Android မှာ မိုဘိုင်း ဒေတာ ပြတ်တောက်သွားတဲ့ ပြဿနာတွေ တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်ရင် ဘယ်လို ပြုပြင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြချင်ပါတယ်။

APNs ကို Reset ချပါ။

Access Point Names (APNs) ဟာ သင့်ရဲ့ မိုဘိုင်း အင်တာနက် ကုမ္ပဏီက သင့် ဖုန်းနဲ့ မိုဘိုင်း အင်တာနက်ကို ဆက်သွယ်ပေးတာပါ။ အဲဒါက သင့်ဖုန်းရဲ့ IP Address နဲ့ Gateway တွေလို Settings တွေကို သတ်မှတ်ပေးထားတာပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ မှားယွင်းမှုတွေ ရှိတတ်တဲ့အတွက် Reset ချပေးရပါတယ်။

ဒီလိုလုပ်ဖို့အတွက် Settings -> Network & internet -> Mobile network -> Advanced -> Access Point Names ကို သွားပါ။

အဲဒီမှာ APNs စာရင်းကို တွေ့ရမှာ ဖြစ်ပြီး Menu Icon ကို နှိပ်ကာ “Reset to Default” ကို နှိပ်ပါ။

APN Protocol ကို iPv4/iPv6 သတ်မှတ်ပါ။

ဖုန်းတိုင်းရဲ့ APN Settings ထဲမှာ အဲဒီ Option မပါကြပါဘူး။ OnePlus 3 လို ဖုန်းတချို့မှာတော့ APN Protocol ကို ရွေးချယ်ခွင့်ပေးထားပါတယ်။ APN Protocol ဟာ iPv4/iPv6 ဖြစ်ရမှာပါ။

APN Settings ကို ကိုယ်တိုင် သတ်မှတ်ပါ။

Android Software Update တွေ တင်ပြီးရင် တစ်ခါတစ်လေ APN Settings တွေ ပြောင်းသွားတတ်ပါတယ်။ Standard Reset လုပ်လို့ မိုဘိုင်းဒေတာ မရသေးရင် သင် ကိုယ်တိုင် APN Address ကို သတ်မှတ်ပေးပါ။

  • အပေါ်မှာ ပြောထားသလို APN List ထဲသွားပြီး ညာဘက်ထိပ်က “+” Icon ကို နှိပ်ပါ။
  • APN သတင်းအချက်အလက်တွေကို ထည့်ပေးပါ။ သတင်းအချက်အလက်တွေ မသိရင် မိုဘိုင်း အော်ပရေတာရဲ့ ဝက်ဘ်ဆိုက်မှာ ကြည့်နိုင်ပါတယ်။
  • ပြီးရင်တော့ APN Settings ကို Save လုပ်ပြီး APN List ထဲက အဲဒီ APN ကို ရွေးပေးပါ။

Cache Partition ကို Wipe လုပ်ပါ။

ဖုန်းတွေမှာ App တွေရဲ့ ဒေတာတွေကို သိမ်းထားကြပါတယ်။ မလိုအပ်တော့တဲ့ ဒေတာတွေဟာ Cache အဖြစ် ရှိနေကြပါတယ်။ အဲဒီ Cache တွေဖုန်းမှာ ပြည့်နေရင်လည်း မိုဘိုင်း ဒေတာ ပြဿနာ တက်နိုင်ပါတယ်။ ဖုန်းတွေမှာ Cache တွေ ရှင်းပေးတဲ့ Cleaner တွေ ပါလာကြပြီး Cache နဲ့ မလိုအပ်တဲ့ ဒေတာတွေကို ဖျက်နိုင်ပါတယ်။

မှန်ကန်တဲ့ Network Mode ကို သုံးပါ။

3G , 4G စသဖြင့် Network Mode တွေ ရှိပါတယ်။ သင့်ဖုန်းဟာ 4G ဖုန်း ဆိုရင် 4G Network Mode ကို ရွေးထားရမှာပါ။ Settings -> Network & Internet -> Mobile network -> Preferred network type မှာ မှန်ကန်တဲ့ Network Mode ကို ရွေးပေးပါ။

SIM Card ကို ဖြုတ်ပြီး ပြန်တပ်ပါ။

မိုဘိုင်း ဒေတာ မရတဲ့ နောက်ဖြစ်နိုင်ခြေတစ်ခုက SIM Card ဖြစ်ပါတယ်။ သင့် SIM Card ကို ဖြုတ်ပြီး ပြန်တပ်ကြည့်လိုက်ပါ။ ဒါမှ အဆင်မပြေသေးလို့ SIM Card မှာ ပြဿနာ ဖြစ်နေတာလား သိချင်ရင် တခြား SIM Card တစ်ခု ထည့်သုံးကြည့်ပါ။

မိုဘိုင်း ဒေတာ Limit လုပ်ထားသလား စစ်ဆေးပါ။

Android ဖုန်းတိုင်းမှာ မိုဘိုင်း ဒေတာကို Limit လုပ်ထားလို့ရတဲ့ Settings ပါပါတယ်။ အဲဒီလို လုပ်ထားမိရင်လည်း မိုဘိုင်း  ဒေတာ ပြဿတာတက်နိုင်ပါတယ်။ အဲဒါကို စစ်ဆေးဖို့အတွက် Settings -> Network & Internet -> Mobile network ထဲသွားပါ။ အဲဒီမှာ Set Data Limit ကို Off လုပ်ထားပါ။

Ref : maketecheasier