Huawei ကနေ သူရဲ့ နာမည်ကြီး Honor Mobiles Devices တွေထဲကို WaterPlay အမည်ရှိတဲ့ Tablet တစ်ခုနဲ့ ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ Honor WaterPlay Tablet ဟာ နာမည်အတိုင်းပဲ IP 67 Rating ရှိတဲ့အတွက် ရေအနက် ၁ မီတာမှာ နာရီဝက်အထိ စိမ်ထားနိုင်မှာပါ။

Huawei Honor WaterPlay Tablet မှာ ကြီးမားတဲ့ 10.1″ Screen ပါဝင်မှာဖြစ်ပြီး Resolution အနေနဲ့လည်း Full HD Resolution ကို အပြည့်အဝထောက်ပံ့ပေးဦးမှာဖြစ်ပါတယ်။ Processor အနေနဲ့ Honor 7X ဖုန်းလိုပဲ Kirin 659 Octa Core CPU, RAM 3GB/ROM 32GB ဒါမှမဟုတ် RAM 4GB/ROM 64GB ဆိုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Storage တိုးချင်တဲ့သူတွေအတွက်လည်း MicroSD Card Slot ပါဝင်ဦးမှာပါ။

Honor WaterPlay Tablet ဟာ အခြားသော Features တွေလည်း အပြည့်အစုံပါဝင်ပြီး 8MP Back Camera + Front Selfie Camera, Audio Port, Fingerprint Scanner တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ Battery အနေနဲ့ကတော့ 6,660 mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကို Support ပြုလုပ်တဲ့အတွက် USB Type C Port ကနေ အားအမြန်ပြန်သွင်းနိုင်ပါလိမ့်မယ်။ Android Version 7.0 Nougat နဲ့ လာမှာဖြစ်တဲ့အတွက် Version မြင့်တယ်လို့ ပြောလို့ရပါတယ်။

Huawei Honor WaterPlay Tablet ကို လာမယ့်အောက်တိုဘာလ ၂၄ ရက်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး Silver နဲ့ Champagne Gold ဆိုပြီး ၂ ရောင်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ SIM Card ထည့်သွင်းနိုင်တဲ့ Version နဲ့ Wifi Only ဆိုပြီး ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၃၀၀ ဝန်းကျင်ကနေ ဒေါ်လာ ၄၀၀ လောက်အထိ ရှိနိုင်တယ်လို့သိရပါတယ်။