လူအများစုက Facebook အကောင့်ကို အပြီးတိုင် ဖျက်ပစ်တာ၊ Deactivate လုပ်တာတွေကို သိကြပါတယ်။ Deactivate လုပ်ရင် သင့် Facebook အကောင့်ကို ခဏ ဖျက်လိုက်တာ ဖြစ်ပြီး အချိန်မရွေး ပြန်သုံးနိုင်ပါတယ်။

ဒါပေမယ့် သင့် Facebook အကောင့်ကို Deactivate လုပ်လိုက်ရင် သင့် Facebook Messenger အကောင့်ကတော့ Deactivate ဖြစ်သွားတာ မဟုတ်ပါဘူး။ အခုခေတ်ကာလမှာ သင့် Facebook Messenger က ဒေတာတွေ အစစ်ဆေးမခံရအောင် Deactivate လုပ်နည်းကို ပြောပြချင်ပါတယ်။

Messenger ကို Deactivate မလုပ်ခင်မှာ အရင်ဆုံး သင့် Facebook အကောင့်ကို Deactivate လုပ်ရမှာပါ။ Facebook အကောင့်ကို Deactivate လုပ်နည်းကို အားလုံးသိကြမှာပါ။ အဲဒီအတွက် Messenger ကို Deactivate လုပ်နည်းကိုပဲ ပြောပြလိုက်ပါတယ်။

  1. Messenger App ကို ဖွင့်ပါ။
  2. ဘယ်ဘက်အပေါ်ထိပ်က သင့် ပရိုဖိုင် ဓါတ်ပုံကို နှိပ်ပါ။
  3. အောက်ကို ဆင်းသွားပြီး Legal and Policies ကို ရွေးပေးပါ။
  4. နောက်ပေါ်လာတဲ့ စာမျက်နှာမှာ Deactivate Messenger ကို နှိပ်ပါ။
  5. သင့် Password ထည့်ပေးပြီး Continue ကို နှိပ်ပါ။

ဒါဆိုရင် Messenger ကို Deactivate လုပ်ပြီးပါပြီ။ Reactivate လုပ်ချင်ရင် Messenger App ကို ဖွင့်ကာ သင့် Username နဲ့ Password ထည့်ပေးလိုက်ရင် ပြန်သုံးလို့ရပါပြီ။

Messenger ကို Deactivate လုပ်ရင် ဘာဖြစ်မလဲ?

Messenger ကို Deactivate လုပ်ရင် တခြား သူတွေရဲ့ Messenger App မှာ သင့် ပရိုဖိုင်ကို မြင်ရမှာမဟုတ်သလို သင်နဲ့စကားပြောနေကြသူတွေကလည်း သင့်ထံ စာပို့လို့ မရတော့ပါဘူး။

Messenger ကို Reactivate လုပ်ရင် သင့် Facebook အကောင့်ကိုပါ Reactivate လုပ်လိုက်မှာကို သတိပြုပါ။ Messenger တစ်ခုထဲကို ပြန်သုံးချင်ရင် Facebook ကို Deactivate ပြန်လုပ်ရမှာပါ။

နောက်တစ်ခု မှတ်သားသင့်တာက သင့် Facebook အကောင့်ကို အပြီးတိုင် ဖျက်လိုက်ရင်တော့ Messenger ကိုပါ အပြီးတိုင် ဖျက်လိုက်မှာပါ။ Facebook ကို ဖျက်လိုက်ပြီး Messenger ကိုပဲ သုံးလို့ရမယ့် နည်းလမ်း မရှိသေးပါဘူး။

Ref : makeuseof