Zawgyi

Samsung ဟာ လာမယ့္ ဇန္ဝါရီ ၂၈ မွာ အိႏၵိယ နိုင္ငံမွာ ပစၥည္းသစ္ မိတ္ဆက္ပြဲ တစ္ခုရွိၿပီး သူ႕ရဲ႕ ဖုန္း Series အသစ္ျဖစ္တဲ့ Galaxy M Series ဖုန္းသစ္ေတြကို မိတ္ဆက္မယ္လို႔ ခန႔္မွန္းရပါတယ္။ M10 နဲ႕ M20 လို႔ နာမည္ေပးထားတဲ့ M-Series ဖုန္းသစ္ႏွစ္လုံးရဲ႕ အေရွ႕ဘက္ မ်က္ႏွာျပင္ကို Samsung ကိုယ္တိုင္က Tease လုပ္ထားၿပီး ေပါက္ၾကားလာတဲ့ ပုံေတြအရလည္း Infinity-V Display လို႔နာမည္ေပးထားတဲ့ Teardrop Notch ပုံစံ Selfie Camera Notch ေလးပါဝင္တဲ့ မ်က္ႏွာျပင္ကိုတပ္ဆင္ေပးထားတာကို ေတြ႕ရပါတယ္။ အခုေတာ့ M20 ရဲ႕ ေနာက္ေက်ာဘက္ ဒီဇိုင္း ေပါက္ၾကားလာပါၿပီ။

ပုံမွာျမင္ရတဲ့ အတိုင္းပဲ ကင္မရာ ႏွစ္လုံးတြဲ စနစ္ကို ေဒါင္လိုက္ တပ္ဆင္ေပးထားၿပီး ကင္မရာေတြေအာက္မွာေတာ့ LED Flashlight မီးသီးေလးကို ေတြ႕ရပါတယ္။ ဖုန္းရဲ႕ေနာက္ေက်ာ အေပၚဘက္ အလယ္ တည့္တည့္မွာေတာ့ Fingerprint Sensor ကို တပ္ဆင္ေပးထားတာေတြ႕ရပါတယ္။

Galaxy M20 ရဲ႕ Spec ေတြ အေနနဲ႕ကေတာ့ Full HD+ Resolution ရွိတဲ့ 6.3-inch LCD Display ကို တပ္ဆင္ေပးထားၿပီး 19.5:9 အခ်ိဳးအစားရွိကာ Selfie ကင္မရာကိုေတာ့ Teardrop လို Notch ေလးထဲမွာ တပ္ဆင္ေပးထားပါတယ္။ ပရိုဆက္ဆာ အေနနဲ႕ကေတာ့ 14-nm နည္းပညာကို အသုံးျပဳထားတဲ့ Exynos 7885 Octa-core ပရိုဆက္ဆာကို အသုံးျပဳထားၿပီး RAM 3GB နဲ႕ အားျဖည့္ေပးထားပါတယ္။

ကင္မရာပိုင္းအတြက္ကေတာ့ 13MP+5MP ရွိတဲ့ ကင္မရာ ႏွစ္လုံးတြဲ စနစ္ကို အသုံးျပဳထားပါတယ္။ အေရွ႕ဘက္ Selfie ကင္မရာရဲ႕ အေသးစိတ္ အခ်က္အလက္ ကိုေတာ့ သိရျခင္းမရွိေသးပါဘူး။ ဘက္ထရီပမာဏ အေနနဲ႕ 5,000mAh ထိပါဝင္လာနိုင္ပါတယ္။ ေစ်းႏႈန္းအေနနဲ႕ကေတာ့ ျမန္မာေငြ သုံးသိန္းခြဲဝန္းက်င္လို႔ ခန႔္မွန္းရပါတယ္။

Galaxy M-Series ဟာ J-Series ထက္ အဆင့္ျမင့္ၿပီး ဘက္ဂ်က္စမတ္ဖုန္း ေစ်းကြက္ကို ယွဥ္ၿပိဳင္မွာပါ။

Ref: Gizmo China

Unicode

Galaxy M20 ရဲ့ နောက်ကျောဘက် ဒီဇိုင်း ပေါက်ကြား

Samsung ဟာ လာမယ့် ဇန်ဝါရီ ၂၈ မှာ အိန္ဒိယ နိုင်ငံမှာ ပစ္စည်းသစ် မိတ်ဆက်ပွဲ တစ်ခုရှိပြီး သူ့ရဲ့ ဖုန်း Series အသစ်ဖြစ်တဲ့ Galaxy M Series ဖုန်းသစ်တွေကို မိတ်ဆက်မယ်လို့ ခန့်မှန်းရပါတယ်။ M10 နဲ့ M20 လို့ နာမည်ပေးထားတဲ့ M-Series ဖုန်းသစ်နှစ်လုံးရဲ့ အရှေ့ဘက် မျက်နှာပြင်ကို Samsung ကိုယ်တိုင်က Tease လုပ်ထားပြီး ပေါက်ကြားလာတဲ့ ပုံတွေအရလည်း Infinity-V Display လို့နာမည်ပေးထားတဲ့ Teardrop Notch ပုံစံ Selfie Camera Notch လေးပါဝင်တဲ့ မျက်နှာပြင်ကိုတပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ အခုတော့ M20 ရဲ့ နောက်ကျောဘက် ဒီဇိုင်း ပေါက်ကြားလာပါပြီ။

ပုံမှာမြင်ရတဲ့ အတိုင်းပဲ ကင်မရာ နှစ်လုံးတွဲ စနစ်ကို ဒေါင်လိုက် တပ်ဆင်ပေးထားပြီး ကင်မရာတွေအောက်မှာတော့ LED Flashlight မီးသီးလေးကို တွေ့ရပါတယ်။ ဖုန်းရဲ့နောက်ကျော အပေါ်ဘက် အလယ် တည့်တည့်မှာတော့ Fingerprint Sensor ကို တပ်ဆင်ပေးထားတာတွေ့ရပါတယ်။

Galaxy M20 ရဲ့ Spec တွေ အနေနဲ့ကတော့ Full HD+ Resolution ရှိတဲ့ 6.3-inch LCD Display ကို တပ်ဆင်ပေးထားပြီး 19.5:9 အချိုးအစားရှိကာ Selfie ကင်မရာကိုတော့ Teardrop လို Notch လေးထဲမှာ တပ်ဆင်ပေးထားပါတယ်။ ပရိုဆက်ဆာ အနေနဲ့ကတော့ 14-nm နည်းပညာကို အသုံးပြုထားတဲ့ Exynos 7885 Octa-core ပရိုဆက်ဆာကို အသုံးပြုထားပြီး RAM 3GB နဲ့ အားဖြည့်ပေးထားပါတယ်။

ကင်မရာပိုင်းအတွက်ကတော့ 13MP+5MP ရှိတဲ့ ကင်မရာ နှစ်လုံးတွဲ စနစ်ကို အသုံးပြုထားပါတယ်။ အရှေ့ဘက် Selfie ကင်မရာရဲ့ အသေးစိတ် အချက်အလက် ကိုတော့ သိရခြင်းမရှိသေးပါဘူး။ ဘက်ထရီပမာဏ အနေနဲ့ 5,000mAh ထိပါဝင်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ကတော့ မြန်မာငွေ သုံးသိန်းခွဲဝန်းကျင်လို့ ခန့်မှန်းရပါတယ်။

Galaxy M-Series ဟာ J-Series ထက် အဆင့်မြင့်ပြီး ဘက်ဂျက်စမတ်ဖုန်း စျေးကွက်ကို ယှဉ်ပြိုင်မှာပါ။

Ref: Gizmo China