Zawgyi

၂၀၁၇ အလယ္ပိုင္းမွာ ကိုရီးယားဖုန္းကုမၸဏီျဖစ္တဲ့ LG ကေန သူ႕ရဲ႕ပထမဆံုး mid-range Q-series ျဖစ္တဲ့ LG Q6 ကိုစတင္မိတ္ဆက္ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ LG Q7 နဲ႔ LG Q8 ကိုပါထပ္ထုတ္လာခဲ့တယ္။ လြန္ခဲ့တဲ့လအနည္းငယ္က တရား၀င္မဟုတ္တဲ့ဓာတ္ပံုတစ္ပံုနဲ႔အတူ LG Q9 ရဲ႕သတင္းတစ္ပုဒ္ထြက္လာခဲ့တယ္။ လြန္ခဲ့တဲ့ရက္အနည္းငယ္ကေတာ့ notch ပါတဲ့မ်က္ႏွာျပင္နဲ႔ဖုန္းတစ္လံုးကို web မွာေတြ႕လိုက္ရပါတယ္။ အခုေတာ့ LG Q9 ကိုတကယ္ပဲခ်ျပလိုက္ပါၿပီ။

အဲ့ဒီပံုကို တရား၀င္အန္းဒရိြဳက္ဝက္ဆိုဒ္ကေတြ႕ခဲ့ေပမယ့္လည္း ျပန္စစ္ေဆးၾကည့္တဲ့အခါ မေတြ႕ရေတာ့ပါဘူး။ ျပန္ဖ်က္သြားပံုေပၚပါတယ္။ ဒါေပမယ့္ screenshot ေတြေတာ့က်န္ခဲ့ပါတယ္။ ပံုေတြထဲကတစ္ပံုအရဆိုရင္ LG Q9 က ေမာ္ဒယ္နံပါတ္ LM-Q925S ရယ္ LM-Q925L ရယ္ဆိုၿပီးပံုစံႏွစ္မ်ိဳးနဲ႔ထြက္လာမွာပါ။ ဖုန္းရဲ႕မ်က္ႏွာျပင္ကေတာ့ ၆.၁ လက္မရိွမွာျဖစ္ၿပီး RAM 4GB နဲ႔ storage အေနနဲ႔ 32GB ရယ္ 64GB ရယ္ႏွစ္မ်ိဳးရႏိုင္မွာပါ။ Android 8.1 Oreo ကိုသံုးထားမွာျဖစ္ၿပီး fingerprint scanner နဲ႔ NFC ခ်ိတ္ဆက္မႈေတြကိုပါထည့္ေပးထားဦးမွာပါ။

ပံုေတြထဲမွာ ေရွ႕မွာေျပာထားတဲ့ အခ်က္အလက္ေတြနဲ႔တြဲၿပီး ဖုန္းရဲ႕အေရွ႕ဘက္ကိုျပထားေပးပါတယ္။ ဒီပံုကိုၾကည့္မယ္ဆိုရင္ လြန္ခဲ့တဲ့ရက္အနည္းငယ္က web မွာျပထားသလို notch ပါတဲ့ Q9 နဲ႔တူတူပါပဲ။ Processor နဲ႔ပတ္သတ္ၿပီးေတာ့ဘာမွေဖာ္ျပထားတာမေတြ႕ရပါဘူး။ ဒီဖုန္းမွာ Snapdragon 660 အသံုးျပဳထားလိမ့္မယ္လို႔ေတာ့ေကာလဟာလေတြထြက္ေနပါတယ္။ LG Q8 မွာဆိုရင္ Snapdragon 450 ကိုသာသံုးထားတာမို႔ Snapdragon 660 ကေတာ့မျဖစ္ႏိုင္ေသးဘူးထင္ရတာပါပဲ။ စြမ္းေဆာင္ရည္ပိုျမင့္တဲ့ Snapdragon 660 အစား Snapdragon 632 ကိုသာ အသံုးျပဳမယ္လို႔ ေမၽွာ္လင့္ရမယ့္ပံုပါပဲ။

Ref: Gizmo China

Unicode

၂၀၁၇ အလယ်ပိုင်းမှာ ကိုရီးယားဖုန်းကုမ္ပဏီဖြစ်တဲ့ LG ကနေ သူ့ရဲ့ပထမဆုံး mid-range Q-series ဖြစ်တဲ့ LG Q6 ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ LG Q7 နဲ့ LG Q8 ကိုပါထပ်ထုတ်လာခဲ့တယ်။ လွန်ခဲ့တဲ့လအနည်းငယ်က တရားဝင်မဟုတ်တဲ့ဓာတ်ပုံတစ်ပုံနဲ့အတူ LG Q9 ရဲ့သတင်းတစ်ပုဒ်ထွက်လာခဲ့တယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ notch ပါတဲ့မျက်နှာပြင်နဲ့ဖုန်းတစ်လုံးကို web မှာတွေ့လိုက်ရပါတယ်။ အခုတော့ LG Q9 ကိုတကယ်ပဲချပြလိုက်ပါပြီ။

အဲ့ဒီပုံကို တရားဝင်အန်းဒရွိုက်ဝက်ဆိုဒ်ကတွေ့ခဲ့ပေမယ့်လည်း ပြန်စစ်ဆေးကြည့်တဲ့အခါ မတွေ့ရတော့ပါဘူး။ ပြန်ဖျက်သွားပုံပေါ်ပါတယ်။ ဒါပေမယ့် screenshot တွေတော့ကျန်ခဲ့ပါတယ်။ ပုံတွေထဲကတစ်ပုံအရဆိုရင် LG Q9 က မော်ဒယ်နံပါတ် LM-Q925S ရယ် LM-Q925L ရယ်ဆိုပြီးပုံစံနှစ်မျိုးနဲ့ထွက်လာမှာပါ။ ဖုန်းရဲ့မျက်နှာပြင်ကတော့ ၆.၁ လက်မရှိမှာဖြစ်ပြီး RAM 4GB နဲ့ storage အနေနဲ့ 32GB ရယ် 64GB ရယ်နှစ်မျိုးရနိုင်မှာပါ။ Android 8.1 Oreo ကိုသုံးထားမှာဖြစ်ပြီး fingerprint scanner နဲ့ NFC ချိတ်ဆက်မှုတွေကိုပါထည့်ပေးထားဦးမှာပါ။

ပုံတွေထဲမှာ ရှေ့မှာပြောထားတဲ့ အချက်အလက်တွေနဲ့တွဲပြီး ဖုန်းရဲ့အရှေ့ဘက်ကိုပြထားပေးပါတယ်။ ဒီပုံကိုကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ရက်အနည်းငယ်က web မှာပြထားသလို notch ပါတဲ့ Q9 နဲ့တူတူပါပဲ။ Processor နဲ့ပတ်သတ်ပြီးတော့ဘာမှဖော်ပြထားတာမတွေ့ရပါဘူး။ ဒီဖုန်းမှာ Snapdragon 660 အသုံးပြုထားလိမ့်မယ်လို့တော့ကောလဟာလတွေထွက်နေပါတယ်။ LG Q8 မှာဆိုရင် Snapdragon 450 ကိုသာသုံးထားတာမို့ Snapdragon 660 ကတော့မဖြစ်နိုင်သေးဘူးထင်ရတာပါပဲ။ စွမ်းဆောင်ရည်ပိုမြင့်တဲ့ Snapdragon 660 အစား Snapdragon 632 ကိုသာ အသုံးပြုမယ်လို့ မျှော်လင့်ရမယ့်ပုံပါပဲ။

Ref: Gizmo China