Zawgyi

Google ရဲ႕ အသစ္ထုတ္မယ့္ Pixel 3 Lite နဲ႔ပက္သက္တဲ့ ေကာလဟလနဲ႔ သတင္းေတြဟာ လြန္ခဲ့တဲ့ ႏွစ္ပတ္အၾကာကတည္းက စတင္ထြက္ေပၚလာခဲ့တာပါ။ကင္မရာ အရည္အေသြးနဲ႔ Software Feature ေတြေၾကာင့္ နာမည္အရမ္းၾကီးတဲ့ Pixel 3 ရဲ႕ တန္ဖိုးနည္း ဗားရွင္းျဖစ္တဲ့ Pixel 3 Lite ဗားရွင္းထုတ္မယ္ဆိုေတာ့ လူတိုင္း စိတ္ဝင္စားခဲ့ၾကပါတယ္။ ကင္မရာ အရည္အေသြးလည္း Pixel 3 ေလာက္နီးနီးေကာင္းျပီး အသံုးျပဳထားတဲ့ Software ကလည္း အတူတူပဲျဖစ္တဲ့အတြက္ Pixel 3 Lite ထြက္လာခဲ့ရင္ ဝယ္မယ့္သူေတြ တန္းစီေနပါျပီ။ ေကာလဟလေတြ ထြက္ေပၚေနေပမယ့္လည္း Pixel 3 Lite ကေတာ့ တရားဝင္ထြက္ေပၚလာဖို႔ ၾကာဦးမွာပါ။ ဒါေပမယ့္လည္း Pixel 3 Lite တရားဝင္မထြက္ခင္ Pixel 3 Lite ရဲ႕ ကာဗာပံုစံေတြကေတာ့ ထြက္ေပၚေနပါျပီ။

ပံုေတြမွာျမင္ရတဲ့အတို္င္းပဲ Pixel 3 Lite ရဲ႕ ဒီဇိုင္းဟာ Pixel 3 နဲ႔ မတိမ္းမယိမ္းပဲျဖစ္ျပီး အေပၚေအာက္ ေဘာင္ေတြကေတာ့ အေတာ္ေလးထူေနတာေတြ႔ရပါတယ္။ ဒါေပမယ့္ တန္ဖိုးနည္း ဖုန္းတစ္လံုးျဖစ္တဲ့အတြက္ Google ကေတာ့ အေရးမၾကီးတဲ့ အပိုင္းေတြကို ေလ်ာ့ထားမယ္ဆိုတာ အေသအခ်ာပါပဲ။ အေရးမၾကီးတဲ့ အပုိင္းေတြကို ေလ်ာ့ထားမယ္ဆိုေပမယ့္ Pixel 3 နဲ႔ Pixel 3 XL မွာမပါတဲ့ ေတာင္ Pixel 3 Lite မွာ ပါလာပါေသးတယ္။ အဲ့တာကေတာ့ Headphone Jack ပါ။ အရင္ Pixel ဖုန္းေတြမွာ Headphone Jack ေပါက္မပါလို႔ Dongle ၾကီး တစ္ကားကားနဲ႔ စိတ္ညစ္ခဲ့ရေပမယ့္ Pixel 3 Lite မွာေတာ့ 3.5mm Headphone Jack ျပန္လည္ထည့္သြင္းေပးထားပါတယ္။ ဖုန္းအထူကို ဂရုစိုက္စရာမလိုတာေၾကာင့္ပဲလား 3.5mm Headphone Jack ဆိုတာ Budget ဖုန္းေတြမွာပဲပါေတာ့မယ့္ Feature လို႔ Google ကေျပာခ်င္တာလား (USB C Audio ကို Google က Premium Feature အျဖစ္ အမႊန္းတင္ခ်င္ပံုေပၚပါတယ္)

Hackphone Jack အေပါက္ျပီးရင္ ေနာက္ထပ္ ထူးျခားတဲ့ အရာတစ္ခုကေတာ့ အေရွ႕ဘက္ Selfie ကင္မရာ ႏွစ္လံုးပူးပါ။ တစ္ခ်ိဳ႕လူေတြကေတာ့ အဆိုပါ Selfie ကင္မရာ ႏွစ္လံုးပူးကို Bokeh/Portrait လို႔ေခၚတဲ့ ပံုအဝါးေတြ ရိုက္ဖို႔ တပ္တင္ေပးထားတာျဖစ္ႏိုင္တယ္လို႔ဆိုၾကေပမယ့္ အေနာက္ဘက္ အဓိက ကင္မရာမွာေတာင္ Software သံုးျပီး အရမ္းေကာင္းတဲ့ Bokeh/Portrait ေတြရိုက္ႏိုင္တဲ့အတြက္ အခုေတြ႔ရတဲ့ Pixel 3 Lite ရဲ႕ ဒုတိယ Selfie ကင္မရာဟာ Pixel 3 မွာလိုပဲ Wide Angle Lens လို႔ေခၚတဲ့ ျမင္ကြင္းက်ယ္ ပံုေတြရိုက္ကူးႏိုင္တဲ့ ကင္မရာပဲျဖစ္ႏိုင္ပါတယ္။

Pixel 3 Lite နဲ႔ ပက္သက္လို႔ တစ္ျခား ခန္႔မွန္းရတဲ့အခ်က္ေတြကေတာ့ Pixel 3 Lite ကို Pixel 3 Lite နဲ႔ Pixel 3 Lite XL ဆိုျပီး ေမာ္ဒယ္ ႏွစ္မ်ိဳးထုတ္မွာပါ။ ဖုန္းႏွစ္လံုးစလံုးမွာ LCD Display ကိုပဲသံုးထားျပီး Full HD+ Resolution နဲ႔ပါ။ Display Size ကေတာ့ အသိအက်မသိရေသးပဲ 5.5-inch နဲ႔ 6-inch ျဖစ္ႏိုင္တယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ Pixel 3 Lite မွာ Snapdragon 670 သံုးျပီး Pixel 3 Lite XL မွာေတာ့ Snapdragon 710 သံုးမယ္လို႔ သိရပါတယ္။

Ref: Gizchina

Unicode

Google ရဲ့ အသစ်ထုတ်မယ့် Pixel 3 Lite နဲ့ပက်သက်တဲ့ ကောလဟလနဲ့ သတင်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်အကြာကတည်းက စတင်ထွက်ပေါ်လာခဲ့တာပါ။ကင်မရာ အရည်အသွေးနဲ့ Software Feature တွေကြောင့် နာမည်အရမ်းကြီးတဲ့ Pixel 3 ရဲ့ တန်ဖိုးနည်း ဗားရှင်းဖြစ်တဲ့ Pixel 3 Lite ဗားရှင်းထုတ်မယ်ဆိုတော့ လူတိုင်း စိတ်ဝင်စားခဲ့ကြပါတယ်။ ကင်မရာ အရည်အသွေးလည်း Pixel 3 လောက်နီးနီးကောင်းပြီး အသုံးပြုထားတဲ့ Software ကလည်း အတူတူပဲဖြစ်တဲ့အတွက် Pixel 3 Lite ထွက်လာခဲ့ရင် ဝယ်မယ့်သူတွေ တန်းစီနေပါပြီ။ ကောလဟလတွေ ထွက်ပေါ်နေပေမယ့်လည်း Pixel 3 Lite ကတော့ တရားဝင်ထွက်ပေါ်လာဖို့ ကြာဦးမှာပါ။ ဒါပေမယ့်လည်း Pixel 3 Lite တရားဝင်မထွက်ခင် Pixel 3 Lite ရဲ့ ကာဗာပုံစံတွေကတော့ ထွက်ပေါ်နေပါပြီ။

ပုံတွေမှာမြင်ရတဲ့အတိုင်းပဲ Pixel 3 Lite ရဲ့ ဒီဇိုင်းဟာ Pixel 3 နဲ့ မတိမ်းမယိမ်းပဲဖြစ်ပြီး အပေါ်အောက် ဘောင်တွေကတော့ အတော်လေးထူနေတာတွေ့ရပါတယ်။ ဒါပေမယ့် တန်ဖိုးနည်း ဖုန်းတစ်လုံးဖြစ်တဲ့အတွက် Google ကတော့ အရေးမကြီးတဲ့ အပိုင်းတွေကို လျော့ထားမယ်ဆိုတာ အသေအချာပါပဲ။ အရေးမကြီးတဲ့ အပိုင်းတွေကို လျော့ထားမယ်ဆိုပေမယ့် Pixel 3 နဲ့ Pixel 3 XL မှာမပါတဲ့ တောင် Pixel 3 Lite မှာ ပါလာပါသေးတယ်။ အဲ့တာကတော့ Headphone Jack ပါ။ အရင် Pixel ဖုန်းတွေမှာ Headphone Jack ပေါက်မပါလို့ Dongle ကြီး တစ်ကားကားနဲ့ စိတ်ညစ်ခဲ့ရပေမယ့် Pixel 3 Lite မှာတော့ 3.5mm Headphone Jack ပြန်လည်ထည့်သွင်းပေးထားပါတယ်။ ဖုန်းအထူကို ဂရုစိုက်စရာမလိုတာကြောင့်ပဲလား 3.5mm Headphone Jack ဆိုတာ Budget ဖုန်းတွေမှာပဲပါတော့မယ့် Feature လို့ Google ကပြောချင်တာလား (USB C Audio ကို Google က Premium Feature အဖြစ် အမွှန်းတင်ချင်ပုံပေါ်ပါတယ်)

Hackphone Jack အပေါက်ပြီးရင် နောက်ထပ် ထူးခြားတဲ့ အရာတစ်ခုကတော့ အရှေ့ဘက် Selfie ကင်မရာ နှစ်လုံးပူးပါ။ တစ်ချို့လူတွေကတော့ အဆိုပါ Selfie ကင်မရာ နှစ်လုံးပူးကို Bokeh/Portrait လို့ခေါ်တဲ့ ပုံအဝါးတွေ ရိုက်ဖို့ တပ်တင်ပေးထားတာဖြစ်နိုင်တယ်လို့ဆိုကြပေမယ့် အနောက်ဘက် အဓိက ကင်မရာမှာတောင် Software သုံးပြီး အရမ်းကောင်းတဲ့ Bokeh/Portrait တွေရိုက်နိုင်တဲ့အတွက် အခုတွေ့ရတဲ့ Pixel 3 Lite ရဲ့ ဒုတိယ Selfie ကင်မရာဟာ Pixel 3 မှာလိုပဲ Wide Angle Lens လို့ခေါ်တဲ့ မြင်ကွင်းကျယ် ပုံတွေရိုက်ကူးနိုင်တဲ့ ကင်မရာပဲဖြစ်နိုင်ပါတယ်။

Pixel 3 Lite နဲ့ ပက်သက်လို့ တစ်ခြား ခန့်မှန်းရတဲ့အချက်တွေကတော့ Pixel 3 Lite ကို Pixel 3 Lite နဲ့ Pixel 3 Lite XL ဆိုပြီး မော်ဒယ် နှစ်မျိုးထုတ်မှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ LCD Display ကိုပဲသုံးထားပြီး Full HD+ Resolution နဲ့ပါ။ Display Size ကတော့ အသိအကျမသိရသေးပဲ 5.5-inch နဲ့ 6-inch ဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ Pixel 3 Lite မှာ Snapdragon 670 သုံးပြီး Pixel 3 Lite XL မှာတော့ Snapdragon 710 သုံးမယ်လို့ သိရပါတယ်။

Ref: Gizchina