Age of Magic ဟာ iOS ေပၚမွာ လူၾကိဳက္မ်ားျပီးသား Fantasy RPG ဂိမ္းျဖစ္ေပမယ့္ ထုတ္လုပ္သူ Playkot စတူဒီယုိက အခုစက္တင္ဘာလကုန္မွ Android ဗားရွင္းထုတ္လုပ္လာတာ ျဖစ္ပါတယ္။ iOS ေပၚက ေခ်ာေမြ႕တဲ့ ရုပ္ထြက္ကို ဟန္းဆက္ေမာ္ဒယ္ေပါင္းစုံနဲ႔ ေဆာ့ကစားမယ့္ Android ေပၚမွာ ကြာလတီ အရမ္းမက်ဘဲ ေဆာ့ႏုိင္ဖို႔ကလည္း မလြယ္လွပါဘူး။

Plot

မတူညီတဲ့ မ်ဳိးႏြယ္စုေတြက ေမွာ္ပညာရွင္ေတြဟာ သူတုိ႔ရဲ႕ ေမွာ္ပညာစြမ္းအင္ကို ပုိပိုျမင့္ေအာင္ ၾကိဳးစားရင္း တစ္ေန႔ေတာ့ သူတုိ႔ရဲ႕ ေမွာ္စြမ္းအား ျပည့္ဝေနတဲ့ ကမာၻေတြ အစိတ္စိတ္အျမြာျမြာ ကြဲထြက္သြားခဲ့တယ္။ Roland, The True Mage ဆုိတဲ့ ေမွာ္ပညာရွင္တစ္ေယာက္ကလည္း သူ႕ရဲ႕ ဇာတိကို ျပန္လာတဲ့အခါ အစိတ္စိတ္ကြဲသြားတဲ့ အျခားေဒသေတြက မိစာၦေတြဟာ သူ႕ေမြးရပ္ကို က်ဴးေက်ာ္ေနတာ ျမင္ေတြ႕လိုက္ရျပီး ခုခံရင္းနဲ႔ မိတ္ေဆြေတြ စုေဆာင္းကာ မိစာၦေတြရဲ႕ Dark Tower ကုိ သြားေရာက္တုိက္ခုိက္ဖို႔ ၾကံစည္ပါေတာ့တယ္။ ဒီမွာ နဂါးမ်ဳိးႏြယ္ Dragonkin, Kobold ဆုိတဲ့ ပုပုကြကြ သတၱဝါေတြ အစရွိတဲ့ မ်ဳိးႏြယ္ ၁၂ ခုက ေမွာ္ပညာရွင္ေတြ၊ တုိက္ရည္ခုိက္ရည္ရွိသူေတြကို စုေဆာင္းရင္း ဇာတ္လမ္းအဆုံးသတ္ကို Level တစ္ဆင့္ခ်င္း ကစားျပီး ရွာေဖြသြားရမွာပါ။

Gameplay

Fantasy RPG ဆုိတဲ့အတုိင္း မုိဘုိင္း RPG အမ်ားစုလုိပါပဲ။ ဟီးရုိးေတြကို Upgrade လုပ္ရမယ္၊ Item ေတြ စုေဆာင္းရမယ္၊ Hero Shard ေတြစုျပီး လက္ရွိဟီးရုိးကို ၾကယ္ပြင့္တင္တာ သုိ႔မဟုတ္ ဟီးရိုးအသစ္ ရယူတာေတြ လုပ္ရမယ္။ ကိုယ္ၾကိဳက္တဲ့ ဟီးရုိးငါးေကာင္ကို စုဖြဲ႕ျပီး အမ်ဳိးအစား ငါးခုေလာက္ ခြဲထားတဲ့ Campaign ေတြကို ဇာတ္လမ္းသိေအာင္ ေဆာ့သြားရမွာ ျဖစ္ပါတယ္။

Player Vs Environment (PVE) သာမကပဲ Player Vs Player (PVP) ေဆာ့ဖို႔ Arena လည္းပါဝင္ျပီး ပုံမွန္မုိဘုိင္း RPG တစ္ခုရဲ႕ အဂၤါရပ္ေတြနဲ႔ ျပည့္စုံတယ္။ တစ္ခုပဲ ထူးျခားတာက တျခားမုိဘုိင္း RPG ေတြက အစမွာ အရမ္းလြယ္ပါတယ္။ ကစားသူကုိ ဆြဲေဆာင္ႏုိင္ဖုိ႔ Campaign ေတြဆုိရင္လည္း Heroic အဆင့္ေတာင္ အစပုိင္းမွာ အလြယ္တကူေက်ာ္ျဖတ္ႏုိင္ေလ့ရွိတယ္။

Age of Magic ကဒီစာရင္းထဲမွာ မပါဘူးဗ်။ သူက အစမွာ ပိုခက္တာ။ ပ်င္းဖို႔ေကာင္းေလာက္ေအာင္ ေဆာ့ျပီးသား အခန္းေတြကို ထပ္ခါထပ္ခါ Level Grinding ျပန္လုပ္ရတယ္။ ဟီးရုိးေတြ Level က Player Level နဲ႔ တုိက္ရုိက္ခ်ိတ္ထားတဲ့အတြက္ Player Level 20 မွ ဟီးရုိးလည္း Level 20 ေရာက္မွာပါ။ ေနာက္ျပီး Ability Upgrade, Item Upgrade လုပ္ဖို႔လည္း ေရွ႕ကို မတက္ႏုိင္ေသးဘဲ ရသေလာက္ကို ျခစ္ကုပ္ျပီး ႏွစ္ရက္ေလာက္ Farm ရတယ္။

အဲ့ဒီလို Farm ျပီး လုံေလာက္တဲ့ အသင္းအင္အားရွိမွ Campaign ေတြကို ေရွ႕တုိးႏုိင္ျပီး ဟီးရုိး အသစ္ေတြရ၊ ဟီးရုိးအသစ္ေတြရမွ ေနာက္လာမယ့္ အခန္းေတြက ပိုပိုလြယ္ကူလာတာ ျဖစ္ပါတယ္။ ရုိးရုိး Campaign ေလးကို ဒုတိယအဆင့္ေလာက္မွာတင္ ေတာ္ေတာ္ခက္ေနပါျပီ။ Heroic ကုိ ပထမဆုံး Campaign Stage မွာတင္ ပထမဆုံး တစ္ရက္ထဲနဲ႔ အစဆုံးႏုိင္ေအာင္ မကစားႏုိင္တဲ့ အေနအထားမွာ ရွိပါတယ္။

ေနာက္ျပီး Special Currency လုိ႔ေခၚတဲ့ အထူးေငြေၾကးစနစ္ဟာ ေစ်းၾကီးသေလာက္ ေန႔စဥ္ Arena တစ္ခုတည္းကသာ ရႏုိင္တယ္။ ေတာ္ေတာ္ကို မလြယ္ပါဘူး။ ေဆာ့ေနရင္း အသားက်လာမွသာ ပုံမွန္ Farming လုပ္ရင္းနဲ႔ Progress ရွိလာမွာျဖစ္ပါတယ္။ မဟုတ္လို႔ကေတာ့ ဂရပ္ဖစ္ေလး လွလို႔သာ ေဆာ့ေနရတာ ရႈံးလိုက္တာ ဆုိျပီး ၾကဳံရမွာပါပဲ။

Graphic Quality

ကဲ ဒါဆုိ ဒီေလာက္ခက္လွတာ ဘာလို႔ Age of Magic ကိုေဆာ့ရမွာလဲကြာ၊ ဆုိရင္ေတာ့ သူ႕ရဲ႕ ဂရပ္ဖစ္ေၾကာင့္လုိ႔ မဆုိင္းမတြ ေျဖရမွာပါ။ Age of Magic ဟာ ျမင္ဖူးသမွ် မုိဘုိင္း RPG ဂိမ္းေတြထဲမွာ ဂရပ္ဖစ္ အလွဆုံးနဲ႔ ကာရုိက္တာေတြကို အျခားမွ မွီျငမ္းျခင္း အနည္းပါးဆုံး မုိဘုိင္းဂိမ္းတစ္ခုျဖစ္ပါတယ္။

Home Screen ရဲ႕ UI က သိပ္မသိသာေပမယ့္ Age of Magic Campaign ေတြ ေဆာ့ရတာ စိတ္ေက်နပ္မႈ ရေစတယ္။ မတူညီတဲ့ ဟီးရုိး ၅၀ ေက်ာ္ပါဝင္ျပီး စၾကာဝဠာရဲ႕ ေနရာအႏွံ႔ကေန လြင့္လာတဲ့ မ်ဳိးစိတ္ေပါင္းက ၁၂ ခုရွိတယ္။ တစ္ခုနဲ႔တစ္ခု သိသာကြဲျပားတဲ့ ပုံရိပ္ကို ထည့္ေပးထားႏုိင္သလို တုိက္ခုိက္တဲ့ ေနရာမွာလည္း ၾကည့္ရတာ လွပေခ်ာေမြ႕လွပါတယ္။

ဂရပ္ဖစ္လွလွနဲ႔ RPG ဂိမ္းအသစ္ ေဆာ့ခ်င္တယ္ဆုိရင္ေတာ့ Age of Magic ကို သတိရၾကဖို႔ တုိက္တြန္းခ်င္ပါတယ္။ အေစာပုိင္းမွာ အခက္အခဲၾကဳံလာရရင္ အဓိကအၾကံေပးခ်င္တာကေတာ့ Stamina ကို Special Currency နဲ႔ ဝယ္ျပီး ေဆာ့သြားဖို႔ပါပဲ။ ေနာက္ပုိင္းမွာ ဟီးရုိးေတြ ပိုမ်ားလာ၊ Resource ေတြ စုမိလာရင္ ေဆာ့ရတာ ပုိလြယ္ကူလာမွာ ျဖစ္ပါတယ္။ အားလုံးပဲ ကိုယ့္စိတ္ၾကိဳက္ မုိဘုိင္းဂိမ္းကို ရွာေတြ႕ႏုိင္ၾကပါေစ။

Unicode

Age of Magic ဟာ iOS ပေါ်မှာ လူကြိုက်များပြီးသား Fantasy RPG ဂိမ်းဖြစ်ပေမယ့် ထုတ်လုပ်သူ Playkot စတူဒီယိုက အခုစက်တင်ဘာလကုန်မှ Android ဗားရှင်းထုတ်လုပ်လာတာ ဖြစ်ပါတယ်။ iOS ပေါ်က ချောမွေ့တဲ့ ရုပ်ထွက်ကို ဟန်းဆက်မော်ဒယ်ပေါင်းစုံနဲ့ ဆော့ကစားမယ့် Android ပေါ်မှာ ကွာလတီ အရမ်းမကျဘဲ ဆော့နိုင်ဖို့ကလည်း မလွယ်လှပါဘူး။

Plot

မတူညီတဲ့ မျိုးနွယ်စုတွေက မှော်ပညာရှင်တွေဟာ သူတို့ရဲ့ မှော်ပညာစွမ်းအင်ကို ပိုပိုမြင့်အောင် ကြိုးစားရင်း တစ်နေ့တော့ သူတို့ရဲ့ မှော်စွမ်းအား ပြည့်ဝနေတဲ့ ကမ္ဘာတွေ အစိတ်စိတ်အမြွာမြွာ ကွဲထွက်သွားခဲ့တယ်။ Roland, The True Mage ဆိုတဲ့ မှော်ပညာရှင်တစ်ယောက်ကလည်း သူ့ရဲ့ ဇာတိကို ပြန်လာတဲ့အခါ အစိတ်စိတ်ကွဲသွားတဲ့ အခြားဒေသတွေက မိစ္ဆာတွေဟာ သူ့မွေးရပ်ကို ကျူးကျော်နေတာ မြင်တွေ့လိုက်ရပြီး ခုခံရင်းနဲ့ မိတ်ဆွေတွေ စုဆောင်းကာ မိစ္ဆာတွေရဲ့ Dark Tower ကို သွားရောက်တိုက်ခိုက်ဖို့ ကြံစည်ပါတော့တယ်။ ဒီမှာ နဂါးမျိုးနွယ် Dragonkin, Kobold ဆိုတဲ့ ပုပုကွကွ သတ္တဝါတွေ အစရှိတဲ့ မျိုးနွယ် ၁၂ ခုက မှော်ပညာရှင်တွေ၊ တိုက်ရည်ခိုက်ရည်ရှိသူတွေကို စုဆောင်းရင်း ဇာတ်လမ်းအဆုံးသတ်ကို Level တစ်ဆင့်ချင်း ကစားပြီး ရှာဖွေသွားရမှာပါ။

Gameplay

Fantasy RPG ဆိုတဲ့အတိုင်း မိုဘိုင်း RPG အများစုလိုပါပဲ။ ဟီးရိုးတွေကို Upgrade လုပ်ရမယ်၊ Item တွေ စုဆောင်းရမယ်၊ Hero Shard တွေစုပြီး လက်ရှိဟီးရိုးကို ကြယ်ပွင့်တင်တာ သို့မဟုတ် ဟီးရိုးအသစ် ရယူတာတွေ လုပ်ရမယ်။ ကိုယ်ကြိုက်တဲ့ ဟီးရိုးငါးကောင်ကို စုဖွဲ့ပြီး အမျိုးအစား ငါးခုလောက် ခွဲထားတဲ့ Campaign တွေကို ဇာတ်လမ်းသိအောင် ဆော့သွားရမှာ ဖြစ်ပါတယ်။

Player Vs Environment (PVE) သာမကပဲ Player Vs Player (PVP) ဆော့ဖို့ Arena လည်းပါဝင်ပြီး ပုံမှန်မိုဘိုင်း RPG တစ်ခုရဲ့ အင်္ဂါရပ်တွေနဲ့ ပြည့်စုံတယ်။ တစ်ခုပဲ ထူးခြားတာက တခြားမိုဘိုင်း RPG တွေက အစမှာ အရမ်းလွယ်ပါတယ်။ ကစားသူကို ဆွဲဆောင်နိုင်ဖို့ Campaign တွေဆိုရင်လည်း Heroic အဆင့်တောင် အစပိုင်းမှာ အလွယ်တကူကျော်ဖြတ်နိုင်လေ့ရှိတယ်။

Age of Magic ကဒီစာရင်းထဲမှာ မပါဘူးဗျ။ သူက အစမှာ ပိုခက်တာ။ ပျင်းဖို့ကောင်းလောက်အောင် ဆော့ပြီးသား အခန်းတွေကို ထပ်ခါထပ်ခါ Level Grinding ပြန်လုပ်ရတယ်။ ဟီးရိုးတွေ Level က Player Level နဲ့ တိုက်ရိုက်ချိတ်ထားတဲ့အတွက် Player Level 20 မှ ဟီးရိုးလည်း Level 20 ရောက်မှာပါ။ နောက်ပြီး Ability Upgrade, Item Upgrade လုပ်ဖို့လည်း ရှေ့ကို မတက်နိုင်သေးဘဲ ရသလောက်ကို ခြစ်ကုပ်ပြီး နှစ်ရက်လောက် Farm ရတယ်။

အဲ့ဒီလို Farm ပြီး လုံလောက်တဲ့ အသင်းအင်အားရှိမှ Campaign တွေကို ရှေ့တိုးနိုင်ပြီး ဟီးရိုး အသစ်တွေရ၊ ဟီးရိုးအသစ်တွေရမှ နောက်လာမယ့် အခန်းတွေက ပိုပိုလွယ်ကူလာတာ ဖြစ်ပါတယ်။ ရိုးရိုး Campaign လေးကို ဒုတိယအဆင့်လောက်မှာတင် တော်တော်ခက်နေပါပြီ။ Heroic ကို ပထမဆုံး Campaign Stage မှာတင် ပထမဆုံး တစ်ရက်ထဲနဲ့ အစဆုံးနိုင်အောင် မကစားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။

နောက်ပြီး Special Currency လို့ခေါ်တဲ့ အထူးငွေကြေးစနစ်ဟာ ဈေးကြီးသလောက် နေ့စဉ် Arena တစ်ခုတည်းကသာ ရနိုင်တယ်။ တော်တော်ကို မလွယ်ပါဘူး။ ဆော့နေရင်း အသားကျလာမှသာ ပုံမှန် Farming လုပ်ရင်းနဲ့ Progress ရှိလာမှာဖြစ်ပါတယ်။ မဟုတ်လို့ကတော့ ဂရပ်ဖစ်လေး လှလို့သာ ဆော့နေရတာ ရှုံးလိုက်တာ ဆိုပြီး ကြုံရမှာပါပဲ။

Graphic Quality

ကဲ ဒါဆို ဒီလောက်ခက်လှတာ ဘာလို့ Age of Magic ကိုဆော့ရမှာလဲကွာ၊ ဆိုရင်တော့ သူ့ရဲ့ ဂရပ်ဖစ်ကြောင့်လို့ မဆိုင်းမတွ ဖြေရမှာပါ။ Age of Magic ဟာ မြင်ဖူးသမျှ မိုဘိုင်း RPG ဂိမ်းတွေထဲမှာ ဂရပ်ဖစ် အလှဆုံးနဲ့ ကာရိုက်တာတွေကို အခြားမှ မှီငြမ်းခြင်း အနည်းပါးဆုံး မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပါတယ်။

Home Screen ရဲ့ UI က သိပ်မသိသာပေမယ့် Age of Magic Campaign တွေ ဆော့ရတာ စိတ်ကျေနပ်မှု ရစေတယ်။ မတူညီတဲ့ ဟီးရိုး ၅၀ ကျော်ပါဝင်ပြီး စကြာဝဠာရဲ့ နေရာအနှံ့ကနေ လွင့်လာတဲ့ မျိုးစိတ်ပေါင်းက ၁၂ ခုရှိတယ်။ တစ်ခုနဲ့တစ်ခု သိသာကွဲပြားတဲ့ ပုံရိပ်ကို ထည့်ပေးထားနိုင်သလို တိုက်ခိုက်တဲ့ နေရာမှာလည်း ကြည့်ရတာ လှပချောမွေ့လှပါတယ်။

ဂရပ်ဖစ်လှလှနဲ့ RPG ဂိမ်းအသစ် ဆော့ချင်တယ်ဆိုရင်တော့ Age of Magic ကို သတိရကြဖို့ တိုက်တွန်းချင်ပါတယ်။ အစောပိုင်းမှာ အခက်အခဲကြုံလာရရင် အဓိကအကြံပေးချင်တာကတော့ Stamina ကို Special Currency နဲ့ ဝယ်ပြီး ဆော့သွားဖို့ပါပဲ။ နောက်ပိုင်းမှာ ဟီးရိုးတွေ ပိုများလာ၊ Resource တွေ စုမိလာရင် ဆော့ရတာ ပိုလွယ်ကူလာမှာ ဖြစ်ပါတယ်။ အားလုံးပဲ ကိုယ့်စိတ်ကြိုက် မိုဘိုင်းဂိမ်းကို ရှာတွေ့နိုင်ကြပါစေ။