တစ်ခါတလေမှာ File Size ကြီးမားတဲ့ ဂိမ်းတွေ၊ ဗီဒီယိုတွေကို Download ပြုလုပ်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာစောင့်ရမလဲဆိုတာက အမြဲတမ်းအရေးပါတဲ့ကိစ္စတစ်ခုပါ။ တကယ်လို့ ကိုယ်က Internet လိုင်းမကောင်းတာ၊ ယူထားတဲ့ Wi-Fi Speed က သိပ်မကောင်းဘူးဆိုရင် Download ဆွဲနေတဲ့အချိန်မှာ တခြားသော Social Media သုံးတာနဲ့ Video ကြည့်တဲ့အချိန်မှာပါ လိုင်းမကောင်းတာမျိုးဖြစ်နိုင်ပါတယ်။

ဒီလိုမျိုးအချိန်မှာ ကိုယ် Download ပြုလုပ်ထားတဲ့ File တွေက ဘယ်အချိန်မှာ ပြီးမလဲဆိုတာကို အတိအကျတွက်ပေးနိုင်တဲ့ Website လေးတစ်ခုရှိပါတယ်။ ဒါကတော့ www.downloadtimecalculator.com လို့ အမည်ရတဲ့ Website တစ်ခုဖြစ်ပါတယ်။

အဆိုပါ Website ထဲကို ဝင်လိုက်တာနဲ့ အသုံးပြုရတာရိုးရှင်းပြီး အဓိကအနေနဲ့ ကိုယ့်ရဲ့ Internet Speed နဲ့ Download ပြုလုပ်ချင်တဲ့ File Size ကို ထည့်သွင်းပေးဖို့ပဲ လိုအပ်မှာပါ။ တကယ်လို့ ကိုယ့် Internet Speed က ဘယ်လောက်ရှိသလဲဆိုတာကို မသိလို့ စစ်ဆေးချင်တယ်ဆိုရင်လည်း “I don’t know my internet speed” ဆိုတာကို နှိပ်လိုက်တာနဲ့ Speed Test Website ထဲကို ရောက်ရှိသွားမှာဖြစ်တဲ့အတွက် အလွယ်တကူစစ်ဆေးနိုင်မှာပါ။

အခုလိုမျိုး ကိုယ့် Internet Speed နဲ့ Download ပြုလုပ်ချင်တဲ့ File Size ကို ထည့်သွင်းပြီးပြီဆိုရင်တော့ Calculate ကို နှိပ်လိုက်တာနဲ့ အချိန်ဘယ်လောက်ကြာကြာ Download ပြုလုပ်ရမလဲဆိုတာကို တွက်ချက်ပေးမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Download Speed အနေနဲ့ ဘယ်လောက်နဲ့ Download ပြုလုပ်ပေးမယ်ဆိုတာကိုပါ ဖော်ပြပေးထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် File တစ်ခုကို Download ပြုလုပ်ဖို့အချိန်ဘယ်လောက်ပေးရမလဲဆိုတာကို သိရှိချင်တဲ့သူတွေအတွက်ကတော့ အခု Website ကအသုံးဝင်မှာဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ကိုယ့် Internet Speed ကို ကိန်းသေထားပြီး တွက်ချက်တာဖြစ်တာကြောင့် Download ပြုလုပ်နေတုန်း လိုင်းကျသွားရင်တော့ အချိန်ပိုပေးရမှာဖြစ်ပါတယ်။

Ref – Download Time Calculator