Zawgyi



>>>ဒီကိုနှိပ်ပြီး ဒေါင်းပါ<<<

Ref: XDA

Unicode

Pixel 3 မှာ အရမ်းလန်းတဲ့ ကင်မရာ Feature အသစ်တွေပါဝင်လာပြီး Night Sight လို ညဘက် အလင်းနည်းတဲ့ နေရာတွေမှာ ရိုက်ရင် အတော်လေးကောင်းမွန်တဲ့ ပုံရိပ်တွေထုတ်ပေးနိုင်တဲ့ Feature တွေက အရမ်းအံ့သြဖို့ကောင်းတဲ့ Software အထောက်အပံ့စနစ်တွေပါပဲ။ Top Shot နဲ့ Zoom ဆွဲတဲ့ စနစ် အသစ်တွေက Pixel 3 ကို တစ်ခြားဖုန်းတွေနဲ့ ကွဲပြားနေစေတဲ့ အချက်တွေပါပဲ။ Pixel 3 Series မှာပါလာတဲ့ ကင်မရာ ဗားရှင်းက 6.1 ပါ။ User Interface အသစ်နဲ့ အတူ အပေါ်မှာပြောထားတဲ့ Feature အသစ်တွေအကုန်ပါလာတာပါ။ XDA Developer တွေကနေ အဆိုပါ Pixel 3 ရဲ့ ကင်မရာ Feature တွေကို တစ်ခြား Flagship ဖုန်းတွေမှာပါ အသုံးပြုနိုင်ဖို့ ကြိုးနေပါတယ်။ Xiaomi Mi 5 မှာ Pixel 3 ကင်မရာရဲ့ Night Sight Feature ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါပြီ။ Poco နဲ့ Mi 8 တို့မှာလည်း အဆိုပါ Google ကင်မရာ ဗားရှင်းအသစ်အသုံးပြုလို့ ရနေပြီး အခုနောက်ဆုံးမှာတော့ နာမည်ကြီး Flagship Killer ဖြစ်တဲ့ OnePlus 6 အတွက် Google ကင်မရာ အသစ်အသုံးပြုလို့ရပါပြီ။

အဆိုပါ OnePlus 6 အတွက် Google ကင်မရာ ဗားရှင်းအသစ်ကို XDA ရဲ့ စီနီယာ Developer ဖြစ်တဲ့ Arnova8G2 က ထုတ်ပေးခဲ့တာဖြစ်ပြီး HDR+, Portrait Mode, RAW Support, 1080p video တွေကို 30/60/auto FPS နဲ့ 4K video တွေကို 30FPS ထိရိုက်ကူးနိုင်ပြီး Motion Auto Focus, Google Lens Suggestion နဲ့ Face Retouching Feature တွေ အကုန်အသုံးပြုလို့ရတယ်လို့ဆိုပါတယ်။ လက်ရှိမှာ အသုံးပြုလို့မရသေးတဲ့ Feature တွေကတော့ Night Sight, Slow Motion, Photobooth နဲ့Top Shot ဆိုတဲ့ Feature တွေပါပဲ။ အဆိုပါ Feature တွေက Pixel 3 ရဲ့ Feature အသစ်တွေဖြစ်ပေမယ့် OnePlus 6 မှာ အသုံးပြုလို့မရသေးတာကတော့ ဝမ်းနည်းစရာပါပဲ။ ဒါပေမယ့် Google ကင်မရာဟာ ဖုန်းတိုင်းနဲ့ မကိုက်ညီပဲ တစ်ခြား ဖုန်းတွေပေါ်မှာ အသုံးပြုလို့ရအောင် Modify လုပ်ရတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ လောလောဆယ်တော့ အသုံးပြုလို့မရပေမယ့်လည်း နောက်မကြာခင်မှာ အသုံးပြုလို့ရအောင် XDA Developer တွေက လုပ်ဆောင်ပေးမှာပါ။ Pixel ဖုန်းတွေရဲ့ ကင်မရာ အရမ်းကောင်းနေတဲ့ အဓိကအကြောင်းရင်းကတော့ HDR+ ဆိုတဲ့ နည်းပညာကြောင့်ပဲဖြစ်ပြီး DxO Mark စာရင်းမှာ တစ်ခြားဖုန်းတွေဖက် ခေါင်းတစ်လုံးသာနေတာကလဲ အဲ့ဒီ အချက်ကြောင့်ပါပဲ။ OnePlus 6 ပိုင်ရှင်တွေဆိုရင် ဒီ Google ကင်မရာ အသစ်နဲ့ ပိုပြီး Detail ကောင်းတဲ့ ဓာတ်ပုံတွေထွက်ပေါ်လာစေတဲ့အတွက် စမ်းသုံးကြည့်သင့်ပါတယ်။ အခု ဗားရှင်းဟာ OnePlus 6 အတွက် သီးသန့်ထုတ်ပေးထားတာမို့လို့ ဘာ Error မှ ပါမှာမဟုတ်ပါဘူး။ စမ်းသုံးကြည့်ချင်တဲ့သူတွေအတွက် အောက်က Link မှာ ဒေါင်းနိုင်ပါတယ်။

>>>ဒီကိုနှိပ်ပြီး ဒေါင်းပါ<<<

Ref: XDA