Google Photos ဟာ ဓါတ်ပုံတွေ သိမ်းနိုင်တဲ့ အကောင်းဆုံး ဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပြီး လုပ်ဆောင်ချက်တွေကလည်း မိုက်ပါတယ်။ အသုံးပြုရတာ လွယ်ကူပြီး Editing စွမ်းရည်က မြင့်မားပါတယ်။ ဒါ့အပြင် Google က Gmail က ဓါတ်ပုံတွေကို Google Photos မှာ သိမ်းနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

ဒါပေမယ့် တစ်ခုမှတ်ထားရမှာက လက်ရှိမှာ Google က JPEG ဓါတ်ပုံတွေကိုပဲ သိမ်းဆည်းနိုင်အောင်ပြုလုပ်ပေးထားတာပါ။

Gmail က ဓါတ်ပုံတွေကို Google Photos မှာ သိမ်းဆည်းနည်း

၁။ Gmail ကို သွားပြီး JPEG ဓါတ်ပုံ ပါတဲ့ အီးမေးကို ရှာပါ။

၂။ အီးမေးကို ဖွင့်ပြီး Attachment ဆီသွားပါ။

၃။ ဓါတ်ပုံပေါ် Mouse Cursor တင်ပြီး Save to Photos ကို နှိပ်ပါ။

၄။ နောက်တစ်ဆင့်မှာ Save ကို ရွေးပါ။

၅။ ဒါဆိုရင် ဓါတ်ပုံရဲ့ ကော်ပီ တစ်ခုကို Google Photos မှာ သိမ်းပေးမှာပါ။

Photo Preview ကနေ ဓါတ်ပုံတွေကို Google Photos မှာ သိမ်းဆည်းနည်း

၁။ JPEG Attachment ပါတဲ့ အီးမေးကို ဖွင့်ပါ။

၂။ ဓါတ်ပုံကို တစ်ချက်နှိပ်ပြီး ညာဘက်ထိပ်က Three-dot Menu ကို နှိပ်ပါ။

၃။ Save to Photos ကို နှိပ်ပြီး နောက်အဆင့်မှာ Save ကို ရွေးပေးပါ။

Ref : makeuseof