Xiaomi ကနေ Mi Pad Series Tablet တွေကို ထုတ်လုပ်နေတာ အခုဆိုရင် နှစ်နဲ့ချီပြီး ရှိသွားပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Xiaomi ကနေ Mi Pad 4 ကို ပြီးခဲ့တဲ့လပိုင်းတုန်းက ထုတ်ပေးခဲ့ပြီးတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Screen Size ပိုပြီးကြီးတဲ့ 10.1″ အရွယ်အစားနဲ့ Mi Pad 4 Plus ဆိုပြီး ထုတ်ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ အဆိုပါ Mi Pad 4 Plus ကို စတင်ရောင်းချနေပြီဖြစ်ပြီးတော့ 64GB နဲ့ 128GB Version ၂ မျိုးလုံးကို ရောင်းချနေတာဖြစ်ပါတယ်။ အဆိုပါ Mi Pad 4 Plus Tablet တွေဟာ 4G LTE ကို Support ပြုလုပ်တဲ့ Tablet တွေဖြစ်ပြီးတော့ ဈေးနှုန်းအရလည်း တရုတ်ယွမ်ငွေ ၁၈၉၉(သို့) ၂၇၅ ဒေါ်လာနဲ့ပဲရောင်းချနေတဲ့အတွက် ဈေးအရလည်း တန်တယ်လို့ ပြောနိုင်တဲ့ Android Tablet တွေဖြစ်ပါတယ်။

Xiaomi Mi Pad 4 Plus Tablet ဟာ ဆိုရင် 10.1″ Full HD+ Display ကို အသုံးပြုထားပြီး Qualcomm ရဲ့ Snapdragon 660 Processor ၊ RAM 4GB ပါဝင်တဲ့အတွက် လက်ရှိ Android Tablet တွေထဲမှာ ဈေးတော်တော်သက်သာပြီး စွမ်းဆောင်ရည်မြင့် Tablet တွေလို့ ပြောလို့ရပါတယ်။

အခု Mi Pad 4 Plus Tablet ဟာ Camera ပိုင်းအနေနဲ့လည်း 13MP Back Camera နဲ့ 5MP Front Selfie Camera တွေပါဝင်မှာဖြစ်ပါတယ်။ နောက်ပြီး Media သမားတွေအတွက်လည်း Stereo Speakers တွေပါဝင်ဦးမှာပါ။ Battery အနေနဲ့လည်း 8620mAh Battery ပါဝင်တဲ့အတွက် Tablet တစ်ခုအနေနဲ့ တော်တော်လေးကို ကြီးမားတဲ့ Battery လို့ ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ Screen Size ကြီးကြီးနဲ့ Android Tablet ကောင်းကောင်းတစ်ခုကို စဉ်းစားနေတယ်ဆိုရင်တော့ Mi Pad 4 က ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။