ဆေးလိပ် ဖြတ်ဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့ အမူအကျင့် ၁ ခု ဖြစ်ပါတယ်။ အခုလို ကပ်ရောဂါကာလမှာ ဆေးလိပ်ဖြတ်ထားရင် အကောင်းဆုံးဖြစ်ပါတယ်။ အဲဒီအတွက် သင့်ကို ဆေးလိပ် ဖြတ်ပေးမယ့် Android App တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Flamy

Flamy က ဆေးလိပ် ဖြတ်ဖို့ ကူညီပေးနိုင်တဲ့ App တွေထဲမှာ လုပ်ဆောင်ချက် တော်တော်စုံလင်ပါတယ်။ Profile နဲ့ Goals တွေ သတ်မှတ်ပြီးရင် အဲဒီ App ကို စတင် အသုံးပြုနိုင်ပါပြီ။ App မှာ သင် ၁ ရက်ကို ဆေးလိပ်သောက်တဲ့ အရေအတွက်၊ ဆေးလိပ် ၁ ဘူးရဲ့ ကုန်ကျစားရိတ်၊ သင့် အသက်အရွယ်နဲ့ သင် ဆေးလိပ်သောက်ခဲ့တဲ့ အချိန်ကာလတွေကိုထည့်သွင်းနိုင်ပါတယ်။

App က သင် ဆေးလိပ်သောက်တဲ့ အရေအတွက်ု လျှော့ချစေနိုင်မယ့် အကြံပေးချက်များစွာကို ပြောပြမှာပါ။ သင့် သူငယ်ချင်းတွေနဲ့ ဆေးလိပ် ဖြတ်ပြိုင်ချင်ရင် Challenge ခေါ်နိုင်ပြီး ဒီလုပ်ဆောင်ချက်က သင့်အတွက် Motivation ကောင်းကောင်းရစေပါတယ်။

App မှာ သင် ဆေးလိပ်သောက်တဲ့ အမူအကျင့်နဲ့ ကုန်ကျစားရိတ် သက်သာတဲ့ အခြေအနေတွေကို အသေးစိတ် လေ့လာနိုင်ပါတယ်။ သင့် စိတ်ခံစားမှုတွေ ထည့်သွင်းနိုင်ပြီး ဆေးလိပ် အစား တခြား ပြုလုပ်သင့်တဲ့ အမူအကျင့်တွေကို App က အကြံပေးမှာပါ။ ဆေးလိပ် ဖြတ်ချင်သူတွေအတွက် Flamy က အကောင်းဆုံး App ၁ ခု ဖြစ်ပါတယ်။

Download

၂။ Smokeless

Smokeless ကို အသုံးပြုရတာ လွယ်ကူပြီး သင် ဆေးလိပ် ၁ လိပ်သောက်တာနဲ့ App က မှတ်သားပေးနိုင်ပါတယ်။ သင် ဆေးလိပ်သောက်တဲ့အရေအတွက်၊  သင် ဆေးလိပ် ဖြတ်ချင်တဲ့ ရည်မှန်းချက်၊ ဆေးလိပ် မသောက်မယ့် အချိန်ကာလတွေလို Program ကို သင်က App ကို Set Up လုပ်ချိန်မှာ ထည့်သွင်းနိုင်ပါတယ်။

သင် ဆေးလိပ် လုံးဝ ဖြတ်နိုင်ပြီ ဆိုရင် Program ကို သင်ကြိုက်တဲ့ အချိန်မှာ အဆုံး သတ်နိုင်ပါတယ်။ App က သင် ဆေးလိပ်သောက်တဲ့ အမူအကျင့် အသေးစိတ်ကို မှတ်သားပေးထားပြီး User Interface က အသုံးပြုရတာ လွယ်ကူပါတယ်။

Download

၃။ Smoke Free

Smoke Free ရဲ့ အဓိက လုပ်ဆောင်ချက်က သင် ဆေးလိပ် မသောက်တဲ့ ကာလကို ပြသပေးတဲ့ Timer ဖြစ်ပါတယ်။ Timer က သင့်အတွက် Motivation ကောင်းကောင်းရစေပါတယ်။ App မှာ သွေးတွင်း အောက်ဆီဂျင် ပမာဏ၊ အသက်ရှူနှုန်းနဲ့ သွေးလည်ပတ်မှုတွေကို တွက်ချက်ပေးတဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

၁ နှစ်တာ ကာလအတွင်း ဆေးလိပ်ရဲ့ ကုန်ကျစားရိတ်တွေကို ဖော်ပြပေးနိုင်ပြီး  ဆေးလိပ် မသောက်တဲ့ နေ့ရက်တွေ အလိုက် User တွေကို ဂုဏ်ပြုပေးတဲ့ Wall of Fame လုပ်ဆောင်ချက် ပါပါတယ်။ သင့်ရဲ့ တိုးတက်မှုတွေနဲ့ ရည်မှန်းချက်တွေကို အမြဲ သတိပေးနေမှာပါ။

App မှာ Quit Coach ထည့်ထားပြီး သင့်ကို နေ့စဉ် သင်ကြားပေးနေမှာပါ။ ဒိုင်ယာရီမှာ သင့် နေ့စဉ်အလိုက် ဆေးလိပ် လျှော့ချသောက်တဲ့ မှတ်တမ်းတွေကို ရေးသားထားနိုင်ပြီး Analysis Graph ကို ကြည့်နိုင်ပါတယ်။

Download

Ref : makeuseof