့အခါ ပိုကောင်းမွန်တဲ့ ဗီဒီယိုတွေရရှိမှာပါ။ အကြီးမားဆုံး အပြောင်းအလဲအနေနဲ့ ကတော့ အပေါ်မှာပြောသွားသလိုပဲ Bluetooth Headphones တွေအတွက်ပါ Audio Tuner အထောက်အပံ့ရရှိသွားတာပါပဲ။ ဒါ့အပြင် Bluetooth ချိတ်ဆက်မှုအပိုင်းမှာလည်း ပိုပြီး တည်ငြိမ်လာစေတယ်လို့ ဖော်ပြထားပါတယ်။ Bullets Type C Earphones အတွက်လည်း Audio Tuner အထောက်အပံ့ ပါလာပါသေးတယ်။ OnePlus Launcher ရဲ့ Shelf ကိုလည်း အနက်ရောင် ပြောင်းလဲပြီး အသုံးပြုလို့ ရပါပြီ။


OnePlus 6 နဲ့ 6T အသုံးပြုသူတွေ အတွက် အဆိုပါ Update ဟာ ဝမ်းသာစရာဖြစ်ပေမယ့်လည်း OnePlus 5 နဲ့ 5T လို Device အဟောင်းတွေ အသုံးပြုသူတွေအနေနဲ့ကတော့ အဆိုပါ Bluetooth အထောက်အပံ့ပေးတဲ့ Audio Tuner ရရှိမယ်လို့ မျှော်လင့်ထားလို့တော့မရသေးပါဘူး။ Bluetooth Audio ကို အထောက်အပံ့လုပ်တဲ့ Dirac Audio ရဖို့အတွက် Bluetooth Version 5.0 အပြင် တစ်ခြား Hardware အထောက်ပံ့တွေအများကြီးလိုလို့ပါ။

အဆိုပါ Update တွေရယူချင်တယ်ဆိုရင်တော့ OnePlus 6T အသုံးပြုနေတဲ့ သူတွေအနေနဲ့ ဖုန်းရဲ့ Setting ထဲက System ထဲဝင်ပြီး System Update ကနေ တစ်ဆင့် OTA ရယူနိုင်ပါတယ်။ OnePlus 6 အသုံးပြုနေတဲ့ သူတွေဆိုရင်တော့ ကိုယ်အသုံးပြုနေတဲ့ OxygenOS က Stable ဆိုရင်တော့ အခုအသစ်ထွက်တဲ့ Open Beta 8 ကို OTA အနေနဲ့ ရရှိမှာမဟုတ်ပဲ OnePlus Official Site ကနေ တစ်ဆင့် ဒေါင်းလုတ်ရယူပြီး System Update ထဲဝင်ကာ Local Update ကနေတစ်ဆင့် သွင်းလို့ရပါတယ်။

Ref: XDA