Zawgyi

ဒီေန႕ေခတ္ စမတ္ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ ကင္မရာအရည္အေသြးဆိုတာက လုံးဝ လ်စ္လ်ဴရႈလို႔မရေတာ့တဲ့ အရာတစ္ခုျဖစ္လာၿပီး ဖုန္းအသစ္တစ္လုံးထြက္လာတာနဲ႕ သူ႕မွာ အသုံးျပဳထားတဲ့ ပရိုဆက္ဆာၿပီးရင္ ကင္မရာ Mega Pixel ဘယ္ေလာက္လဲ၊ ဘာ ဆင္ဆာသုံးထားလဲဆိုတာ ေတြကို လူတိုင္းသိခ်င္လာၾကပါတယ္။ Flagship နဲ႕ Mid-range ဖုန္းေတာ္ေတာ္မ်ားမ်ားမွာ 12MP အနည္းဆုံးပါဝင္လာၿပီး အမ်ားဆုံးပမာဏအျဖစ္ 24MP ထိ ေတြ႕ရပါတယ္။

ဒါေပမယ့္ မၾကာေသးခင္ကမွ မိတ္ဆက္သြားတဲ့ Xiaomi ရဲ႕ Brand အခြဲျဖစ္လာတဲ့ Redmi ရဲ႕ Redmi Note 7 ကေတာ့ 48MP ကင္မရာနဲ႕ စမတ္ဖုန္း စိတ္ဝင္စားသူေတြကို မ်က္လုံးျပဴးသြားေစခဲ့ပါတယ္။ Mega Pixel ပမာဏဟာ ဓာတ္ပုံအရည္အေသြးကို တိုက္ရိုက္သက္ေရာက္ျခင္းမရွိေပမယ့္ Zoom ဆြဲၾကည့္တဲ့အခါမ်ိဳးေတြမွာေတာ့ အေတာ္အေရးပါ ပါတယ္။ ဘာပဲျဖစ္ျဖစ္ Xiaomi ရဲ႕ လုပ္နိုင္စြမ္းအားကို သက္ေသျပလိုက္တာပါပဲ။ တစ္ျခား တစ္ဘက္မွာေတာ့ Mi Killer အျဖစ္နာမည္ႀကီးေနတဲ့ Realme ကလည္း 48MP ကင္မရာပါဝင္တဲ့ စမတ္ဖုန္းတစ္လုံးထုတ္လုပ္ေနၿပီလို႔ သတင္းေတြထြက္ေပၚေနပါတယ္။

Realme ဟာ Realme 3 ကို ၂၀၁၉ အေစာပိုင္းမွာ မိတ္ဆက္မွာေသခ်ာေနၿပီး Realme 3 နဲ႕ အတူ 48MP ကင္မရာပါဝင္တဲ့ ဖုန္းတစ္လုံးကိုပါ ထုတ္လုပ္ဖို႔ျပင္ေနတာပါ။ ျဖစ္နိုင္တာကေတာ့ အဆိုပါ 48MP ကင္မရာပါဝင္လာမယ့္ ဖုန္းဟာ Realme 3 Pro ျဖစ္လာနိုင္ပါတယ္။

48MP ကင္မရာ ဖုန္းအျဖစ္ နာမည္ႀကီးေနတဲ့ Redmi Note 7 ကို အဓိက ယွဥ္ၿပိဳင္ဖို႔ Realme 3 Pro ကိုထုတ္မွာပါ။ ဒါေပမယ့္ အသုံးျပဳမယ့္ ကင္မရာ ဆင္ဆာက Sony ဆီကလား Samsung ကလားဆိုတာေတာ့ အသိအက်မသိရေသးပါဘူး။ တစ္ကယ္လို႔သာ Sony ရဲ႕ 48MP ဆင္ဆာကိုသာ တပ္ဆင္ေပးထားရင္ Redmi Note 7 ရဲ႕ Samsung ဆင္ဆာထက္ သာလြန္သြားနိုင္ပါတယ္။ ဒါေပမယ့္လည္း Xiaomi ကလည္း Redmi Note 7 ရဲ႕ Pro Version ကို ထပ္ထုတ္ဖို႔ျပင္ေနၿပီး Sony ရဲ႕ 48MP ဆင္ဆာတပ္ဆင္သြားမွာမို႔ Realme နဲ႕ Redmi ရဲ႕ 48MP ကင္မရာဖုန္း ယွဥ္ၿပိဳင္မႈဟာ Software Optimization ေပၚပဲ မူတည္ၿပီး ရလဒ္ကြဲျပားသြားမွာပါ။

Ref: XDA

Unicode

ဒီနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာ ကင်မရာအရည်အသွေးဆိုတာက လုံးဝ လျစ်လျူရှုလို့မရတော့တဲ့ အရာတစ်ခုဖြစ်လာပြီး ဖုန်းအသစ်တစ်လုံးထွက်လာတာနဲ့ သူ့မှာ အသုံးပြုထားတဲ့ ပရိုဆက်ဆာပြီးရင် ကင်မရာ Mega Pixel ဘယ်လောက်လဲ၊ ဘာ ဆင်ဆာသုံးထားလဲဆိုတာ တွေကို လူတိုင်းသိချင်လာကြပါတယ်။ Flagship နဲ့ Mid-range ဖုန်းတော်တော်များများမှာ 12MP အနည်းဆုံးပါဝင်လာပြီး အများဆုံးပမာဏအဖြစ် 24MP ထိ တွေ့ရပါတယ်။

ဒါပေမယ့် မကြာသေးခင်ကမှ မိတ်ဆက်သွားတဲ့ Xiaomi ရဲ့ Brand အခွဲဖြစ်လာတဲ့ Redmi ရဲ့ Redmi Note 7 ကတော့ 48MP ကင်မရာနဲ့ စမတ်ဖုန်း စိတ်ဝင်စားသူတွေကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ Mega Pixel ပမာဏဟာ ဓာတ်ပုံအရည်အသွေးကို တိုက်ရိုက်သက်ရောက်ခြင်းမရှိပေမယ့် Zoom ဆွဲကြည့်တဲ့အခါမျိုးတွေမှာတော့ အတော်အရေးပါ ပါတယ်။ ဘာပဲဖြစ်ဖြစ် Xiaomi ရဲ့ လုပ်နိုင်စွမ်းအားကို သက်သေပြလိုက်တာပါပဲ။ တစ်ခြား တစ်ဘက်မှာတော့ Mi Killer အဖြစ်နာမည်ကြီးနေတဲ့ Realme ကလည်း 48MP ကင်မရာပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးထုတ်လုပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Realme ဟာ Realme 3 ကို ၂၀၁၉ အစောပိုင်းမှာ မိတ်ဆက်မှာသေချာနေပြီး Realme 3 နဲ့ အတူ 48MP ကင်မရာပါဝင်တဲ့ ဖုန်းတစ်လုံးကိုပါ ထုတ်လုပ်ဖို့ပြင်နေတာပါ။ ဖြစ်နိုင်တာကတော့ အဆိုပါ 48MP ကင်မရာပါဝင်လာမယ့် ဖုန်းဟာ Realme 3 Pro ဖြစ်လာနိုင်ပါတယ်။

48MP ကင်မရာ ဖုန်းအဖြစ် နာမည်ကြီးနေတဲ့ Redmi Note 7 ကို အဓိက ယှဉ်ပြိုင်ဖို့ Realme 3 Pro ကိုထုတ်မှာပါ။ ဒါပေမယ့် အသုံးပြုမယ့် ကင်မရာ ဆင်ဆာက Sony ဆီကလား Samsung ကလားဆိုတာတော့ အသိအကျမသိရသေးပါဘူး။ တစ်ကယ်လို့သာ Sony ရဲ့ 48MP ဆင်ဆာကိုသာ တပ်ဆင်ပေးထားရင် Redmi Note 7 ရဲ့ Samsung ဆင်ဆာထက် သာလွန်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း Xiaomi ကလည်း Redmi Note 7 ရဲ့ Pro Version ကို ထပ်ထုတ်ဖို့ပြင်နေပြီး Sony ရဲ့ 48MP ဆင်ဆာတပ်ဆင်သွားမှာမို့ Realme နဲ့ Redmi ရဲ့ 48MP ကင်မရာဖုန်း ယှဉ်ပြိုင်မှုဟာ Software Optimization ပေါ်ပဲ မူတည်ပြီး ရလဒ်ကွဲပြားသွားမှာပါ။

Ref: XDA