Nintendo အနေနဲ့ ချစ်စရာကောင်းတဲ့ Minions လေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Despicable ME Animation ဇာတ်ကား ကို ထုတ်လုပ်ခဲ့တဲ့ Illumination လို့ အမည်ရတဲ့ Animation Studio နဲ့ ပူးပေါင်းပြီး Mario ဇာတ်ကားကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲက Mario Movie နဲ့ ပတ်သတ်ပြီး ကောလာဟလတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပေမယ့် ယခုအခါမှ တရားဝင် အတည်ပြု ပေးလိုက်တာပဲ ဖြစ်ပါတယ်။ Mario ဇာတ်ကားနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်တွေကို Nintendo အနေနဲ့ တရားဝင် ဖေါ်ပြခြင်းတော့ မရှိသေးပါဘူး။

သေချာတာတစ်ခုကတော့ အသစ်ထွက်ရှိလာမယ့် Mario Animation Movie ကို Mario နဲ့ အခြား Nintendo ရဲ့ နာမည်ကြီး ဇာတ်ကောင်တွေကို ဖန်တီးခဲ့တဲ့ Shigeru Miyamoto နဲ့အတူ Despicable Me Franchise ကို ဖန်တီးခဲ့တဲ့ Chris Meledandri တို့က ပူးတွဲ ဖန်တီး သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Mario Movie နဲ့ ပတ်သတ်ပြီး ရုံတင်မယ့်ရက်ကို တရားဝင် ထုတ်ပြန် ကြေငြာခြင်း မရှိ သေးပါဘူး။

ဒါ့အပြင် Nintendo အနေနဲ့ Mario ပရိသတ်တွေ နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့တဲ့ Mario Kart Mobile Version ကိုလည်း စတင် ဖန်တီးနေပြီ ဖြစ်ကြောင်း ကြေငြာ သွားခဲ့ပါတယ်။ တရားဝင် ဖြန့်ချီ မယ့်ရက်ကို ထုတ်ပြန် ကြေငြာခြင်း မရှိသေးပေမယ့် Nintendo ရဲ့ အဆိုအရ Mario Kart Tour လို့ အမည်ရတဲ့ Mario Kart Mobile Version ကို နောက်လာမယ့် Financial Year ဖြစ်တဲ့ April 2018 နဲ့ March 2019 ကြားမှာ ဖြန့်ချီ ရောင်းချ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Mario Kart Tour နဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန် ကြေငြာချင်း မရှိသေးပေမယ့် Mario Kart ဂိမ်းဟာ Nintendo ရဲ့ Franchise အကြီးမားဆုံး ဂိမ်းတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တာကြောင့် Nintendo အနေနဲ့ Mario Kart Tour ကို အသေအချာ ပြင်ဆင်ပြီးမှ ထုတ်လုပ် ရောင်းချ လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Nintendo အနေနဲ့ အခုအချိန်မှာ Mobile ဂိမ်း Development ပိုင်းကို ပိုမို အားစိုက်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းဂိမ်း ၅ ခု ထုတ်လုပ်သွားနိုင်ရန် စီစဉ်ထားခဲ့ပေမယ့် Super Mario Run, Fire Emblem Heroes, Animal Crossing: Pocket Camp စတဲ့ စမတ်ဖုန်း ဂိမ်း သုံးမျိုးကိုသာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Social Media Platform ပိုင်းကို ချဲ့ထွင်တဲ့ အနေနဲ့ Miitomo လို့ အမည်ရတဲ့ Social Media App တစ်ခုကို ထုတ်လုပ်ခဲ့ပေမယ့် လူကြိုက်နည်းခဲ့တာကြောင့် Miitomo App Support ကို ရပ်ဆိုင်း ပစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် Wall Street Journal ရဲ့ ဖေါ်ပြချက်အရ Nintendo Switch ရဲ့ နာမည်ကြီး ဂိမ်း တစ်ခု ဖြစ်တဲ့ Legend Of Zelda ကိုလည်း Mobile ဂိမ်း အဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားနေတယ် လို့ သိရပါတယ်။

REF: The Verge