ဂိမ်းရဲ့ လက်ကိုင် (Controller) နဲ့ တွဲဖက်ချိတ်ဆက်နိုင်ခြင်း

ဖုန်းနဲ့ ဘဲ ဂိမ်းကစားတဲ့အခါမှာ တခါတရံ ကစားရတာ ထင်သလောက် ခရီးမပေါက်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ဂိမ်းကစားတဲ့ လက်ကိုင် (Controller) နဲ့ ကစားရတာပိုပြီး အဆင်ပြေလေ့ရှိပါတယ်။ Bluetooth ပါတဲ့ Controller တွေက ဈေးမြင့်လေ့ရှိပါတယ်။ ဒါပေမယ့် ဈေးနှုန်းသက်သာသာနဲ့ Controller တွေကတော့ ဖုန်းနဲ့ ချိတ်ဆက်ဖို့အတွက် OTG (On-The-Go) Cable ခေါင်းလိုအပ်ပါတယ်။

Keyboard နဲ့ Mouse တို့နဲ့ ချိတ်ဆက်နိုင်ခြင်း

ဖုန်းကို Keyboard တို့ Mouse တို့နဲ့ OTG (On-The-Go) Cable သုံးပြီး ချိတ်ဆက်လို့ရပါပြီ။ အကယ်၍ ကိုယ့်ဖုန်းရဲ့ စခရင်ကွဲသွားလို့ Touch အလုပ်မလုပ်တော့တဲ့အချိန်မှာ ဖုန်းကို Keyboard တို့ Mouse တို့နဲ့ ချိတ်ပြီး လိုအပ်တဲ့ အချက်အလက်တွေကို ပြောင်းရွှေ့နိုင်လို့ရအောင် လုပ်ဆောင်လို့ရပါတယ်။

USB Stick သို့မဟုတ် တခြား External Storage တို့နဲ့ ချိတ်ဆက်နိုင်ခြင်း

ကိုယ့်ဖုန်းထဲက ဖိုင်တွေကို ကွန်ပျုတာထဲမှာ ကြည့်ဖို့လိုအပ်လာတဲ့အခါမှာ ဖုန်းအားသွင်းတဲ့ ကြိုးနဲ့ ကူးပြောင်းရတာဟာ အလုပ်လည်းရှုပ်သလို အချိန်လည်းကုန်ပါတယ်။ ဒါပေမယ့် OTG (On-The-Go) Cable ခေါင်းလေးအသုံးပြုပြီး Memory Stick ကို ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဖိုင်တွေကို အလွယ်တကူကူးပြောင်းနိုင်ပါတယ်။

တခြားဖုန်းကနေ အားသွင်းနိုင်ခြင်း

ဖုန်းက ဘက်ထရီကုန်ခါနီးဖြစ်နေပြီး ကိုယ့်မှာ Power Bank တွေမပါလာတဲ့အချိန်မျိုး အားသွင်းဖို့ အဆင်မပြေတဲ့ အခြေအနေမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုအချိန်မျိုးပါ OTG (On-the-Go) Cable ခေါင်းလေးနဲ့ တခြား ဖုန်းကနေ တဆင့် ကိုယ့်ဖုန်းကို အားသွင်းနိုင်ပါတယ်။

USB ကြိုးနဲ့ ချိတ်ဆက်လို့ရတဲ့ ပစ္စည်းတွေကို အသုံးပြုနိုင်ခြင်း

USB ကြိုးနဲ့မှ ချိတ်ဆက်လို့ရတဲ့ ပစ္စည်းတွေဖြစ်တဲ့ မီးအိမ်၊ ပန်ကာအသေးလေးတွေကို OTG (On-The-Go) Cable ခေါင်းလေးခံပြီး ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်လို့ရပါတယ်။