Zawgyi Font Version



>>Google Wallpapers<<




Unicode Version

ဒီနေ့မှာပဲ Pixel 3 မှာအသုံးပြုမယ့် Live Wallpaper တွေပေါက်ကြားလို့လာပါတယ်။ Huawei ရဲ့ Mate 20 Pro လိုပဲ ပေါက်ကြားလာတဲ့ Firmware တွေထဲကနေတစ်ဆင့်ဖြည်ထုတ်ထားတာဖြစ်ပြီး Pixel 2 ရဲ့ Live Wallpaper တွေရော Pixel 3 မှာသုံးမယ့် Wallpaper အသစ်တွေရောပါဝင်လာပါတယ်။ အဆိုပါ Pixel 3 Live Wallpaper တွေကို Android 6.0 နဲ့အထက်ဖုန်းတွေမှာအသုံးပြုလို့ရပါတယ်။ Google ရဲ့ October 9 Event မတိုင်ခင် မိမိဖုန်းပေါ်မှာ Pixel 3 Live Wallpaper တွေတင်ပြီး လန်းနိုင်ပါပြီ။

Wallpaper ပေါင်း နှစ်ဆယ့်ရှစ်မျိုးကို “Come Alive” နဲ့ “Living Universe” ဆိုပြီးအမျိုးအစားနှစ်ခုခွဲခြားထားပါတယ်။ Pixel 2 Wallpaper တွေလိုပဲ သီချင်းသံစဉ်တွေ Touch တွေပေါ်လိုက်ပြီး Wallpaper ထဲကအရာလေးတွေကပြောင်းလဲနေမှာမို့ အရမ်းကိုလန်းပါတယ်။ Xiaomi, Huawei, Samsung နဲ့ Oppo, Vivo ဖုန်းအသုံးပြုသူတွေကတော့ Google Wallpapers လေးကိုအရင်ဒေါင်းရမှာဖြစ်ပြီး Google Wallpapers ထဲကနေမှ တစ်ဆင့် ဝင်ပြောင်းနိုင်ပါတယ်။ ကိုယ့် Device ရဲ့ သက်ဆိုင်ရာ Android Version အလိုက် အောက်မှာ ဒေါင်းပေးပါ။ Google Wallpaper ကိုလည်းအောက်မှာပေးထားပါတယ်။ အဆင်မပြေတာရှိရင် Comment နဲ့ CB မှာလာရောက်မေးမြန်းနိုင်ပါတယ်။

>>Google Wallpapers<<

>>>Pixel 3 Wallpapers for Android 6.0 to 7.1<<<

>>>Pixel 3 Wallpapers for Android 8.0 & 8.1

>>>Pixel 3 Wallpapers for Android 9<<<