Google Assistant ဟာ လက်ရှိ Android Version 6.0 နဲ့ အထက်ဖုန်းတွေမှာ ယခင်တုန်း Google ရဲ့ Voice Assistant ဖြစ်တဲ့ Google Now အစားထိုးဝင်ရောက်လာတဲ့ Digital Assistant တစ်ခုဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Google ကနေ Google Assistant ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်လျက်ရှိနေပြီး အခုဆိုရင် အကောင်းဆုံးသော Digital Assistant လို့တောင်ပြောလို့ရနေပြီဖြစ်ပါတယ်။ Google ကိုယ်တိုင်ကလည်း Google Assistant ကို အခြားသော Android TV လိုမျိုး Service တွေ၊ Google Chromebook တွေမှာပါ အသုံးပြုနိုင်အောင်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

ဒါပေမယ့် Google က Assistant ကို ထည့်သွင်းပေးဖို့ ကျန်ခဲ့တဲ့အရာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Tablet တွေပါ။ Google Assistant အနေနဲ့ စမတ်ဖုန်းတွေမှာ ရရှိနေတာကြာပြီဆိုပေမယ့် Tablet တွေမှာတော့ Android Version ကိုက်ညီရင်တောင် အသုံးမပြုနိုင်ခဲ့တာပါ။

အဲ့ဒီအတွက် Google ကနေ အခုမှ Android Version 6.0 နဲ့ အထက် Android Tablets တွေကို Google Assistant Update ကိုထုတ်ပေးမယ်လို့ ကြေငြာခဲ့ပြီး အခုအချိန်ကစပြီး Google Service ကို Update လုပ်လိုက်ရင် အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။